ဗင်နီဇွဲလားကမ်းလွန်ရှိ ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်ဖမ်းဆီးထိန်းသိမ်း

85

Pika (NP News) - ဒီဇင်ဘာ ၁၄
ဗင်နီဇွဲလားကမ်းလွန်တွင်ရှိသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။ဗင်နီဇွဲလားကမ်းလွန်ရှိ ရေနံတင် သင်္ဘောကို အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းမှုသည် ရေနံဈေးနှုန်းများကို ပိုမိုမြင့်တက်လာ စေနိုင်ပြီး အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံကြား တင်းမာမှုများ ပိုမိုမြင့်တက်လာစေနိုင်ဖွယ်ရှိနေကြောင်းသိရသည်။
ဒေါ်နယ်ထရမ့်က ‘ဗင်နီဇွဲလားကမ်းလွန် မှာရှိတဲ့ ကြီးမားတဲ့ရေနံတင်သင်္ဘောတစ်စင်းကို ကျွန်တော်တို့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်’ဟုပြောဆိုခဲ့သည်။ အဆိုပါရေနံတင်သင်္ဘောသည် ပိတ်ဆို့အရေး ယူမှုခံထားရသော ဗင်နီဇွဲလားနှင့်အီရန်တို့မှ ရေနံများကိုသယ်ယူပို့ဆောင်ရန်အတွက် အသုံးပြုနေသည့် သင်္ဘောတစ်စင်းဖြစ်ကြောင်း အမေရိကန်ရှေ့ နေချုပ် ပမ်ဘွန်ဒီကပြောကြားခဲ့သည်။
ပမ်ဘွန်ဒီက ‘နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့မှုတွေလုပ်ဆောင်နေတဲ့ တရားမဝင်ရေနံ တင်ပို့မှု ကွန်ရက်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ အဲဒီရေနံတင်သင်္ဘောကို အမေရိကန်က နှစ်ပေါင်းများစွာကြာအောင် ပိတ်ဆို့ အရေးယူထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီရေနံတင်သင်္ဘောကို ဖမ်းဆီးထိန်း သိမ်းမှုကို ဗင်နီဇွဲလားကမ်းလွန်မှာ လုပ်ဆောင် ခဲ့တာပါ’ဟုပြောဆိုခဲ့သည်။ ကာရေဘီယံဒေသတွင် လေယာဉ်တင်သင်္ဘော၊ တိုက်လေယာဉ်များနှင့် ထောင် နှင့်ချီသော တပ်ဖွဲ့များအပါအဝင် ကြီးမားသောစစ်ရေး တည်ဆောက်မှုကိုအရှိန်မြှင့်တင်ရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့ပြီးနောက် ရက် အနည်းငယ်အကြာတွင် ယခုလိုသိမ်းယူမှုများထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါစစ်ဆင်ရေးကို အမေရိကန်ကမ်း ခြေစောင့်တပ်ဖွဲ့ကဦးဆောင်ခဲ့ကြောင်း အမည်မဖော် လိုသည့် အမေရိကန်အရာရှိသုံးဦးက ထုတ်ဖော်ပြော ဆိုခဲ့သော်လည်း အဆိုပါရေနံတင်သင်္ဘောတွင် မည် သည့်အလံကို လွှင့်ထူထားသနည်းဆိုသည့်အချက်နှင့် မည်သည့်နေရာတွင်ဖမ်းဆီးခဲ့သည်ဆိုသည့်အချက်တို့ကို ထုတ်ဖော်ပြော ဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဗင္နီဇြဲလားကမ္းလြန္ရွိ ေရနံတင္သေဘၤာတစ္စင္းကို အေမရိကန္ဖမ္းဆီးထိန္းသိမ္း
Pika (NP News) - ဒီဇင္ဘာ ၁၄
ဗင္နီဇြဲလားကမ္းလြန္တြင္ရွိေသာ ေရနံတင္သေဘၤာတစ္စင္းကို အေမရိကန္ ကမ္းေျခေစာင့္ တပ္ဖြဲ႕က ဖမ္းဆီး ထိန္းသိမ္းခဲ့ေၾကာင္း အေမရိကန္ သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ဗင္နီဇြဲလားကမ္းလြန္ရွိ ေရနံတင္ သေဘၤာကို အေမရိကန္ကမ္းေျခေစာင့္တပ္ဖြဲ႕၏ ဖမ္းဆီးထိန္းသိမ္းမႈသည္ ေရနံေဈးႏႈန္းမ်ားကို ပိုမိုျမင့္တက္လာ ေစႏိုင္ၿပီး အေမရိကန္ႏွင့္ ဗင္နီဇြဲလားႏိုင္ငံၾကား တင္းမာမႈမ်ား ပိုမိုျမင့္တက္လာေစႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္။
ေဒၚနယ္ထရမ့္က ‘ဗင္နီဇြဲလားကမ္းလြန္ မွာရွိတဲ့ ႀကီးမားတဲ့ေရနံတင္သေဘၤာတစ္စင္းကို ကြၽန္ေတာ္တို႔ ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္’ဟုေျပာဆိုခဲ့သည္။ အဆိုပါေရနံတင္သေဘၤာသည္ ပိတ္ဆို႔အေရး ယူမႈခံထားရေသာ ဗင္နီဇြဲလားႏွင့္အီရန္တို႔မွ ေရနံမ်ားကိုသယ္ယူပို႔ေဆာင္ရန္အတြက္ အသုံးျပဳေနသည့္ သေဘၤာတစ္စင္းျဖစ္ေၾကာင္း အေမရိကန္ေရွ႕ ေနခ်ဳပ္ ပမ္ဘြန္ဒီကေျပာၾကားခဲ့သည္။
ပမ္ဘြန္ဒီက ‘ႏိုင္ငံျခားအၾကမ္းဖက္အဖြဲ႕အစည္းေတြကို ေထာက္ပံ့မႈေတြလုပ္ေဆာင္ေနတဲ့ တရားမဝင္ေရနံ တင္ပို႔မႈ ကြန္ရက္မွာ ပါဝင္ပတ္သက္ခဲ့တဲ့ အဲဒီေရနံတင္သေဘၤာကို အေမရိကန္က ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ပိတ္ဆို႔ အေရးယူထားခဲ့တာ ျဖစ္ပါတယ္။ အဲဒီေရနံတင္သေဘၤာကို ဖမ္းဆီးထိန္း သိမ္းမႈကို ဗင္နီဇြဲလားကမ္းလြန္မွာ လုပ္ေဆာင္ ခဲ့တာပါ’ဟုေျပာဆိုခဲ့သည္။ ကာေရဘီယံေဒသတြင္ ေလယာဥ္တင္သေဘၤာ၊ တိုက္ေလယာဥ္မ်ားႏွင့္ ေထာင္ ႏွင့္ခ်ီေသာ တပ္ဖြဲ႕မ်ားအပါအဝင္ ႀကီးမားေသာစစ္ေရး တည္ေဆာက္မႈကိုအရွိန္ျမႇင့္တင္ရန္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့ၿပီးေနာက္ ရက္ အနည္းငယ္အၾကာတြင္ ယခုလိုသိမ္းယူမႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။
အဆိုပါစစ္ဆင္ေရးကို အေမရိကန္ကမ္း ေျခေစာင့္တပ္ဖြဲ႕ကဦးေဆာင္ခဲ့ေၾကာင္း အမည္မေဖာ္ လိုသည့္ အေမရိကန္အရာရွိသုံးဦးက ထုတ္ေဖာ္ေျပာ ဆိုခဲ့ေသာ္လည္း အဆိုပါေရနံတင္သေဘၤာတြင္ မည္ သည့္အလံကို လႊင့္ထူထားသနည္းဆိုသည့္အခ်က္ႏွင့္ မည္သည့္ေနရာတြင္ဖမ္းဆီးခဲ့သည္ဆိုသည့္အခ်က္တို႔ကို ထုတ္ေဖာ္ေျပာ ဆိုခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္း သိရသည္။