မဲပေးသည်ဟု ဆိုရာဝယ် (ရွေးကောက်ပွဲနှင့် အယ်ဒီတာ့အာဘော်)

116

၂၃.၁၂.၂၀၂၅
လာမည့် ဒီဇင်ဘာ (၂၈) ရက်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၏ အပိုင်း(၁)ကို စတင်ကျင်းပတော့မည်ဖြစ်သည်။ တနည်းဆိုရသော် ပြည်သူရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ်ပေါ်ပေါက်ရေးအတွက် ကနဦး လုပ်ငန်းစဉ်လည်းဖြစ်သည်။ ထို့အတွက်ကြောင့် ပြည်သူများအနေဖြင့် မိမိလိုချင်သော ကိုယ်စားလှယ်၊ မိမိလိုချင်သော အစိုးရတစ်ရပ်ကို ရရှိစေရန်အတွက် မဖြစ်မနေ မဲပေးကြရန်လိုပါသည်။ ဤစာစုတွင် မည်သည့်ပါတီကို မဲပေးရမည်ကို တင်ပြသွားမည်မဟုတ်ဘဲ မည်သို့သော ကိုယ်စားလှယ်လောင်းကို မဲပေးရမည်ဆိုသည်ကို ဆွေးနွေးတင်ပြသွားမည် ဖြစ်ပါသည်။
မဲဆန္ဒရှင် ပြည်သူတစ်ဦးအနေဖြင့် အခြေခံအားဖြင့် ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွက် ဆန္ဒမဲ (၃) မဲ ပေးရမည်ဖြစ်ပါသည်။ သို့သော် တိုင်းရင်းသားဖြစ်မည်ဆိုလျှင် မိမိနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် မိမိနှင့် သက်ဆိုင်သော တိုင်းရေးသားရေးရာဝန်ကြီးနေရာ ကိုယ်စားလှယ်ပါလျှင် ဆန္ဒမဲ (၄) မဲပေးရမည်ဖြစ်သည်။
ထိုသို့ မဲပေးကြရာတွင် မည်သည့် ကိုယ်စားလှယ်ကို မည်သို့ရွေးချယ်မဲပေးရမည်ဆိုသည်ကို အကြံပြုဆွေးနွေးလိုပါသည်။
ဦးစွာ အမျိုးသားလွတ်တော် ကိုယ်စားလှယ်ကို မည်သို့ရွေးချယ်ရမည်ကို တင်ပြလိုပါသည်။ အမျိုးသားလွတ်တော်ဆိုသည်မှာ သက်ဆိုင်ရာ မြို့နယ်အများစုကို ကိုယ်စားပြု၍ ပြည်ထောင်စုအဆင့်တွင် အကြမ်းဖျင်းအားဖြင့် ဥပဒေရေးဆွဲရေး၊ ပြင်ဆင်ရေး၊ အတည်ပြုရေးများ လုပ်ဆောင်ရသူများဖြစ်သည့် အပြင် နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများကိုပါရွေးချယ်တင်မြှောက်ရသူများဖြစ်သည့်အတွက် အတွေ့အကြုံနှင့် တိုင်းပြုပြည်ပြုအရည်အချင်းရှိပြီး တိုင်းပြည်မျက်နှာကြည့်ပြီး အလုပ်လုပ်နိုင်သူများကိုသာ အဓိကထားရွေးချယ်မဲပေးနိုင်ရန်လိုပါသည်။
ပြည်သူ့လွှတ်တော်အတွက် ဆိုပါလျှင်မူ မြို့နယ် တစ်မြို့နယ်တည်းကိုသာ ကိုယ်စားပြုသူဖြစ်သော်လည်း ပြည်ထောင်စုအဆင့်တွင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနည်းတူ ဥပဒေရေးဆွဲရေး၊ ပြင်ဆင်ရေး၊ အတည်ပြုရေးများ လုပ်ဆောင်ရသူများဖြစ်သည့် အပြင် နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများကိုပါရွေးချယ်တင်မြှောက်ရသူများဖြစ်သည်သာမက မိမိကိုယ်စားပြုရာမြို့နယ်အတွက်ကိုပါ လိုအပ်သောအဆိုများ၊ မေးခွန်းများကိုပါ အမြဲတစေ တင်ပြဆွေးနွေးမေးမြန်း နိုင်သူများကိုပါ ရွေးချယ်သင့်ပါသည်။
အထက်ပါ လွှတ်တော်နှစ်ရပ်လုံးမှ ကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်ရာတွင် ၎င်းတို့၏ တိုင်းကျိုးပြည်ပြု အရည်အချင်းများကို ကြိုတင်စနည်းနာထားဖို့လိုသလို ထိုသူများအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေက အစ၊ ရသုံးမှန်းခြေငွေစာရင်းအလယ်၊ ရပ်ကျေးအုပ်ချုပ်ချုပ်ရေးမှူး ဥပဒေအဆုံး စေ့ငုနားလည်ထားသူများဖြစ်ဖို့လိုပါသည်။
အဆိုပါလွတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မတူဘဲ မြို့နယ်နှင့် ရပ်ရွာအတွက် အထူးအရေးပါသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွတ်တော် ကိုယ်စားလှယ် လောင်းများရွေးချယ်ြခင်းနှင့် ပတ်သက်ပြီး ဆက်လက်ဆွေးနွေးချင်ပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဆိုသည်မှာ မိမိ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွက် လိုအပ်သည့် ဥပဒေရေးဆွဲရေး၊ ပြင်ဆင်ရေး၊ အတည်ပြုရေးများ လုပ်ဆောင်ရသူများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကို အပြန်အလှန် ထိန်းကျောင်းခြင်းများ ပြုလုပ်ရသည့် အပြင် မိမိမြို့နယ်၊ မြို့နယ်အတွင်းရှိ ရပ်ရွာများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ အစိုးရများထံ တင်ပြတောင်းဆိုနိုင်သူများ ဖြစ်ဖို့လိုပါသည်။ မဲဆန္ဒရှင်များအနေဖြင့် မိမိမဲပေးမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွတ်တော် ကိုယ်စားလှယ်လောင်းသည် မိမိမြို့နယ်အကြောင်းကို မည်မျှ သိရှိသည်၊ ရပ်ကွက်သူ ရပ်ကွက်သားများနှင့် လက်ရည်တပြင်တည်းရှိမရှိ၊ မိမိမြို့နယ် ရပ်ကွက်အကျိုးကို ကိုယ်ကျိုးမဖက် အမှန်တကယ်လုပ်နိုင်စွမ်းရှိမရှိဆိုသည်ကိုသာ အဓိကထားရွေးချယ်နိုင်ရန် အထူးလိုအပ်ပါသည်။
အချုပ်ဆိုရလျှင် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ပါတီစွဲ ပုဂ္ဂိုလ်ကင်းစွာဖြင့် မိမိနိုင်ငံ၊ မိမိမြို့နယ်ကောင်းကျိုးကို အမှန်တကယ် အားတက်သရော ဖော်ဆောင်လုပ်ကိုင်နိုင်မည့် ကိုယ်စားလှယ်ကို ရွေးချယ်နိုင်ဖို့ အထူးလိုအပ်ပါသည်။
အနာဂတ်တွင် လွှတ်တော်၊ အစိုးရ ၊ ပြည်သူ သုံးပွင့်ဆိုင် အပြန်အလှန် အကျိုးပြုနိုင်ရန် အလို့ငှာ မိမိတို့ပေးလိုက်သည့် မဲတစ်ပြား( နှိပ်လိုက်သည့် ခလုပ်တစ်ချက်) ကသာ စကားပြောလိမ့်မည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရှေ့လွှတ်တော်အဆက်ဆက်တို့ မပြဌာန်းခဲ့သည့် (Right To Recall)ဆိုသည့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခွင့် ဥပဒေ မရှိသေးသည့်အတွက် မိမိတို့ရွေးချယ်မှုသည် တိုင်းပြည်နှင့် နိုင်ငံသားများအတွက် ဖွံ့ဖြိုးတောက်ပသည့် (၅) နှစ် ဖြစ်လာနိုင်သလို မဲမှောင်ဆုတ်ယုတ်သည့် (၅) နှစ်လည်း ဖြစ်သွားနိုင်သည်ကို ကြီးစွာ သတိပြု၍ မိမိတို့နှင့် ထိုက်တန်သည့် အစိုးရတစ်ရပ်ကို ရစေရန် မဲရုံသို့ သွားစေလိုပါသည်ဟု NP News သတင်းဌာနမှ တိုက်တွန်းလိုခြင်းပင် ဖြစ်ပါသည်။

Zawgyi Version:
မဲေပးသည္ဟု ဆိုရာဝယ္
(ေ႐ြးေကာက္ပြဲႏွင့္ အယ္ဒီတာ့အာေဘာ္)
၂၃.၁၂.၂၀၂၅
လာမည့္ ဒီဇင္ဘာ (၂၈) ရက္တြင္ ၂၀၂၅ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲႀကီး၏ အပိုင္း(၁)ကို စတင္က်င္းပေတာ့မည္ျဖစ္သည္။ တနည္းဆိုရေသာ္ ျပည္သူေ႐ြးခ်ယ္တင္ေျမႇာက္သည့္ အစိုးရတစ္ရပ္ေပၚေပါက္ေရးအတြက္ ကနဦး လုပ္ငန္းစဥ္လည္းျဖစ္သည္။ ထို႔အတြက္ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ မိမိလိုခ်င္ေသာ ကိုယ္စားလွယ္၊ မိမိလိုခ်င္ေသာ အစိုးရတစ္ရပ္ကို ရရွိေစရန္အတြက္ မျဖစ္မေန မဲေပးၾကရန္လိုပါသည္။ ဤစာစုတြင္ မည္သည့္ပါတီကို မဲေပးရမည္ကို တင္ျပသြားမည္မဟုတ္ဘဲ မည္သို႔ေသာ ကိုယ္စားလွယ္ေလာင္းကို မဲေပးရမည္ဆိုသည္ကို ေဆြးေႏြးတင္ျပသြားမည္ ျဖစ္ပါသည္။
မဲဆႏၵရွင္ ျပည္သူတစ္ဦးအေနျဖင့္ အေျခခံအားျဖင့္ ျပည္သူ႔လႊတ္ေတာ္ ၊ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအတြက္ ဆႏၵမဲ (၃) မဲ ေပးရမည္ျဖစ္ပါသည္။ သို႔ေသာ္ တိုင္းရင္းသားျဖစ္မည္ဆိုလွ်င္ မိမိေနသည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တြင္ မိမိႏွင့္ သက္ဆိုင္ေသာ တိုင္းေရးသားေရးရာဝန္ႀကီးေနရာ ကိုယ္စားလွယ္ပါလွ်င္ ဆႏၵမဲ (၄) မဲေပးရမည္ျဖစ္သည္။
ထိုသို႔ မဲေပးၾကရာတြင္ မည္သည့္ ကိုယ္စားလွယ္ကို မည္သို႔ေ႐ြးခ်ယ္မဲေပးရမည္ဆိုသည္ကို အႀကံျပဳေဆြးေႏြးလိုပါသည္။
ဦးစြာ အမ်ိဳးသားလြတ္ေတာ္ ကိုယ္စားလွယ္ကို မည္သို႔ေ႐ြးခ်ယ္ရမည္ကို တင္ျပလိုပါသည္။ အမ်ိဳးသားလြတ္ေတာ္ဆိုသည္မွာ သက္ဆိုင္ရာ ၿမိဳ႕နယ္အမ်ားစုကို ကိုယ္စားျပဳ၍ ျပည္ေထာင္စုအဆင့္တြင္ အၾကမ္းဖ်င္းအားျဖင့္ ဥပေဒေရးဆြဲေရး၊ ျပင္ဆင္ေရး၊ အတည္ျပဳေရးမ်ား လုပ္ေဆာင္ရသူမ်ားျဖစ္သည့္ အျပင္ ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယ သမၼတမ်ားကိုပါေ႐ြးခ်ယ္တင္ေျမႇာက္ရသူမ်ားျဖစ္သည့္အတြက္ အေတြ႕အႀကဳံႏွင့္ တိုင္းျပဳျပည္ျပဳအရည္အခ်င္းရွိၿပီး တိုင္းျပည္မ်က္ႏွာၾကည့္ၿပီး အလုပ္လုပ္ႏိုင္သူမ်ားကိုသာ အဓိကထားေ႐ြးခ်ယ္မဲေပးႏိုင္ရန္လိုပါသည္။
ျပည္သူ႔လႊတ္ေတာ္အတြက္ ဆိုပါလွ်င္မူ ၿမိဳ႕နယ္ တစ္ၿမိဳ႕နယ္တည္းကိုသာ ကိုယ္စားျပဳသူျဖစ္ေသာ္လည္း ျပည္ေထာင္စုအဆင့္တြင္အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားနည္းတူ ဥပေဒေရးဆြဲေရး၊ ျပင္ဆင္ေရး၊ အတည္ျပဳေရးမ်ား လုပ္ေဆာင္ရသူမ်ားျဖစ္သည့္ အျပင္ ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယ သမၼတမ်ားကိုပါေ႐ြးခ်ယ္တင္ေျမႇာက္ရသူမ်ားျဖစ္သည္သာမက မိမိကိုယ္စားျပဳရာၿမိဳ႕နယ္အတြက္ကိုပါ လိုအပ္ေသာအဆိုမ်ား၊ ေမးခြန္းမ်ားကိုပါ အၿမဲတေစ တင္ျပေဆြးေႏြးေမးျမန္း ႏိုင္သူမ်ားကိုပါ ေ႐ြးခ်ယ္သင့္ပါသည္။
အထက္ပါ လႊတ္ေတာ္ႏွစ္ရပ္လုံးမွ ကိုယ္စားလွယ္ေလာင္းမ်ားကို မဲေပးေ႐ြးခ်ယ္ရာတြင္ ၎တို႔၏ တိုင္းက်ိဳးျပည္ျပဳ အရည္အခ်င္းမ်ားကို ႀကိဳတင္စနည္းနာထားဖို႔လိုသလို ထိုသူမ်ားအေနျဖင့္လည္း ဖြဲ႕စည္းပုံအေျခခံဥပေဒက အစ၊ ရသုံးမွန္းေျခေငြစာရင္းအလယ္၊ ရပ္ေက်းအုပ္ခ်ဳပ္ခ်ဳပ္ေရးမႉး ဥပေဒအဆုံး ေစ့ငုနားလည္ထားသူမ်ားျဖစ္ဖို႔လိုပါသည္။
အဆိုပါလြတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ မတူဘဲ ၿမိဳ႕နယ္ႏွင့္ ရပ္႐ြာအတြက္ အထူးအေရးပါသည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ လြတ္ေတာ္ ကိုယ္စားလွယ္ ေလာင္းမ်ားေ႐ြးခ်ယ္ျခင္းႏွင့္ ပတ္သက္ၿပီး ဆက္လက္ေဆြးေႏြးခ်င္ပါသည္။
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ လြတ္ေတာ္ ကိုယ္စားလွယ္ ဆိုသည္မွာ မိမိ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အတြက္ လိုအပ္သည့္ ဥပေဒေရးဆြဲေရး၊ ျပင္ဆင္ေရး၊ အတည္ျပဳေရးမ်ား လုပ္ေဆာင္ရသူမ်ား၊ သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အစိုးရမ်ားကို အျပန္အလွန္ ထိန္းေက်ာင္းျခင္းမ်ား ျပဳလုပ္ရသည့္ အျပင္ မိမိၿမိဳ႕နယ္၊ ၿမိဳ႕နယ္အတြင္းရွိ ရပ္႐ြာမ်ား၏ လိုအပ္ခ်က္မ်ားကို သက္ဆိုင္ရာ အစိုးရမ်ားထံ တင္ျပေတာင္းဆိုႏိုင္သူမ်ား ျဖစ္ဖို႔လိုပါသည္။ မဲဆႏၵရွင္မ်ားအေနျဖင့္ မိမိမဲေပးမည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ လြတ္ေတာ္ ကိုယ္စားလွယ္ေလာင္းသည္ မိမိၿမိဳ႕နယ္အေၾကာင္းကို မည္မွ် သိရွိသည္၊ ရပ္ကြက္သူ ရပ္ကြက္သားမ်ားႏွင့္ လက္ရည္တျပင္တည္းရွိမရွိ၊ မိမိၿမိဳ႕နယ္ ရပ္ကြက္အက်ိဳးကို ကိုယ္က်ိဳးမဖက္ အမွန္တကယ္လုပ္ႏိုင္စြမ္းရွိမရွိဆိုသည္ကိုသာ အဓိကထားေ႐ြးခ်ယ္ႏိုင္ရန္ အထူးလိုအပ္ပါသည္။
အခ်ဳပ္ဆိုရလွ်င္ မဲဆႏၵရွင္ ျပည္သူမ်ားအေနျဖင့္ ပါတီစြဲ ပုဂၢိဳလ္ကင္းစြာျဖင့္ မိမိႏိုင္ငံ၊ မိမိၿမိဳ႕နယ္ေကာင္းက်ိဳးကို အမွန္တကယ္ အားတက္သေရာ ေဖာ္ေဆာင္လုပ္ကိုင္ႏိုင္မည့္ ကိုယ္စားလွယ္ကို ေ႐ြးခ်ယ္ႏိုင္ဖို႔ အထူးလိုအပ္ပါသည္။
အနာဂတ္တြင္ လႊတ္ေတာ္၊ အစိုးရ ၊ ျပည္သူ သုံးပြင့္ဆိုင္ အျပန္အလွန္ အက်ိဳးျပဳႏိုင္ရန္ အလို႔ငွာ မိမိတို႔ေပးလိုက္သည့္ မဲတစ္ျပား( ႏွိပ္လိုက္သည့္ ခလုပ္တစ္ခ်က္) ကသာ စကားေျပာလိမ့္မည္ျဖစ္ပါသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ေရွ႕လႊတ္ေတာ္အဆက္ဆက္တို႔ မျပဌာန္းခဲ့သည့္ (Right To Recall)ဆိုသည့္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္မွ ျပန္လည္႐ုပ္သိမ္းခြင့္ ဥပေဒ မရွိေသးသည့္အတြက္ မိမိတို႔ေ႐ြးခ်ယ္မႈသည္ တိုင္းျပည္ႏွင့္ ႏိုင္ငံသားမ်ားအတြက္ ဖြံ႕ၿဖိဳးေတာက္ပသည့္ (၅) ႏွစ္ ျဖစ္လာႏိုင္သလို မဲေမွာင္ဆုတ္ယုတ္သည့္ (၅) ႏွစ္လည္း ျဖစ္သြားႏိုင္သည္ကို ႀကီးစြာ သတိျပဳ၍ မိမိတို႔ႏွင့္ ထိုက္တန္သည့္ အစိုးရတစ္ရပ္ကို ရေစရန္ မဲ႐ုံသို႔ သြားေစလိုပါသည္ဟု NP News သတင္းဌာနမွ တိုက္တြန္းလိုျခင္းပင္ ျဖစ္ပါသည္။