"When Life Gives You Tangerines" ဇာတ်ကားကြောင့် တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူကျွန်းခရီးသွား ဝင်ရောက်မှုမြင့်တက်လာ

78

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၅
Netflix K-drama ဖြစ်တဲ့ "When Life Gives You Tangerines" ရဲ့ကမ္ဘာလုံးဆိုင်ရာအောင်မြင်မှုနဲ့အတူ တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူကျွန်းဟာ နိုင်ငံရဲ့အခြားအဓိက မြို့ကြီးတွေထက်ကျော်လွန်ပြီး ၂ဝ၂၅ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်လည်ပတ်မှုအမြင့်ဆုံးနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။
ဂျယ်ဂျူကျွန်းတစ်ခုတည်းမှာတင် ခရီးသွားဧည့်သည်ဝင်ရောက်မှု ၁၇.၅ ရာခိုင်နှုန်း တိုးလာခဲ့တာဖြစ်ပြီး K Drama ရဲ့အောင်မြင်မှုအပြင် ၂ဝ၂၅ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး (Apec) နဲ့ ချိတ်ဆက်ထားတဲ့မြှင့်တင်ရေး ကြိုးပမ်းမှုတွေကလည်း ဒေသန္တရအစိုးရ ခရီးသွားလုပ်ငန်းအစီအစဉ် တွေမှာ လာရောက်လည်ပတ်မှုမြှင့်တင်ပေးဖို့ ကူညီပေးပါတယ်။ ဒီဇင်ဘာ ၂၁ ရက်က ကိုရီးယားယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဌာနရဲ့အဆိုအရ တောင်ကိုရီးယားကို လာရောက်လည်ပတ်သူအားလုံးမှာ ဂျယ်ဂျူးကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားခရီးသွား အချိုးအစားက ၂ဝ၂၅ ခုနှစ် သုံးလပတ်ဆက်တိုက် မြင့်တက်လာခဲ့ပြီး ပထမသုံးလ ပတ်မှာ ၈.၉ ရာခိုင်နှုန်း၊ ဒုတိယ သုံးလပတ်မှာ ၉ ရာခိုင်နှုန်းနဲ့ တတိယ သုံးလပတ်မှာ ၁၀.၅ ရာခိုင်နှုန်း အထိ ရောက်ရှိခဲ့ပါတယ်။ တတိယသုံးလပတ်ကိန်းဂဏန်းဟာ ၂ဝ၂၄ ခုနှစ် အလားတူကာလကထက် ဝ.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကျွန်းကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသွားဧည့်သည် စုစုပေါင်းအရေအတွက် ၁.၇၄ သန်းအထိ ရောက်ရှိခဲ့ပြီး ၂ဝ၂၄ ခုနှစ်ထက် ၁၇.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ။ ဒရာမာမှာ ပါဝင်ခဲ့တဲ့ကျွန်းရဲ့ရိုးရာအမျိုးသမီး ရေငုပ်သမတွေရဲ့ အသုံးအဆောင် နဲ့ သမိုင်းကြောင်းတွေကို အသားပေးဖော်ပြထားတဲ့ ဂျယ်ဂျူး ဟဲန်ယောပြတိုက်ဟာလည်း နိုဝင်ဘာလအထိ နိုင်ငံခြားဧည့်သည် ၅ဝ,ဝဝဝ နီးပါးအထိကို ဆွဲဆောင်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၅၈.၉ ရာခိုင်နှုန်း တိုးလာတယ်လို့ သိရပါတယ်။ ဂျယ်ဂျူးပြည်နယ်အစိုးရကလည်း ဒီတိုးတက်မှုဟာ K ဒရာမာ When Life Gives You Tangerines နဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။
When Life Gives You Tangerines ဟာ Netflix ပလက်ဖောင်းရဲ့အင်္ဂလိပ်မဟုတ်တဲ့ကမ္ဘာလုံးဆိုင်ရာ ရုပ်မြင်သံကြားအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးမှရပ်တည်ခဲ့ပြီး Blue Dragon Series Award, Seoul International Drama Award, Asia Artist Award, Baeksang Arts Awards ဆုတွေကို ဆွတ်ခူးရရှိခဲ့တဲ့ တောင်ကိုရီးယား ဒရာမာတစ်ခုဖြစ်ပါတယ်။

Zawgyi Version:
"When Life Gives You Tangerines" ဇာတ္ကားေၾကာင့္ ေတာင္ကိုရီးယားႏိုင္ငံ၊ ဂ်ယ္ဂ်ဴကြၽန္းခရီးသြား ဝင္ေရာက္မႈျမင့္တက္လာ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၅
Netflix K-drama ျဖစ္တဲ့ "When Life Gives You Tangerines" ရဲ႕ကမာၻလုံးဆိုင္ရာေအာင္ျမင္မႈနဲ႔အတူ ေတာင္ကိုရီးယားႏိုင္ငံ၊ ဂ်ယ္ဂ်ဴကြၽန္းဟာ ႏိုင္ငံရဲ႕အျခားအဓိက ၿမိဳ႕ႀကီးေတြထက္ေက်ာ္လြန္ၿပီး ၂ဝ၂၅ ခုႏွစ္အတြင္း ႏိုင္ငံျခားခရီးသြားဧည့္သည္ ဝင္ေရာက္လည္ပတ္မႈအျမင့္ဆုံးေနရာတစ္ခုျဖစ္လာခဲ့ပါတယ္။
ဂ်ယ္ဂ်ဴကြၽန္းတစ္ခုတည္းမွာတင္ ခရီးသြားဧည့္သည္ဝင္ေရာက္မႈ ၁၇.၅ ရာခိုင္ႏႈန္း တိုးလာခဲ့တာျဖစ္ၿပီး K Drama ရဲ႕ေအာင္ျမင္မႈအျပင္ ၂ဝ၂၅ ခုႏွစ္ အာရွ-ပစိဖိတ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ ထိပ္သီးအစည္းအေဝး (Apec) နဲ႔ ခ်ိတ္ဆက္ထားတဲ့ျမႇင့္တင္ေရး ႀကိဳးပမ္းမႈေတြကလည္း ေဒသႏၲရအစိုးရ ခရီးသြားလုပ္ငန္းအစီအစဥ္ ေတြမွာ လာေရာက္လည္ပတ္မႈျမႇင့္တင္ေပးဖို႔ ကူညီေပးပါတယ္။ ဒီဇင္ဘာ ၂၁ ရက္က ကိုရီးယားယဥ္ေက်းမႈနဲ႔ ခရီးသြားလာေရးဌာနရဲ႕အဆိုအရ ေတာင္ကိုရီးယားကို လာေရာက္လည္ပတ္သူအားလုံးမွာ ဂ်ယ္ဂ်ဴးကို လာေရာက္ လည္ပတ္တဲ့ ႏိုင္ငံျခားခရီးသြား အခ်ိဳးအစားက ၂ဝ၂၅ ခုႏွစ္ သုံးလပတ္ဆက္တိုက္ ျမင့္တက္လာခဲ့ၿပီး ပထမသုံးလ ပတ္မွာ ၈.၉ ရာခိုင္ႏႈန္း၊ ဒုတိယ သုံးလပတ္မွာ ၉ ရာခိုင္ႏႈန္းနဲ႔ တတိယ သုံးလပတ္မွာ ၁၀.၅ ရာခိုင္ႏႈန္း အထိ ေရာက္ရွိခဲ့ပါတယ္။ တတိယသုံးလပတ္ကိန္းဂဏန္းဟာ ၂ဝ၂၄ ခုႏွစ္ အလားတူကာလကထက္ ဝ.၆ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။ ဇန္နဝါရီလမွ စက္တင္ဘာလအထိ ကြၽန္းကို လာေရာက္လည္ပတ္တဲ့ ႏိုင္ငံျခားခရီးသြားဧည့္သည္ စုစုေပါင္းအေရအတြက္ ၁.၇၄ သန္းအထိ ေရာက္ရွိခဲ့ၿပီး ၂ဝ၂၄ ခုႏွစ္ထက္ ၁၇.၅ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ပါတယ။ ဒရာမာမွာ ပါဝင္ခဲ့တဲ့ကြၽန္းရဲ႕႐ိုးရာအမ်ိဳးသမီး ေရငုပ္သမေတြရဲ႕ အသုံးအေဆာင္ နဲ႔ သမိုင္းေၾကာင္းေတြကို အသားေပးေဖာ္ျပထားတဲ့ ဂ်ယ္ဂ်ဴး ဟဲန္ေယာျပတိုက္ဟာလည္း ႏိုဝင္ဘာလအထိ ႏိုင္ငံျခားဧည့္သည္ ၅ဝ,ဝဝဝ နီးပါးအထိကို ဆြဲေဆာင္ႏိုင္ခဲ့ၿပီး ယခင္ႏွစ္ထက္ ၅၈.၉ ရာခိုင္ႏႈန္း တိုးလာတယ္လို႔ သိရပါတယ္။ ဂ်ယ္ဂ်ဴးျပည္နယ္အစိုးရကလည္း ဒီတိုးတက္မႈဟာ K ဒရာမာ When Life Gives You Tangerines နဲ႔ ပတ္သက္ဆက္ႏြယ္ေနတယ္လို႔ ပြင့္ပြင့္လင္းလင္း ေျပာၾကားခဲ့ပါတယ္။
When Life Gives You Tangerines ဟာ Netflix ပလက္ေဖာင္းရဲ႕အဂၤလိပ္မဟုတ္တဲ့ကမာၻလုံးဆိုင္ရာ ႐ုပ္ျမင္သံၾကားအဆင့္သတ္မွတ္ခ်က္မွာ ထိပ္ဆုံးမွရပ္တည္ခဲ့ၿပီး Blue Dragon Series Award, Seoul International Drama Award, Asia Artist Award, Baeksang Arts Awards ဆုေတြကို ဆြတ္ခူးရရွိခဲ့တဲ့ ေတာင္ကိုရီးယား ဒရာမာတစ္ခုျဖစ္ပါတယ္။