အကူအညီလိုအပ်နေသော လူနာများအတွက် ဝမ်သန်း(၂၀ဝ)လှူဒါန်းခဲ့သည့် တောင်ကိုရီးယားသရုပ်ဆောင်စုံတွဲ

115

Pika (NP News) - ဇန်နဝါရီ ၄
တောင်ကိုရီးယားသရုပ်ဆောင်များဖြစ်သည့် ဟွန်ဘင်းနှင့် ဆွန်ယဲဂျင်းတို့သည် ဆေးကုသမှု လိုအပ်နေသော လူနာများကို ထောက်ပံ့ရန်အတွက် ဝမ်သန်း(၂၀ဝ)လှူဒါန်းခဲ့ကြောင်းသိရသည်။အဆိုပါ လှူဒါန်းမှုကို Samsung ဆေးဘက်ဆိုင်ရာစင်တာ တွင်ရှိသည့် ကလေးများ၊ ဆယ်ကျော်သက်လူနာများနှင့် ငွေကြေးအခက်အခဲများရှိနေသည့် ဝင်ငွေနည်း လူနာများအတွက် ဆေးကုသစရိတ်များကို ထောက်ပံ့ ပေးရန် အသုံးပြုသွားမည်ဖြစ်ကြောင်းလည်းသိရ သည်။
ဟွန်ဘင်းနှင့်ဆွန်ယဲဂျင်းတို့က ‘ကျွန်တော်တို့ရဲ့ လှူဒါန်းမှုက ဆေးကုသမှုခံယူနေတဲ့ လူနာတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် အကူအညီ တွေဖြစ်စေမယ့်လို့ မျှော်လင့်မိပါတယ်’ ဟုပြောဆိုခဲ့သည်။ ဟွန်ဘင်းနှင့် ဆွန်ယဲဂျင်း တို့သည် ဆေးဘက်ဆိုင်ရာကိစ္စများအတွက် ထောက်ပံ့မှုများအပါအဝင် လှူဒါန်းမှုများကို နှစ်စဉ်အဆက်မပြတ် လုပ်ဆောင်ခဲ့ကြသည့်စုံတွဲလည်းဖြစ်သည်။
ထို့ပြင် ၎င်းတို့စုံတွဲ၏ လှူဒါန်းမှုသည် အကူအညီလိုအပ်နေသူများအတွက် ခွန်အားဖြစ်စေရန်နှင့် ဆေးကုသမှု ကာလအတွင်း အခက်အခဲများ ကြုံတွေ့နေရသည့် လူနာများနှင့် မိသားစုများကို နှစ်သိမ့်နိုင်ရန်အတွက် အကူအညီတွေ ပေးစွမ်းနိုင် လိမ့်မည်ဟု မျှော်လင့်မိကြောင်း ဟွန်ဘင်းနှင့်ဆွန်ယဲ ဂျင်းတို့က ပြောကြားခဲ့သည်။ ဟွန်ဘင်းနှင့် ဆွန်ယဲ ဂျင်းတို့သည် ပြီးခဲ့သည့်နှစ်တွင်လည်း လှူဒါန်းမှုကြီး ကြီးမားမားတစ်ခုကို လုပ်ဆောင်ခဲ့ပြီး ယခုနှစ်တွင် လည်း ယခုကဲ့သို့ ဝမ်သန်း(၂၀ဝ)လှူဒါန်းမှုကို ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version;
အကူအညီလိုအပ္ေနေသာ လူနာမ်ားအတြက္ ဝမ္သန္း(၂၀ဝ)လႉဒါန္းခဲ့သည့္ ေတာင္ကိုရီးယားသ႐ုပ္ေဆာင္စုံတြဲ
Pika (NP News) - ဇန္နဝါရီ ၄
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္မ်ားျဖစ္သည့္ ဟြန္ဘင္းႏွင့္ ဆြန္ယဲဂ်င္းတို႔သည္ ေဆးကုသမႈ လိုအပ္ေနေသာ လူနာမ်ားကို ေထာက္ပံ့ရန္အတြက္ ဝမ္သန္း(၂၀ဝ)လႉဒါန္းခဲ့ေၾကာင္းသိရသည္။အဆိုပါ လႉဒါန္းမႈကို Samsung ေဆးဘက္ဆိုင္ရာစင္တာ တြင္ရွိသည့္ ကေလးမ်ား၊ ဆယ္ေက်ာ္သက္လူနာမ်ားႏွင့္ ေငြေၾကးအခက္အခဲမ်ားရွိေနသည့္ ဝင္ေငြနည္း လူနာမ်ားအတြက္ ေဆးကုသစရိတ္မ်ားကို ေထာက္ပံ့ ေပးရန္ အသုံးျပဳသြားမည္ျဖစ္ေၾကာင္းလည္းသိရ သည္။
ဟြန္ဘင္းႏွင့္ဆြန္ယဲဂ်င္းတို႔က ‘ကြၽန္ေတာ္တို႔ရဲ႕ လႉဒါန္းမႈက ေဆးကုသမႈခံယူေနတဲ့ လူနာေတြနဲ႔ သူတို႔ရဲ႕ မိသားစုေတြအတြက္ အကူအညီ ေတြျဖစ္ေစမယ့္လို႔ ေမွ်ာ္လင့္မိပါတယ္’ ဟုေျပာဆိုခဲ့သည္။ ဟြန္ဘင္းႏွင့္ ဆြန္ယဲဂ်င္း တို႔သည္ ေဆးဘက္ဆိုင္ရာကိစၥမ်ားအတြက္ ေထာက္ပံ့မႈမ်ားအပါအဝင္ လႉဒါန္းမႈမ်ားကို ႏွစ္စဥ္အဆက္မျပတ္ လုပ္ေဆာင္ခဲ့ၾကသည့္စုံတြဲလည္းျဖစ္သည္။
ထို႔ျပင္ ၎တို႔စုံတြဲ၏ လႉဒါန္းမႈသည္ အကူအညီလိုအပ္ေနသူမ်ားအတြက္ ခြန္အားျဖစ္ေစရန္ႏွင့္ ေဆးကုသမႈ ကာလအတြင္း အခက္အခဲမ်ား ႀကဳံေတြ႕ေနရသည့္ လူနာမ်ားႏွင့္ မိသားစုမ်ားကို ႏွစ္သိမ့္ႏိုင္ရန္အတြက္ အကူအညီေတြ ေပးစြမ္းႏိုင္ လိမ့္မည္ဟု ေမွ်ာ္လင့္မိေၾကာင္း ဟြန္ဘင္းႏွင့္ဆြန္ယဲ ဂ်င္းတို႔က ေျပာၾကားခဲ့သည္။ ဟြန္ဘင္းႏွင့္ ဆြန္ယဲ ဂ်င္းတို႔သည္ ၿပီးခဲ့သည့္ႏွစ္တြင္လည္း လႉဒါန္းမႈႀကီး ႀကီးမားမားတစ္ခုကို လုပ္ေဆာင္ခဲ့ၿပီး ယခုႏွစ္တြင္ လည္း ယခုကဲ့သို႔ ဝမ္သန္း(၂၀ဝ)လႉဒါန္းမႈကို ထပ္မံလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။