ဘတ္ထရီရှော့ဖြစ်ကာ မီးကူးစက်လောင်ကျွမ်းရာမှ Express ကား (၂) စီးလောင်ပျက်စီးမှု မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွား

 1004

သန့်ဇင် (NP News) - ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ဘတ္ထရီရှော့ဖြစ်ကာ မီးကူးစက်လောင်ကျွမ်းရာမှ Express ကား(၂)စီးလောင်ပျက်စီးသွား ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၆ ရက်) မွန်းလွဲ ၂ နရီ ၄ဝ မိနစ်အချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ဇောတိက (၁) လမ်း၊ အမှတ် (၇) ရှိ ခြံတစ်ခုအတွင်းဖြစ်ပွားခဲ့ခြင်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခြံဝန်းအတွင်းရပ်ထားသော YGN-34/1R-6038 Sunlong အဝါရောင် နှင်းချယ်ရီယာဉ်လိုင်းမှ Express ကားတစ်စီးကို အသက် (၄၆) နှစ်အရွယ် အမျိုးသားက ကားစက်နိုးပြီး သော့ပြန်ပိတ်ရာ လော့မကျ၍ ဘတ္ထရီမှတဆင့်ရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် အဆိုပါ ယာဉ်ဘေးတွင်ရပ်ထားသော YGN-34/ 7Q-8219 SC NEUStar Express ယာဉ်အား ကူးစက်လောင်ကျွမ်းခဲ့ရာ လူထိခိုက်မှုမရှိခဲ့သော်လည်း ငွေကျပ်သိန်း(၁၀၀၀) တန်ဖိုးခန့်မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုအား မင်္ဂလာဒုံမြို့နယ် မီးသတ်ယာဉ် ၄ စီး၊ ပုလဲအရံမီးသတ်အဖွဲ့မှ ငြှိမ်းသတ်ယဉ်(၃)စီး၊ ထောက်ကြန့် မီးသတ်သန္ဓေမှ ငြှိမ်းသတ်ယဉ်(၂)စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဘတၳရီေရွာ့ျဖစ္ကာ မီးကူးစက္ေလာင္ကြၽမ္းရာမွ Express ကား (၂) စီးေလာင္ပ်က္စီးမႈ မဂၤလာဒုံၿမိဳ႕နယ္တြင္ျဖစ္ပြား
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၇
ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ ဘတၳရီေရွာ့ျဖစ္ကာ မီးကူးစက္ေလာင္ကြၽမ္းရာမွ Express ကား(၂)စီးေလာင္ပ်က္စီးသြား ခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဇန္နဝါရီ ၆ ရက္) မြန္းလြဲ ၂ နရီ ၄ဝ မိနစ္အခ်ိန္ခန႔္က မဂၤလာဒုံၿမိဳ႕နယ္၊ သဃၤန္းကြၽန္းႀကီးေက်း႐ြာ၊ ေဇာတိက (၁) လမ္း၊ အမွတ္ (၇) ရွိ ၿခံတစ္ခုအတြင္းျဖစ္ပြားခဲ့ျခင္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ၿခံဝန္းအတြင္းရပ္ထားေသာ YGN-34/1R-6038 Sunlong အဝါေရာင္ ႏွင္းခ်ယ္ရီယာဥ္လိုင္းမွ Express ကားတစ္စီးကို အသက္ (၄၆) ႏွစ္အ႐ြယ္ အမ်ိဳးသားက ကားစက္ႏိုးၿပီး ေသာ့ျပန္ပိတ္ရာ ေလာ့မက်၍ ဘတၳရီမွတဆင့္ေရွာ့ျဖစ္ကာ မီးစတင္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုမွတစ္ဆင့္ အဆိုပါ ယာဥ္ေဘးတြင္ရပ္ထားေသာ YGN-34/ 7Q-8219 SC NEUStar Express ယာဥ္အား ကူးစက္ေလာင္ကြၽမ္းခဲ့ရာ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ေငြက်ပ္သိန္း(၁၀၀၀) တန္ဖိုးခန႔္မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္မႈအား မဂၤလာဒုံၿမိဳ႕နယ္ မီးသတ္ယာဥ္ ၄ စီး၊ ပုလဲအရံမီးသတ္အဖြဲ႕မွ ျငႇိမ္းသတ္ယဥ္(၃)စီး၊ ေထာက္ၾကန္႔ မီးသတ္သေႏၶမွ ျငႇိမ္းသတ္ယဥ္(၂)စီးျဖင့္ ျငႇိမ္းသတ္ခဲ့ရာ ညေန ၃ နာရီ ၁၀ မိနစ္တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.