ကမ္ဘာလှည့်ဖျော်ဖြေပွဲမတိုင်မီ အယ်လ်ဘမ်အသစ်ထွက်ရှိလာမည့် BTS အဖွဲ့

 183

Pika (NP News) - ဇန်နဝါရီလ ၁၅

ကမ္ဘာလှည့်ဖျော်ဖြေပွဲမတိုင်မီ လာမည့်မတ် လတွင် အယ်လ်ဘမ်အသစ်တစ်ခုထွက်ရှိမည်ဖြစ် ကြောင်း တောင်ကိုရီးယားနာမည်ကျော်အမျိုးသား အဆိုတော်အဖွဲ့ BTS က ထုတ်ပြန်ကြေညာခဲ့သည်။ တောင်ကိုရီးယား၏ နာမည်အကြီးဆုံး အမျိုးသား အဆိုတော်အဖွဲ့BTS ၏ အဖွဲ့ဝင်အားလုံးသည် (၂၀၂၂)ခုနှစ်မှစတင်ကာ စစ်မှုထမ်းတာဝန်ကို အသီး သီးထမ်းဆောင်ခဲ့ကြပြီး အဖွဲ့လိုက်ဖျော်ဖြေမှုများကို (၂၀၂၅)ခုနှစ်နှောင်းပိုင်းအထိ ရပ်နားထားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် BTS အဖွဲ့ဝင်အားလုံး သည် ၎င်းတို့၏စစ်မှုထမ်းတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ပြီးဖြစ်ပြီး (၂၀၂၆)ခုနှစ်နွေဦးရာသီတွင် အဖွဲ့လိုက်ပူးပေါင်းဖျော်ဖြေမှုများကို ပြန်လည်စတင် တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ထို့ပြင် ကမ္ဘာလှည့်ဖျော်ဖြေပွဲမတိုင်မီ လာမည့်မတ်လ (၂၀)ရက်တွင် အယ်လ်ဘမ်အသစ်တစ်ခုထွက်ရှိမည့် အကြောင်းကို BTS အဖွဲ့က တရားဝင်အတည်ပြုပေးခဲ့ ပြီး ပရိသတ်များက ၎င်းတို့၏အယ်လ်ဘမ်အသစ်ကို ရင်ခုန်စွာစောင့်ဆိုင်းနေကြကြောင်းလည်းသိရသည်။ BTS အဖွဲ့ခေါင်းဆောင် RM က " ကျွန်တော်က အဖွဲ့ထဲက တခြားဘယ်သူထက်မဆို ဒီအယ်လ်ဘမ် ကို ပိုပြီးစိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့တာပါ"ဟုပြောဆိုခဲ့သည်။
အဆိုပါအယ်လ်ဘမ်တွင် သီချင်းစုစုပေါင်း (၁၄)ပုဒ်ပါရှိမည်ဖြစ်ပြီး ဇန်နဝါရီလ(၁၆)ရက်မှစတင် ကာ ကြိုတင်မှာယူမှုများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
ကမာၻလွည့္ေဖ်ာ္ေျဖပြဲမတိုင္မီ အယ္လ္ဘမ္အသစ္ထြက္ရွိလာမည့္ BTS အဖြဲ႕
Pika (NP News) - ဇန္နဝါရီလ ၁၅
ကမာၻလွည့္ေဖ်ာ္ေျဖပြဲမတိုင္မီ လာမည့္မတ္ လတြင္ အယ္လ္ဘမ္အသစ္တစ္ခုထြက္ရွိမည္ျဖစ္ ေၾကာင္း ေတာင္ကိုရီးယားနာမည္ေက်ာ္အမ်ိဳးသား အဆိုေတာ္အဖြဲ႕ BTS က ထုတ္ျပန္ေၾကညာခဲ့သည္။ ေတာင္ကိုရီးယား၏ နာမည္အႀကီးဆုံး အမ်ိဳးသား အဆိုေတာ္အဖြဲ႕BTS ၏ အဖြဲ႕ဝင္အားလုံးသည္ (၂၀၂၂)ခုႏွစ္မွစတင္ကာ စစ္မႈထမ္းတာဝန္ကို အသီး သီးထမ္းေဆာင္ခဲ့ၾကၿပီး အဖြဲ႕လိုက္ေဖ်ာ္ေျဖမႈမ်ားကို (၂၀၂၅)ခုႏွစ္ေႏွာင္းပိုင္းအထိ ရပ္နားထားခဲ့ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ BTS အဖြဲ႕ဝင္အားလုံး သည္ ၎တို႔၏စစ္မႈထမ္းတာဝန္ကို ေအာင္ျမင္စြာ ထမ္းေဆာင္ၿပီးျဖစ္ၿပီး (၂၀၂၆)ခုႏွစ္ေႏြဦးရာသီတြင္ အဖြဲ႕လိုက္ပူးေပါင္းေဖ်ာ္ေျဖမႈမ်ားကို ျပန္လည္စတင္ ေတာ့မည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာထားသည္။ထို႔ျပင္ ကမာၻလွည့္ေဖ်ာ္ေျဖပြဲမတိုင္မီ လာမည့္မတ္လ (၂၀)ရက္တြင္ အယ္လ္ဘမ္အသစ္တစ္ခုထြက္ရွိမည့္ အေၾကာင္းကို BTS အဖြဲ႕က တရားဝင္အတည္ျပဳေပးခဲ့ ၿပီး ပရိသတ္မ်ားက ၎တို႔၏အယ္လ္ဘမ္အသစ္ကို ရင္ခုန္စြာေစာင့္ဆိုင္းေနၾကေၾကာင္းလည္းသိရသည္။ BTS အဖြဲ႕ေခါင္းေဆာင္ RM က " ကြၽန္ေတာ္က အဖြဲ႕ထဲက တျခားဘယ္သူထက္မဆို ဒီအယ္လ္ဘမ္ ကို ပိုၿပီးစိတ္အားထက္သန္စြာ ေစာင့္ဆိုင္းေနခဲ့တာပါ"ဟုေျပာဆိုခဲ့သည္။
အဆိုပါအယ္လ္ဘမ္တြင္ သီခ်င္းစုစုေပါင္း (၁၄)ပုဒ္ပါရွိမည္ျဖစ္ၿပီး ဇန္နဝါရီလ(၁၆)ရက္မွစတင္ ကာ ႀကိဳတင္မွာယူမႈမ်ား လုပ္ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.