ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဆုပ်ကိုင်ထားတာက ရုရှားမဟုတ်ဘဲ ယူကရိန်းဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

75
Pika (NP News) - ဇန်နဝါရီ ၁၇
အလားအလာရှိတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို ဆုပ်ကိုင်ထားတာက ရုရှားမဟုတ်ဘဲ ယူကရိန်းဖြစ် တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အချိန်(၄)နှစ်နီးပါးကြာအောင်ဖြစ်ပွား ခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ ရုရှားသမ္မတပူတင်က အဆင်သင့်ဖြစ်နေပြီလို့ ထင်မိတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “ပူတင်က သဘောတူညီချက်တစ်ခုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ယူကရိန်းဘက်ကတော့ သဘောတူညီချက်တစ်ခုပြုလုပ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ကျွန်တော် ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်ဦးဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေက ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့အကြီးဆုံးပဋိပက္ခ ကို ဘာကြောင့်မဖြေရှင်းနိုင်ရသေးတာလဲဆိုတဲ့သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန် ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “ဒီပဋိပက္ခကို ဘာလို့မဖြေရှင်းနိုင်ရသေးတာလဲဆိုတော့ အဲဒါက ဇီလန်စကီးအပေါ်ပဲ မူတည်နေလို့ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ဆုပ္ကိုင္ထားတာက ႐ုရွားမဟုတ္ဘဲ ယူကရိန္းျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇန္နဝါရီ ၁၇
အလားအလာရွိတဲ့ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုကို ဆုပ္ကိုင္ထားတာက ႐ုရွားမဟုတ္ဘဲ ယူကရိန္းျဖစ္ တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အခ်ိန္(၄)ႏွစ္နီးပါးၾကာေအာင္ျဖစ္ပြား ခဲ့တဲ့ ႐ုရွား-ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔ ႐ုရွားသမၼတပူတင္က အဆင္သင့္ျဖစ္ေနၿပီလို႔ ထင္မိတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “ပူတင္က သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဒါေပမယ့္ ယူကရိန္းဘက္ကေတာ့ သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ ကြၽန္ေတာ္ ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္ဦးေဆာင္တဲ့ ေဆြးေႏြးညႇိႏႈိင္းမႈေတြက ဒုတိယကမာၻစစ္ေနာက္ပိုင္း ဥေရာပရဲ႕အႀကီးဆုံးပဋိပကၡ ကို ဘာေၾကာင့္မေျဖရွင္းႏိုင္ရေသးတာလဲဆိုတဲ့သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “ဒီပဋိပကၡကို ဘာလို႔မေျဖရွင္းႏိုင္ရေသးတာလဲဆိုေတာ့ အဲဒါက ဇီလန္စကီးအေပၚပဲ မူတည္ေနလို႔ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။