မြန်မာ - အိန္ဒိယ နယ်စပ်ဒေသလုံခြုံရေးအတွက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်မည်

113

Pearl (NP News) - ဇန်နဝါရီ ၁၇
မြန်မာ - အိန္ဒိယ နယ်စပ်ဒေသလုံခြုံရေးအတွက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) က အိန္ဒိယသမ္မတနိုင်ငံ၏ (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် အဆိုပါ ဟိုတည်၌ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် အိန္ဒိယတပ်မတော်၊ အမှတ်(၃) တပ်မကြီးမှူး Lieutenant General AS Pendharkar, AVSM, YSM ဦးဆောင်သောအဖွဲ့ဝင်များအား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ - အိႏၵိယ နယ္စပ္ေဒသလုံၿခဳံေရးအတြက္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးျမႇင့္ေဆာင္႐ြက္မည္
Pearl (NP News) - ဇန္နဝါရီ ၁၇
ျမန္မာ - အိႏၵိယ နယ္စပ္ေဒသလုံၿခဳံေရးအတြက္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးျမႇင့္ရန္ ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ယမန္ေန႔ (ဇန္နဝါရီလ ၁၆ ရက္) က အိႏၵိယသမၼတႏိုင္ငံ၏ (၇၈) ႏွစ္ေျမာက္တပ္မေတာ္ေန႔အထိမ္းအမွတ္ အခမ္းအနားကို ေနျပည္ေတာ္ရွိ Park Royal ဟိုတယ္၌ ျပဳလုပ္ခဲ့ၿပီး ယင္းေန႔ ညေနပိုင္းတြင္ အဆိုပါ ဟိုတည္၌ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္အဖြဲ႕ဝင္ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီးေက်ာ္စြာလင္းသည္ အိႏၵိယတပ္မေတာ္၊ အမွတ္(၃) တပ္မႀကီးမႉး Lieutenant General AS Pendharkar, AVSM, YSM ဦးေဆာင္ေသာအဖြဲ႕ဝင္မ်ားအား လက္ခံေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံနယ္စပ္ေဒသလုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးတို႔ကို ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးျမႇင့္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားကိုေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မူးယစ္ေဆးဝါး တားဆီးကာကြယ္ႏွိမ္နင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္သြားမည့္အေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးျမႇင့္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အလားတူ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး ပိုမိုတိုးတက္ခိုင္မာေအာင္ ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားႏွင့္ ပတ္သက္၍ ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။