ရွေးချယ်စရာအားလုံးက စားပွဲဝိုင်းပေါ်မှာရှိနေတယ်လို့ အီရန်ကို အမေရိကန် သတိပေး

 50

Pika (NP News) - ဇန်နဝါရီ ၁၇

တင်းမာမှုတွေမြင့်တက်နေတဲ့ အမေရိကန်နဲ့အီရန်တို့ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်းမှာ အပြန်အလှန် ပြစ်တင်ဝေဖန်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ အမေရိကန်ကလည်း ရွေးချယ်စရာအားလုံးက စားပွဲဝိုင်းပေါ်မှာ အဆင်သင့်ရှိနေတဲ့အကြောင်းနဲ့ ရူးမိုက်တာမျိုးမလုပ်ဖို့ အီရန်ကို သတိပေးခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး မိုက်ဝေါ့ဇ်က “အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အပြောနဲ့တင် မဟုတ်ဘဲ အလုပ်နဲ့ပါ သက်သေပြတဲ့လူတစ်ဦးဖြစ်ပါတယ်။ အီရန်မှာဖြစ်ပျက်နေတဲ့သတ်ဖြတ်မှုတွေအားလုံးကို ရပ်တန့်ဖို့အတွက် ရွေးချယ်စရာတွေအားလုံးက စားပွဲဝိုင်းပေါ်မှာ ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။


ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၈)ရက်ကနေစတင်ပြီး အီရန်နိုင်ငံတွင်းမှာ ဆန္ဒပြပွဲတွေဖြစ်ပွားလာခဲ့ပြီးနောက် လက်ရှိအချိန် အထိလူပေါင်း(၃၀၀၀)ကျော်လောက် သေဆုံးထားတယ်လို့ သိရပါတယ်။ အမေရိကန်ကလည်း အီရန်ကသာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေတဲ့ဆန္ဒပြသူတွေကို သတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ပြင်းပြင်း ထန်ထန်တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့ပြီး နောက် နှစ်နိုင်ငံကြားတင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
ေ႐ြးခ်ယ္စရာအားလုံးက စားပြဲဝိုင္းေပၚမွာရွိေနတယ္လို႔ အီရန္ကို အေမရိကန္ သတိေပး
Pika (NP News) - ဇန္နဝါရီ ၁၇

တင္းမာမႈေတြျမင့္တက္ေနတဲ့ အေမရိကန္နဲ႔အီရန္တို႔ဟာ ကုလသမဂၢလုံၿခဳံေရးေကာင္စီအတြင္းမွာ အျပန္အလွန္ ျပစ္တင္ေဝဖန္မႈေတြကို လုပ္ေဆာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။ အေမရိကန္ကလည္း ေ႐ြးခ်ယ္စရာအားလုံးက စားပြဲဝိုင္းေပၚမွာ အဆင္သင့္ရွိေနတဲ့အေၾကာင္းနဲ႔ ႐ူးမိုက္တာမ်ိဳးမလုပ္ဖို႔ အီရန္ကို သတိေပးခဲ့တယ္လို႔ သိရပါတယ္။

ကုလသမဂၢဆိုင္ရာအေမရိကန္သံအမတ္ႀကီး မိုက္ေဝါ့ဇ္က “အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ အေျပာနဲ႔တင္ မဟုတ္ဘဲ အလုပ္နဲ႔ပါ သက္ေသျပတဲ့လူတစ္ဦးျဖစ္ပါတယ္။ အီရန္မွာျဖစ္ပ်က္ေနတဲ့သတ္ျဖတ္မႈေတြအားလုံးကို ရပ္တန႔္ဖို႔အတြက္ ေ႐ြးခ်ယ္စရာေတြအားလုံးက စားပြဲဝိုင္းေပၚမွာ ရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။


ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၂၈)ရက္ကေနစတင္ၿပီး အီရန္ႏိုင္ငံတြင္းမွာ ဆႏၵျပပြဲေတြျဖစ္ပြားလာခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္ အထိလူေပါင္း(၃၀၀၀)ေက်ာ္ေလာက္ ေသဆုံးထားတယ္လို႔ သိရပါတယ္။ အေမရိကန္ကလည္း အီရန္ကသာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းဆႏၵျပေနတဲ့ဆႏၵျပသူေတြကို သတ္ျဖတ္မႈေတြ ဆက္လက္လုပ္ေဆာင္ေနမယ္ဆိုရင္ ျပင္းျပင္း ထန္ထန္တုံ႔ျပန္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီး ေနာက္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.