ဂမ်ဘီယာအနေဖြင့် ယုံကြည်စိတ်ချရမှု မရှိသည့်အပြင် ဘက်လိုက်မှုရှိသော အရင်းအမြစ်ကိုသာ ဆက်လက်၍ ကိုးကားနေသည်ဟု ICJ တွင် ဦးကိုကိုလှိုင် ပြော

238

မိုးနတ် (NP News) - ဇန်နဝါရီ ၁၇
ဂမ်ဘီယာအနေဖြင့် ယုံကြည်စိတ်ချရမှုမရှိသည့်အပြင် ဘက်လိုက်မှုရှိသော အရင်းအမြစ်ကိုသာ ဆက်လက်၍ ကိုးကားနေကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနှင့် မြန်မာတို့အကြား တရားရင်ဆိုင်နေခြင်းနှင့်ပတ်သက်၍ ကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ICJ သို့ သွားရောက်နေခြင်းဖြစ်သည်။
“မြန်မာနိုင်ငံသည် စွပ်စွဲချက်များနှင့်ဤအမှုကို အလေးအနက်ထား ဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့အမြင့်ဆုံး တရားစီရင်ရေးအဖွဲ့ဖြစ်တဲ့ ဤတရားရုံးကို အထူးအလေးထားပါတယ်။ အပြည်ပြည်ဆိုင်ရာဥပဒေကို လိုက်နာရန် အပြည့်အဝကတိပြုထားတဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ယခုကဲ့သို့ ပြင်းထန်စွပ်စွဲချက်များကို တုံ့ပြန်ရန်အတွက် ချေပချက်များကို သေချာစွာ ပြင်ဆင်ထားပါတယ်။ တရားရုံးရဲ့ ပြဋ္ဌာန်းချက်များ (Statute)၊ လုပ်ထုံးလုပ်နည်းများ (Rules of Court) နှင့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ခဲ့ပါတယ်။ တရားရုံးက သတ်မှတ်ပေးထားတဲ့အချိန် ကာလများကိုလည်း အတိအကျလိုက်နာခဲ့ပါတယ်။ တရားရုံးက ချမှတ်ထားတဲ့ ကြားဖြတ်စီမံဆောင်ရွက်မှုများ (Provisional Measures) အကောင်အထည်ဖော်မှု အစီရင်ခံစာများကို ပုံမှန်တင်သွင်းခဲ့ပါတယ်။ နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ အနာဂတ်အတွက်အခြေခံကျတဲ့ ဤတရားစီရင်ရေးလုပ်ငန်းစ ဉ်များတွင် တာဝန်သိစွာဖြင့် ဆောင်ရွက်ခဲ့ပါတယ်။ ဤသည်မှာ အပြည်ပြည်ဆိုင်ရာတရားဥပဒေစိုးမိုးရေးနဲ့စနစ်အတွင်း တရားရုံးရဲ့အခန်းကဏ္ဍကို မြန်မာနိုင်ငံက အလေးအနက် ကတိပြုထားကြောင်း ပြသခြင်းပင်ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ဂမ်ဘီယာနိုင်ငံအနေဖြင့် ထိုကဲ့သို့ အလေးထားဆောင်ရွက်ခြင်း မရှိသည်ကို စိတ်မကောင်းစွာ တွေ့ရကြောင်း၊ ဂမ်ဘီယာနိုင်ငံသည် ဤအမှု၏ ဖြစ်ရပ်မှန်များနှင့် တိုက်ရိုက်သက်ဆိုင်သူ မဟုတ်သော် လည်း လူမျိုးသုဉ်းသတ်ဖြတ်မှုသဘောတူစာချုပ်တွင် ပါဝင်သော “နိုင်ငံအားလုံး၏ တူညီသော အကျိုးစီးပွား” အတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုကြောင်း၊ သို့သော် ၎င်းအနေနဲ့ တရားရုံး ရှေ့မှောက်တွင် အမှုရင်ဆိုင်နေသောအဖွဲ့အစည်းတစ်ခုအနေဖြင့် လိုက်နာရမယ့် အခြေခံလိုအပ်ချက်များကိုပင် ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း ပြောသည်။
“အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ ၂၀၁၈ ခုနှစ်က ကောက်ချက်များအပေါ် အခြေခံပြီး ဒီအမှုကို ဂမ်ဘီယာက တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ ယုံကြည်စိတ်ချရမှုမရှိသည့်အပြင် ဘက်လိုက်မှုရှိတဲ့ အရင်းအမြစ်ကိုသာ ဆက်လက်၍ ကိုးကားနေပါတယ်။ ထိုကဲ့သို့ ကိုးကားတင်သွင်းခြင်းဟာ မြန်မာနိုင်ငံအပေါ် တရားစီရင်မှုမပြုမီကြိုတင် ပြစ်ဒဏ်ခတ်ခြင်းသာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက ဂမ်ဘီယာဟာ(FFM)ရဲ့ အစီရင်ခံစာများက သက်သေအထောက်အထားများမှာ ခိုင်မာတဲ့ အထောက်အထားများဖြစ်အောင် ကြိုးပမ်းခဲ့ခြင်းမရှိပါ။ ၎င်းတို့သည် ထိုအစီရင်ခံစာများကိုသာ အမှန်တရားများအဖြစ် ဆက်လက်စွဲကိုင်နေပြီး တရားရုံးမှ လက်ခံပေးရန် တောင်းဆိုနေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။
ထို့ပြင် တရားရုံးရှေ့မှောက်တွင် ရိုးသားဖြောင့်မတ်စွာ လိုက်နာရမည့် (Good faith) တာဝန်ကို ပစ်ပယ်၍ ဂမ်ဘီယာဟာ သတင်းအရင်းအမြစ်များမှ အချက်အလက်များကို လိုအပ်သလို ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်း၊ ရှေ့နေများနှင့် သက်သေများကို အတူတကွထားရှိပြီး ကိုယ်စားလှယ်အဖွဲ့ဝင်များတွင် NGOs အဖွဲ့ဝင်များ ပါဝင်နေခြင်းဟာ အမှုအတွက် ရောထွေးမှုများကို ဖြစ်စေခဲ့ကြောင်း၊ ဤသည်မှာ တရားစီရင်ရေးလုပ်ငန်းစဉ်ရဲ့ ဂုဏ်သိက္ခာကို အထောက်အကူမပြုနိုင်သည့်အပြင် ဂမ်ဘီယာဘက်က တင်ပြလာသော အထောက်အထားများ၏ ခိုင်မာမှုကို ကြီးစွာသံသယဖြစ်စေကြောင်း ပြောကြားသည်။
“လူမျိုးသုဉ်းသတ်ဖြတ်မှုစွပ်စွဲချက်ကို ယခုလို စနစ်ကျနမှုမရှိ၊ သတ်မှတ်သည့်စံနှုန်းများနဲ့လည်း ကိုက်ညီမှုမရှိဘဲ ကိုင်တွယ်ရသည်မှာ အလွန်ပင်စိုးရိမ်စရာ ဖြစ်ပါတယ်။ အဆုံးသတ်မှာတော့ တရားရုံးတော်အနေနဲ့ အရေးကြီးတဲ့ မေးခွန်းတစ်ခုကို ဖြေကြားရမှာ ဖြစ်ပါတယ်။ ယင်းမေးခွန်းကတော့ “၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေး များအတွင်း မြန်မာနိုင်ငံဟာ အုပ်စုတစ်ခု၏ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ အုပ်စုတစ်ခုလုံးကိုဖြစ်စေ ဖျက်ဆီးလိုသောရည်ရွယ်ချက်နဲ့ လူမျိုးသုဉ်းစေမှု သဘောတူစာချုပ်ကို ဆန့်ကျင်၍ ဆောင်ရွက်ခဲ့ခြင်းရှိ/မရှိ” ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဂမ်ဘီယာအနေနဲ့ အမှုနဲ့ဆက်စပ်နေသော သက်သေပြရန်တာဝန်ကို ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံက ခိုင်မာစွာ ထုတ်ဖော်ပြသလိုပါတယ်။ မြန်မာနိုင်ငံအနေဖြင့် သက်သေပြရန် တာဝန်မရှိသော်လည်း ဂမ်ဘီယာရဲ့ သက်သေ အထောက်အထားများ ခိုင်မာမှု ရှိ/ မရှိ နဲ့ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း ထောက်ပြနိုင်ခဲ့ပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ အတည်မပြုနိုင်တဲ့ တစ်ဆင့်စကားများနဲ့ ဘယ်သူထွက်ဆိုလို့ ထွက်ဆိုထားမှန်းမသိတဲ့ သက်သေထွက်ဆိုချက်များအပေါ် အသိအမှတ်ပြု ဆောင်ရွက် မည်ဆိုပါက ချေပရန် အခက်အခဲ ဖြစ်စေမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
အမှုကို ဆုံးဖြတ်ရာတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက် မှုများကို ချန်လှပ်ထား၍ မရကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် “နယ်မြေရှင်းလင်းရေး” (Clearance Operations)များ ပြုလုပ်ခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
“ဒီနေရာမှာ အထူးရှင်းပြလိုတာကတော့ ဒီအသုံးအနှုန်းဟာ စစ်ဘက်ဆိုင်ရာအသုံးအနှုန်း (Term of military art) တစ်ခုသာဖြစ်ပြီး၊ သောင်းကျန်းမှုနှိမ်နင်းရေး သို့မဟုတ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို ရည်ညွှန်းပါ တယ်။ ဒီအသုံးအနှုန်းကို ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုမှု ရှိပါတယ်။ ဂမ်ဘီယာအနေနဲ့ တိကျမှုမရှိတဲ့အချက်အလက်များကို အခြေခံပြီးတရားရုံးကို ဆုံးဖြတ်ချက် ချစေရန် ကြိုးပမ်းနေပါတယ်” ဟုလည်း ပြောကြားသည်။

Zawgyi Version:
ဂမ္ဘီယာအေနျဖင့္ ယုံၾကည္စိတ္ခ်ရမႈ မရွိသည့္အျပင္ ဘက္လိုက္မႈရွိေသာ အရင္းအျမစ္ကိုသာ ဆက္လက္၍ ကိုးကားေနသည္ဟု ICJ တြင္ ဦးကိုကိုလႈိင္ ေျပာ
မိုးနတ္ (NP News) - ဇန္နဝါရီ ၁၇
ဂမ္ဘီယာအေနျဖင့္ ယုံၾကည္စိတ္ခ်ရမႈမရွိသည့္အျပင္ ဘက္လိုက္မႈရွိေသာ အရင္းအျမစ္ကိုသာ ဆက္လက္၍ ကိုးကားေနေၾကာင္း အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) တြင္ ဂမ္ဘီယာႏွင့္ ျမန္မာတို႔အၾကား တရားရင္ဆိုင္ေနျခင္းႏွင့္ပတ္သက္၍ ၾကားနာပြဲတြင္ ျမန္မာႏိုင္ငံ၏ ကိုယ္စားလွယ္၊ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန (၂) ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ က မိန႔္ခြန္း ေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။
သမၼတ႐ုံးဝန္ႀကီးဌာန (၂) ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ႏွင့္ ဥပေဒေရးရာဝန္ ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာ သီတာဦးတို႔ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕က ICJ သို႔ သြားေရာက္ေနျခင္းျဖစ္သည္။
“ျမန္မာႏိုင္ငံသည္ စြပ္စြဲခ်က္မ်ားႏွင့္ဤအမႈကို အေလးအနက္ထား ေဆာင္႐ြက္ပါတယ္။ ျမန္မာႏိုင္ငံဟာ ကုလသမဂၢရဲ႕အျမင့္ဆုံး တရားစီရင္ေရးအဖြဲ႕ျဖစ္တဲ့ ဤတရား႐ုံးကို အထူးအေလးထားပါတယ္။ အျပည္ျပည္ဆိုင္ရာဥပေဒကို လိုက္နာရန္ အျပည့္အဝကတိျပဳထားတဲ့ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတစ္ႏိုင္ငံအေနျဖင့္ ယခုကဲ့သို႔ ျပင္းထန္စြပ္စြဲခ်က္မ်ားကို တုံ႔ျပန္ရန္အတြက္ ေခ်ပခ်က္မ်ားကို ေသခ်ာစြာ ျပင္ဆင္ထားပါတယ္။ တရား႐ုံးရဲ႕ ျပ႒ာန္းခ်က္မ်ား (Statute)၊ လုပ္ထုံးလုပ္နည္းမ်ား (Rules of Court) ႏွင့္ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာ ေဆာင္႐ြက္ခဲ့ပါတယ္။ တရား႐ုံးက သတ္မွတ္ေပးထားတဲ့အခ်ိန္ ကာလမ်ားကိုလည္း အတိအက်လိုက္နာခဲ့ပါတယ္။ တရား႐ုံးက ခ်မွတ္ထားတဲ့ ၾကားျဖတ္စီမံေဆာင္႐ြက္မႈမ်ား (Provisional Measures) အေကာင္အထည္ေဖာ္မႈ အစီရင္ခံစာမ်ားကို ပုံမွန္တင္သြင္းခဲ့ပါတယ္။ ႏိုင္ငံရဲ႕ဂုဏ္သိကၡာနဲ႔ အနာဂတ္အတြက္အေျခခံက်တဲ့ ဤတရားစီရင္ေရးလုပ္ငန္းစ ဥ္မ်ားတြင္ တာဝန္သိစြာျဖင့္ ေဆာင္႐ြက္ခဲ့ပါတယ္။ ဤသည္မွာ အျပည္ျပည္ဆိုင္ရာတရားဥပေဒစိုးမိုးေရးနဲ႔စနစ္အတြင္း တရား႐ုံးရဲ႕အခန္းက႑ကို ျမန္မာႏိုင္ငံက အေလးအနက္ ကတိျပဳထားေၾကာင္း ျပသျခင္းပင္ျဖစ္ပါတယ္” ဟု ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
ဂမ္ဘီယာႏိုင္ငံအေနျဖင့္ ထိုကဲ့သို႔ အေလးထားေဆာင္႐ြက္ျခင္း မရွိသည္ကို စိတ္မေကာင္းစြာ ေတြ႕ရေၾကာင္း၊ ဂမ္ဘီယာႏိုင္ငံသည္ ဤအမႈ၏ ျဖစ္ရပ္မွန္မ်ားႏွင့္ တိုက္႐ိုက္သက္ဆိုင္သူ မဟုတ္ေသာ္ လည္း လူမ်ိဳးသုဥ္းသတ္ျဖတ္မႈသေဘာတူစာခ်ဳပ္တြင္ ပါဝင္ေသာ “ႏိုင္ငံအားလုံး၏ တူညီေသာ အက်ိဳးစီးပြား” အတြက္ ေဆာင္႐ြက္ျခင္းျဖစ္သည္ဟု ဆိုေၾကာင္း၊ သို႔ေသာ္ ၎အေနနဲ႔ တရား႐ုံး ေရွ႕ေမွာက္တြင္ အမႈရင္ဆိုင္ေနေသာအဖြဲ႕အစည္းတစ္ခုအေနျဖင့္ လိုက္နာရမယ့္ အေျခခံလိုအပ္ခ်က္မ်ားကိုပင္ ျပည့္မီေအာင္ ေဆာင္႐ြက္ႏိုင္ျခင္း မရွိသည္ကို ေတြ႕ရေၾကာင္း ေျပာသည္။
“အခ်က္အလက္ရွာေဖြေရးအဖြဲ႕ (FFM) ရဲ႕ ၂၀၁၈ ခုႏွစ္က ေကာက္ခ်က္မ်ားအေပၚ အေျခခံၿပီး ဒီအမႈကို ဂမ္ဘီယာက တင္သြင္းခဲ့ျခင္းျဖစ္ပါတယ္။ ယုံၾကည္စိတ္ခ်ရမႈမရွိသည့္အျပင္ ဘက္လိုက္မႈရွိတဲ့ အရင္းအျမစ္ကိုသာ ဆက္လက္၍ ကိုးကားေနပါတယ္။ ထိုကဲ့သို႔ ကိုးကားတင္သြင္းျခင္းဟာ ျမန္မာႏိုင္ငံအေပၚ တရားစီရင္မႈမျပဳမီႀကိဳတင္ ျပစ္ဒဏ္ခတ္ျခင္းသာျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ကတည္းက ဂမ္ဘီယာဟာ(FFM)ရဲ႕ အစီရင္ခံစာမ်ားက သက္ေသအေထာက္အထားမ်ားမွာ ခိုင္မာတဲ့ အေထာက္အထားမ်ားျဖစ္ေအာင္ ႀကိဳးပမ္းခဲ့ျခင္းမရွိပါ။ ၎တို႔သည္ ထိုအစီရင္ခံစာမ်ားကိုသာ အမွန္တရားမ်ားအျဖစ္ ဆက္လက္စြဲကိုင္ေနၿပီး တရား႐ုံးမွ လက္ခံေပးရန္ ေတာင္းဆိုေနပါတယ္” ဟု ျပည္ေထာင္စုဝန္ႀကီး က ေျပာသည္။
ထို႔ျပင္ တရား႐ုံးေရွ႕ေမွာက္တြင္ ႐ိုးသားေျဖာင့္မတ္စြာ လိုက္နာရမည့္ (Good faith) တာဝန္ကို ပစ္ပယ္၍ ဂမ္ဘီယာဟာ သတင္းအရင္းအျမစ္မ်ားမွ အခ်က္အလက္မ်ားကို လိုအပ္သလို ျပင္ဆင္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း၊ ေရွ႕ေနမ်ားႏွင့္ သက္ေသမ်ားကို အတူတကြထားရွိၿပီး ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားတြင္ NGOs အဖြဲ႕ဝင္မ်ား ပါဝင္ေနျခင္းဟာ အမႈအတြက္ ေရာေထြးမႈမ်ားကို ျဖစ္ေစခဲ့ေၾကာင္း၊ ဤသည္မွာ တရားစီရင္ေရးလုပ္ငန္းစဥ္ရဲ႕ ဂုဏ္သိကၡာကို အေထာက္အကူမျပဳႏိုင္သည့္အျပင္ ဂမ္ဘီယာဘက္က တင္ျပလာေသာ အေထာက္အထားမ်ား၏ ခိုင္မာမႈကို ႀကီးစြာသံသယျဖစ္ေစေၾကာင္း ေျပာၾကားသည္။
“လူမ်ိဳးသုဥ္းသတ္ျဖတ္မႈစြပ္စြဲခ်က္ကို ယခုလို စနစ္က်နမႈမရွိ၊ သတ္မွတ္သည့္စံႏႈန္းမ်ားနဲ႔လည္း ကိုက္ညီမႈမရွိဘဲ ကိုင္တြယ္ရသည္မွာ အလြန္ပင္စိုးရိမ္စရာ ျဖစ္ပါတယ္။ အဆုံးသတ္မွာေတာ့ တရား႐ုံးေတာ္အေနနဲ႔ အေရးႀကီးတဲ့ ေမးခြန္းတစ္ခုကို ေျဖၾကားရမွာ ျဖစ္ပါတယ္။ ယင္းေမးခြန္းကေတာ့ “၂၀၁၆ ခုႏွစ္ႏွင့္ ၂၀၁၇ ခုႏွစ္မ်ားအတြင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ ေဆာင္႐ြက္ခဲ့တဲ့ စစ္ဆင္ေရး မ်ားအတြင္း ျမန္မာႏိုင္ငံဟာ အုပ္စုတစ္ခု၏ တစ္စိတ္တစ္ပိုင္းကိုျဖစ္ေစ၊ အုပ္စုတစ္ခုလုံးကိုျဖစ္ေစ ဖ်က္ဆီးလိုေသာရည္႐ြယ္ခ်က္နဲ႔ လူမ်ိဳးသုဥ္းေစမႈ သေဘာတူစာခ်ဳပ္ကို ဆန႔္က်င္၍ ေဆာင္႐ြက္ခဲ့ျခင္းရွိ/မရွိ” ဆိုတဲ့အခ်က္ ျဖစ္ပါတယ္။ ဂမ္ဘီယာအေနနဲ႔ အမႈနဲ႔ဆက္စပ္ေနေသာ သက္ေသျပရန္တာဝန္ကို ေဆာင္႐ြက္ႏိုင္ျခင္းမရွိေၾကာင္း ျမန္မာႏိုင္ငံက ခိုင္မာစြာ ထုတ္ေဖာ္ျပသလိုပါတယ္။ ျမန္မာႏိုင္ငံအေနျဖင့္ သက္ေသျပရန္ တာဝန္မရွိေသာ္လည္း ဂမ္ဘီယာရဲ႕ သက္ေသ အေထာက္အထားမ်ား ခိုင္မာမႈ ရွိ/ မရွိ နဲ႔ပတ္သက္ၿပီး ရွင္းရွင္း လင္းလင္း ေထာက္ျပႏိုင္ခဲ့ပါတယ္။ ဂမ္ဘီယာႏိုင္ငံရဲ႕ အတည္မျပဳႏိုင္တဲ့ တစ္ဆင့္စကားမ်ားနဲ႔ ဘယ္သူထြက္ဆိုလို႔ ထြက္ဆိုထားမွန္းမသိတဲ့ သက္ေသထြက္ဆိုခ်က္မ်ားအေပၚ အသိအမွတ္ျပဳ ေဆာင္႐ြက္ မည္ဆိုပါက ေခ်ပရန္ အခက္အခဲ ျဖစ္ေစမွာျဖစ္ပါတယ္” ဟု ေျပာၾကားသည္။
အမႈကို ဆုံးျဖတ္ရာတြင္ ၂၀၁၆ ခုႏွစ္ႏွင့္ ၂၀၁၇ ခုႏွစ္မ်ားအတြင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျဖစ္ပြားခဲ့သည့္ အၾကမ္းဖက္တိုက္ခိုက္ မႈမ်ားကို ခ်န္လွပ္ထား၍ မရေၾကာင္း၊ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ေၾကာင့္ “နယ္ေျမရွင္းလင္းေရး” (Clearance Operations)မ်ား ျပဳလုပ္ခဲ့ရျခင္း ျဖစ္ေၾကာင္း ေျပာၾကားသည္။
“ဒီေနရာမွာ အထူးရွင္းျပလိုတာကေတာ့ ဒီအသုံးအႏႈန္းဟာ စစ္ဘက္ဆိုင္ရာအသုံးအႏႈန္း (Term of military art) တစ္ခုသာျဖစ္ၿပီး၊ ေသာင္းက်န္းမႈႏွိမ္နင္းေရး သို႔မဟုတ္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ေဆာင္႐ြက္ခ်က္မ်ားကို ရည္ၫႊန္းပါ တယ္။ ဒီအသုံးအႏႈန္းကို ကမာၻတစ္ဝွမ္းမွာ အသုံးျပဳမႈ ရွိပါတယ္။ ဂမ္ဘီယာအေနနဲ႔ တိက်မႈမရွိတဲ့အခ်က္အလက္မ်ားကို အေျခခံၿပီးတရား႐ုံးကို ဆုံးျဖတ္ခ်က္ ခ်ေစရန္ ႀကိဳးပမ္းေနပါတယ္” ဟုလည္း ေျပာၾကားသည္။