ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှု အွန်လိုင်းအစီရင်ခံစာကို ၂၀၃၀ ပြည့်နှစ်အထိ ဖြည့်သွင်းမည်

 98

Pearl (NP News) - ဇန်နဝါရီ ၁၇
ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှု အွန်လိုင်းအစီရင်ခံစာကို ၂၀၃၀ ပြည့်နှစ်အထိ ဖြည့်သွင်းမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။
ဆန်ဒိုင်းမူဘောင် အကောင်အထည်ဖော်မှုအား စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံစာတင်သွင်း နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ (ဇန်နဝါရီ ၁၆ ရက်)က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ဒေသအတွင်း အဖွဲ့အစည်းများ၊ ကမ္ဘာ့အဆင့်အဖွဲ့အစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှုအား အွန်လိုင်းမှ တစ်ဆင့်အစီရင်ခံတင်သွင်းခြင်းကို ၂၀၁၈ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆန်ဒိုင်းမူဘောင်တွင် ဘေးအန္တရာယ်ကြောင့် သေဆုံး/ ပျောက်ဆုံးသူဦးရေ၊ ထိခိုက်ဒဏ်ရာရရှိသူအပါအဝင် ဘေးသင့်ဦးရေများကိုလျှော့ချရန်၊ စီးပွားရေးလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုကို လျှော့ချရန်၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင် ခြေလျှော့ချရေးဆိုင်ရာ မဟာဗျူဟာများနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ ဘေးအန္တရာယ် ဆိုင်ရာကြိုတင်သတိပေးစနစ်များ အဆင့်မြှင့်တင်ရန် စသည့်လုပ်ငန်းများအတွက် ကမ္ဘာ့အဆင့်ပန်းတိုင် (၇)ရပ်နှင့် အညွှန်းကိန်း (၃၈) ခု ဖော်ထုတ်ထားကြောင်းလည်း ပြောကြားခဲ့သည်။

အဆိုပါဆန်ဒိုင်းမူဘောင်ပါ အညွှန်းကိန်းများသည် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (SDG) နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan: 2018–2030)ပါ အညွှန်းကိန်းများနှင့် ချိတ်ဆက်ထားပြီး မြန်မာနိုင်ငံအနေဖြင့် ဆန်ဒိုင်းမူဘောင်ပါ အညွှန်းကိန်းများကို နှစ်စဉ်မပြတ်ဖြည့်သွင်းခဲ့ကာ ဆန်ဒိုင်းမူဘောင်ကို အကောင်အထည်ဖော်ဆောင် ရွက်နေခြင်းသည် MSDP/SDG အကောင်အထည်ဖော်မှုများအတွက် လိုအပ်သည့်အချက်အလက်များ ပံ့ပိုးပေးနေခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

အိန္ဒိယနိုင်ငံနယူးဒေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဆန်ဒိုင်းမူဘောင် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြခဲ့ပြီး ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ များထဲမှ မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ ၂၀၂၄ ခုနှစ်အထိ အစီရင်ခံစာတင်သွင်းထားသောကြောင့် နိုင်ငံများ၏ အသိအမှတ်ပြုမှုရရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှု အွန်လိုင်းအစီရင်ခံစာကို ၂၀၃၀ ပြည့်နှစ်အထိ ဖြည့်သွင်းသွားရမည်ဖြစ်ပါသဖြင့် ကိန်းဂဏန်းအချက်အလက်များ ပြည့်ပြည့်စုံစုံ ထည့်သွင်းနိုင်အောင် ဆက်လက်ပူးပေါင်းပေးစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
ဆန္ဒိုင္းမူေဘာင္အေကာင္အထည္ေဖာ္မႈ အြန္လိုင္းအစီရင္ခံစာကို ၂၀၃၀ ျပည့္ႏွစ္အထိ ျဖည့္သြင္းမည္
Pearl (NP News) - ဇန္နဝါရီ ၁၇
ဆန္ဒိုင္းမူေဘာင္အေကာင္အထည္ေဖာ္မႈ အြန္လိုင္းအစီရင္ခံစာကို ၂၀၃၀ ျပည့္ႏွစ္အထိ ျဖည့္သြင္းမည္ျဖစ္ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာစိုးဝင္းက ေျပာသည္။
ဆန္ဒိုင္းမူေဘာင္ အေကာင္အထည္ေဖာ္မႈအား ေစာင့္ၾကည့္ေလ့လာေရးႏွင့္ အစီရင္ခံစာတင္သြင္း ႏိုင္ေရးလုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ယမန္ေန႔ (ဇန္နဝါရီ ၁၆ ရက္)က ေနျပည္ေတာ္ရွိ လူမႈဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန စုေပါင္းအစည္းအေဝးခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါအခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာစိုးဝင္းက ျမန္မာႏိုင္ငံအေနျဖင့္ ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈလုပ္ငန္းမ်ားကို ေဒသအတြင္း အဖြဲ႕အစည္းမ်ား၊ ကမာၻ႔အဆင့္အဖြဲ႕အစည္းမ်ားႏွင့္ခ်ိတ္ဆက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ဆန္ဒိုင္းမူေဘာင္အေကာင္အထည္ေဖာ္မႈအား အြန္လိုင္းမွ တစ္ဆင့္အစီရင္ခံတင္သြင္းျခင္းကို ၂၀၁၈ ခုႏွစ္ကတည္းက ေဆာင္႐ြက္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

ဆန္ဒိုင္းမူေဘာင္တြင္ ေဘးအႏၲရာယ္ေၾကာင့္ ေသဆုံး/ ေပ်ာက္ဆုံးသူဦးေရ၊ ထိခိုက္ဒဏ္ရာရရွိသူအပါအဝင္ ေဘးသင့္ဦးေရမ်ားကိုေလွ်ာ့ခ်ရန္၊ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ အေျခခံအေဆာက္အအုံမ်ား ထိခိုက္ပ်က္စီးမႈကို ေလွ်ာ့ခ်ရန္၊ ေဘးအႏၲရာယ္ေၾကာင့္ ထိခိုက္ဆုံးရႈံးႏိုင္ ေျခေလွ်ာ့ခ်ေရးဆိုင္ရာ မဟာဗ်ဴဟာမ်ားႏွင့္ မိတ္ဖက္ပူးေပါင္းေဆာင္႐ြက္မႈကိုျမႇင့္တင္ရန္၊ ေဘးအႏၲရာယ္ ဆိုင္ရာႀကိဳတင္သတိေပးစနစ္မ်ား အဆင့္ျမႇင့္တင္ရန္ စသည့္လုပ္ငန္းမ်ားအတြက္ ကမာၻ႔အဆင့္ပန္းတိုင္ (၇)ရပ္ႏွင့္ အၫႊန္းကိန္း (၃၈) ခု ေဖာ္ထုတ္ထားေၾကာင္းလည္း ေျပာၾကားခဲ့သည္။

အဆိုပါဆန္ဒိုင္းမူေဘာင္ပါ အၫႊန္းကိန္းမ်ားသည္ ကုလသမဂၢ၏ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးမႈပန္းတိုင္ (SDG) ႏွင့္ ျမန္မာႏိုင္ငံ၏ ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီေသာ ဖြံ႕ၿဖိဳးတိုးတက္မႈစီမံကိန္း (Myanmar Sustainable Development Plan: 2018–2030)ပါ အၫႊန္းကိန္းမ်ားႏွင့္ ခ်ိတ္ဆက္ထားၿပီး ျမန္မာႏိုင္ငံအေနျဖင့္ ဆန္ဒိုင္းမူေဘာင္ပါ အၫႊန္းကိန္းမ်ားကို ႏွစ္စဥ္မျပတ္ျဖည့္သြင္းခဲ့ကာ ဆန္ဒိုင္းမူေဘာင္ကို အေကာင္အထည္ေဖာ္ေဆာင္ ႐ြက္ေနျခင္းသည္ MSDP/SDG အေကာင္အထည္ေဖာ္မႈမ်ားအတြက္ လိုအပ္သည့္အခ်က္အလက္မ်ား ပံ့ပိုးေပးေနျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

အိႏၵိယႏိုင္ငံနယူးေဒလီၿမိဳ႕တြင္ က်င္းပျပဳလုပ္ခဲ့သည့္ အလုပ္႐ုံေဆြးေႏြးပြဲတြင္ ဆန္ဒိုင္းမူေဘာင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ထားရွိမႈကို ရွင္းလင္းတင္ျပခဲ့ၿပီး ဘင္းမ္စတက္အဖြဲ႕ဝင္ႏိုင္ငံ မ်ားထဲမွ ျမန္မာႏိုင္ငံတစ္ႏိုင္ငံတည္းသာ ၂၀၂၄ ခုႏွစ္အထိ အစီရင္ခံစာတင္သြင္းထားေသာေၾကာင့္ ႏိုင္ငံမ်ား၏ အသိအမွတ္ျပဳမႈရရွိခဲ့ေၾကာင္းလည္း သိရသည္။
အဆိုပါဆန္ဒိုင္းမူေဘာင္အေကာင္အထည္ေဖာ္မႈ အြန္လိုင္းအစီရင္ခံစာကို ၂၀၃၀ ျပည့္ႏွစ္အထိ ျဖည့္သြင္းသြားရမည္ျဖစ္ပါသျဖင့္ ကိန္းဂဏန္းအခ်က္အလက္မ်ား ျပည့္ျပည့္စုံစုံ ထည့္သြင္းႏိုင္ေအာင္ ဆက္လက္ပူးေပါင္းေပးေစလိုေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.