ICJ တွင် တရားစွဲဆိုခဲ့ခြင်းသည် အမျိုးသားရေးကိစ္စဖြစ်ကာ နိုင်ငံတော်အချုပ်အခြာ စော်ကားခံရခြင်းဖြစ်

 86

သုတကျော် (NP News) - ဇန်နဝါရီ ၁၇

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ဘင်္ဂါလီများ အရေးနှင့်ပတ်သက်၍ ICJ တွင် တရားစွဲဆိုခဲ့ခြင်းသည် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း တစ်ခုခုကို ဦးတည်၍ ဆောင်ရွက်ခြင်းမဟုတ်ဘဲ အမျိုးသားရေးကိစ္စ ဖြစ်သည့်အပြင် နိုင်ငံနှင့်ချီ စော်ကားခံ ရခြင်းဖြစ်ကြောင်း သဘောပေါက်ရန်လိုသည်ဟု NP News က ဆက်သွယ်၊ မေးမြန်းထားချက်များအရ သိရသည်။
(၂၀၁၉) ခုနှစ် နိုဝင်ဘာလတွင် ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား (၂၀၁၇) ခုနှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော စစ်ဆင်ရေးများအ တွင်း မြန်မာနိုင်ငံသည် (၁၉၄၈) ခုနှစ် လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေးနှင့်အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် (Genocide Convention) ကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲတရားစွဲဆိုခဲ့ခြင်းဖြစ် သည်။
သို့သော် နယ်ခြားစောင့်စခန်းများကို ARSA အဖွဲ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းကိုမူ ယင်းတို့၏စွပ်စွဲ ချက်တွင် ဖော်ပြခဲ့ခြင်းမျိုး မရှိခဲ့ပေ။ ယင်းနှင့်ပတ်သက်၍ NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် အမှုကြားနာပွဲသွားရောက်ခဲ့ပြီးနောက် ယခုတစ်ကြိမ်တွင် သမ္မတရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က သွားရောက်နေသည်။
တရားရုံး ကြားနာခြင်းကို ဇန်နဝါရီ (၁၂) ရက်မှ (၂၉) ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ဇန်နဝါရီ (၁၂) ရက်မှ (၁၅) ရက်အထိ ဂမ်ဘီယာနိုင်ငံက လျှောက်လဲ ချက်တင်ခဲ့ကာ မြန်မာနိုင်ငံအနေဖြင့် ဇန်နဝါရီ (၁၆) ရက် မှ(၂၀) ရက်အထိ လည်းကောင်း၊ ဇန်နဝါရီ (၂၈) ရက်မှ (၂၉) ရက်အထိလည်းကောင်း နှစ်ကြိမ် လျှောက်လဲမည်ဖြစ်သည်။
ဤ ICJ အမှုသည် မြန်မာနိုင်ငံအတွက် ရိုးရှင်း သောအမှုတစ်ခုမဟုတ်ဘဲ နိုင်ငံ၏ဂုဏ်သိက္ခာ၊ အချုပ်အခြာ အာဏာနှင့် အမျိုးသားအကျိုးစီးပွားတို့နှင့် သက်ဆိုင်သည့် အမျိုးသားရေးကိစ္စရပ်တစ်ခုဖြစ်နေပြီး မိမိကျူးလွန်ခြင်းမရှိ သည့် ရာဇဝတ်မှုတစ်ခုအတွက် နိုင်ငံတကာ၏အထင်အမြင်လွဲမှားမှုများနှင့် မတရားစွပ်စွဲမှုများကို ဥပဒေကြောင်းအရ ရင်ဆိုင်နေ ရခြင်းဖြစ်သည်။
ထို့ပြင် ယခု ကြားနာမှုအတွင်း ဂမ်ဘီယာနိုင်ငံ ဘက်က တောင်းဆိုမှုရှိနေရာ ယင်းတောင်းဆိုချက်အတွင်း ဘင်္ဂါလီများကို မူရင်းဒေသများသို့ လုံခြုံ၊ ဂုဏ်သိက္ခာရှိရှိ ပြန်လာခွင့်ပေးရန်၊ မြေ၊ အိမ်၊ ဘာသာ ရေးအဆောက်အအုံ စသည်ဖြင့် ပစ္စည်းဥစ္စာများ ပြန်လည်ပေးအပ်ရန် သို့မဟုတ် ဆုံးရှုံးပါက လျော်ကြေး ပေးရန်၊ ဘင်္ဂါလီ မိသားစုဝင်များ လုံခြုံ၊ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ပေါင်းစည်းနိုင်ရေးဆောင်ရွက်ပေးရန်၊ ရိုဟင်ဂျာအဖြစ်အသိအမှတ်ပြုရန် စသည်ဖြင့် တောင်းဆိုချက်များ ပြုလုပ်ထားသည်။
သို့သော် ယင်းတောင်းဆိုချက်တို့အနက် အချို့မှာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သဘော တူညီချက်များရှိထားပြီးဖြစ်သည့်အပြင် ဥပဒေနှင့် အညီ၊ စည်းကမ်းချက်များအတိုင်း မြန်မာနိုင်ငံဘက်က ဆောင်ရွက် ပေးရန်အတွက်လည်း မူလကပင် ပြောထားပြီးဖြစ်သည်။
“အရင်ဆုံးပြောချင်တာက ဒီဟာသည် ပုဂ္ဂိုလ်ရေးအရ တရားစွဲတာမဟုတ်ဘူး။ ICC မှာ အဲဒီလို လုပ် ပိုင်ခွင့်မရှိ ဘူး။ ဒါက နိုင်ငံတစ်နိုင်ငံကနေ နောက် တစ်နိုင်ငံကို တရားစွဲတာပဲဖြစ်တယ်။ ဒါက အမျိုးသား ရေးနဲ့ဆိုင်တဲ့ကိစ္စပါ။ ဘယ်သူ့ကို ဦးတည်တယ်ဆို တာမျိုးမဟုတ်တာကို သတိချပ်ကြဖို့လိုပါတယ်။ ကျွန်တော်တို့ နိုင်ငံနဲ့ ချီ တရားစွဲဆိုခံနေရ တာကို ကောင်းကောင်းသဘောပေါက်ဖို့လိုတယ်။ မဟုတ်ရင်တော့ ဝါဒမှိုင်းတိုက်တာပဲ ခံရမယ်” ဟု အမည် မဖော်လိုသော ဥပဒေပညာရှင်တစ်ဦးက ဆိုသည်။
တစ်ဖက်တွင် ယခုကဲ့သို့ တရားစွဲဆိုခံရခြင်းသည် တပ်မတော်ကို တရားစွဲဆိုခြင်း ဖြစ်ပြီး နိုင်ငံနှင့်မဆိုင်ကြောင်း တစ်ဖက်အဖွဲ့အစည်းများက ဝါဒဖြန့်ချိခြင်းများ ရှိနေသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်က တရား ရုံး ကြားနာပွဲသို့ သွားရောက်စဉ် ရိုဟင်ဂျာဟု မသုံးနှုန်းခဲ့သော်လည်း NUG အုပ်စုဘက်ကမူ အဆိုပါ အသုံးအနှုန်းကို တရားဝင် သုံးနှုန်းခဲ့သည်။
ထို့ပြင် NUG က ICJ နှင့် ပတ်သက်၍ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ NLD အစိုးရ လက်ထက်က ဆောင်ရွက်ချက်ကိုရည်ညွှန်း၍ ယခင် တင်ပြထားသည့် ပဏာမ ကန့်ကွက်ချက်များ အားလုံးကိုလည်း ပြန်လည် ရုပ်သိမ်း ခဲ့ကြောင်း၊ နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို တရားဝင် ကိုယ်စားပြုရန် တစ်ခုတည်းသောအဖွဲ့အစည်းမှာ အမျိုးသားညီညွတ်ရေးအစိုးရသာလျှင် ဖြစ်ကြောင်း စသည်ဖြင့် ထုတ်ပြန်ပြောဆိုခဲ့သော်လည်း NUG ကို မြန်မာနိုင်ငံ ကိုယ်စားပြုသည်ဟု ICJ ဘက်က အသိအမှတ်မပြုခဲ့ပေ။
“လက်နဲ့ရေးတာကို ခြေနဲ့ဖျက်လိုက်တာပဲ။ ပြဿနာက ဒေါ်အောင်ဆန်းစုကြည်လက်ထက်က လုပ်ခဲ့တယ်ဆို တာကို သူ့နောက်လိုက်လို့ ပြောတဲ့သူ တွေ ကိုယ်တိုင်ကပဲ ဒါကြီးက အမှားကြီးလို့ ပြန်ပြော သလို ဖြစ်နေတယ်။ ဒါက နိုင်ငံနဲ့ ချီ အစွဲခံရတယ် ဆိုတာထက် နိုင်ငံ့ဂုဏ်သိက္ခာဆိုတာကို သူတို့ မျက် ကွယ်ပြုထားတယ်။ မြန်မာနိုင်ငံက သွားပြီး ရှင်းလင်း၊ ရင်ဆိုင်နေတာကိုတောင်မှ သူတို့က ဒါကရှင်းစရာ မလိုဘူး။ လုပ်ချလိုက်၊ ကိုင်ချလိုက်လို့ ပြောနေတာ။ အမှုရှုံးရင် လျော်ကြေးပေးရမယ်။ နိုင်ငံ သိက္ခာကျမယ်။ နိုင်ငံနဲ့ချီတာနော်” ဟု ၎င်းက ဆိုသည်။
တစ်ချိန်က ဘင်္ဂါလီတို့၏ သွေးတိုးစမ်းသောကြောင့် စစ်ဝတ်စုံကို ပြန်ဝတ်လိုသည်ဟု ကြွေးကြော် တောင်းဆို ခဲ့ဖူးသော နေမျိုးဇင်သည် ယခုအခါ ရိုဟင် ဂျာများအတွက် ICJ တွင် အွန်လိုင်းမှတစ်ဆင့် သက် သေထွက်ဆိုပေးလိုသည် ဟုဆိုနေပြန်ရာ ယင်းမှာ အင်တာနက် အသုံးပြုသူများအကြား ရယ်စရာ တစ်ခု သဖွယ် ဖြစ်လာနေသည်။
“တော်တော်များများ အပြင်မှာလည်း လူတွေက မရှင်းကြဘူး။ မရှင်းတဲ့အပြင်ကို NLD ခေတ်က သွားရှင်းတဲ့ အချိန်မှာကိုက အကုန်လုံးက အဓိက မြင်နေခဲ့တာက တပ်ကအဓိကလုပ်တယ်။ တပ်မတော်ကို လုပ်တယ်လို့ မြင်ကြ တာ။ နိုင်ငံတော်နဲ့ ချီပြီးတော့ တရားစွဲခံရတယ်ဆိုတဲ့အပိုင်းကို လူတော်တော်များများ သဘောမပေါက်ကြဘူး။ တကယ် တမ်း တရားစွဲတာက နိုင်ငံတော်နဲ့ချီပြီးတော့ တရားစွဲ ထားတာ။ နိုင်ငံတော်ရဲ့ခေါင်းဆောင်တွေ အကုန် လုံးလည်းပါမယ်။ တပ်မတော်ခေါင်းဆောင်တွေလည်း ပါမယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး အစော်ကား ခံရခြင်းဆို တဲ့ဟာကို သဘောပေါက်တဲ့သူက တော်တော်လေးရှားနေတယ်။ ဒီအတိုင်းထင်တာက တပ်မတော်ဘက်ကို သီးသန့် စွဲ ထားသလိုလို ဘာလို့ရှင်းရလဲဆိုတဲ့ အတွေးမရှိကြတယ်။ နိုင်ငံတော်ရဲ့ ပုံရိပ်တစ်ခုလုံး စော်ကားခံရခြင်း ဖြစ်တယ်။ နိုင်ငံတော်ပုံရိပ်တစ်ခုလုံး တရားစွဲခံရ ခြင်းဖြစ်တယ်” ဟု သေနင်္ဂမဟာဗျူဟာ လေ့လာ ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ဆိုသည်။ ပထမ အစိုးရတစ်ရပ်က မပြီးပြတ်သည့်ကိစ္စ တစ်ရပ်ကို နိုင်ငံတော်အနေဖြင့် သွားရောက် ဖြေရှင်း နေရခြင်းဖြစ်ကာ နိုင်ငံတော်တစ်ခုလုံးစာ တရားစွဲ ခံထားရသည်ဆိုခြင်းကို မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးသဘောပေါက်ရန်လိုသည်ဟု ၎င်းက ဆို သည်။
လက်ရှိ ICJ တွင် ဂမ်ဘီယာဘက်က လျှောက်လဲရာတွင် မြန်မာနိုင်ငံမှ ဩဇာကြီးမားသော သံဃာတော်များ ကိုပင် အမှုတွင်း ပါဝင်ပတ်သက်စေရန် လျှောက်လဲခြင်းများ ရှိခဲ့သည်။ “တစ်ဖက်မှာလည်း ကျွန်တော်တို့အပေါ်မှာ ဘက်ပေါင်းစုံက မျက်စိ ထောက်ဒေါက် ကြည့်ပြီးတော့မှ ဖိအားတွေ အမျိုးမျိုး ရှိနေတဲ့ အတွက်ကြောင့် မို့လို့ ဒါကိုလည်း တင်းခံပြီး ကိုယ့်နိုင်ငံ အတွက် အကောင်းဆုံး ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်းပဲ သံမဏိနဲ့ လုပ် ထားတဲ့ စက်ရုပ်တွေ မဟုတ်တဲ့အခါကျတော့ လူသားတွေပီပီ စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာကော တော်တော် လေးတော့ ပင်ပန်းတဲ့ အနေအထားတွေ ရှိပါတယ်” ဟု သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင် စု ဝန်ကြီး ဦးကိုကိုလှိုင်က ဗီဒီယိုဖိုင်တွင် ပြောထားသည်။
မြန်မာအဖွဲ့အနေဖြင့် ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြပြီး မျက်တောင်ခတ်ရန်ပင် အတော်ကြိုး စားနေရ သောအနေအထားရှိပြီး AI ကိုပင် အသုံးပြုကာ ပုံရိပ်ကိုဖျက်နေခြင်းများရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောထား သည်။ “လျှောက်လဲ မယ့်အချက်တွေက တစ်ခုခုအမှားမခံပါဘူး။ မှားသွားလိုက်တာနဲ့ တိုင်းပြည်အတွက်ကို ရေရှည်မှာ ထိ သွားမယ့်အချက်တွေလည်း အများကြီးရှိနိုင်တယ်။အဲဒါကို ဂရုစိုက်ပြီးတော့မှ လေ့လာဖတ်ရှု၊ အသေး စိတ်ကို ပြန်ပြီးတော့ ဘယ်လိုတုံ့ပြန်မလဲ စဉ်းစားနေရ သလို တစ်ဖက်မှာလည်း ကိုယ့်ဘေးနားကပ်ပြီးတော့မှ တစ်ဖက်က လျှောက်လဲချက်တွေ အများကြီးထဲမှာ ကိုယ့်နိုင်ငံအပေါ်မှာ အမျိုးမျိုးစွပ်စွဲပြောကြားနေတာတွေကိုလည်း နားစိုက် ထောင်ပြီးတော့မှ နားခံချင် တယ်ဖြစ်စေ၊ မနာခံချင်သည် ဖြစ်စေ မှတ်သားနေရတဲ့ အခြေအနေမျိုးကလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံဘက်က ICJ တွင် သွားရောက် ဖြေရှင်းနေစဉ် ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် အသံထွက်ပေးရန်အတွက် ဆော်ဩနေကြောင်း လူသိများသည့် အစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်သူ ဥမခ့ငိ ဟိုတယ် ပိုင်ရှင် ဦးဌေးအောင်က ဆိုသည်။ “ဒီနေ့ သောကြာနေ့ဆိုတော့ ဗလီသွား တက်တယ်။ လက်လှမ်းမီတဲ့ ဆရာသခင်တွေကို ပြော ပြတယ်။ ဒီလိုတော့ ပိတ်မနေကြပါနဲ့။ ကျွန်တော်တို့က ပြည်တွင်းမှာ နေနေတယ်။ တရားတဲ့ဘက်မှာ ရပ်တည်ဖို့ ပေါ့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်ဆိုတာ အများကြီး ပြောခဲ့ပါတယ်။ သို့သော်လည်းပဲ သူတို့က နိုင်ငံရေးနဲ့ဘာသာ ရေးဆိုတာ တွဲလာမှာစိုးလို့ သူတို့ မပြောတာပါတဲ့။ သူတို့လည်း ရင်ထဲမှာတော့ ရှိတယ် ပေါ့။ ကျွန်တော့်ကိုပဲ ပြန်ပြီးတော့ တာဝန်ပေးလိုက် တယ်ပေါ့လေ။ ဘယ်လို တာဝန်ပေးလဲဆိုတော့ ဦးဌေးအောင်က ခရီးတော်တော်ရောက်နေပါတယ်တဲ့။ နိုင်ငံတော်အကြီးအကဲတွေကိုပြောပြီး ကိုယ်စားပြု လုပ်ပါလို့ကျွန်တော့်ကိုတာဝန်ပြန်ပေးတယ်။ ကျွန်တော်က သံရုံး တွေကအစ ပို့နေပါတယ်။ ကျွန်တော် ရောက်ခဲ့ဖူးတဲ့ အစ္စလာမ္မစ်နိုင်ငံတွေကအစပို့တယ်။ ကျွန်တော့် ကိုယ်ရေး ကိုယ်တာနဲ့ ပို့တာ။ ကျွန်တော်တို့ ဒီတိုင်းပြည်မှာဆက်ပြီးတော့နေဖို့ ခင်ဗျားတို့ ဆန္ဒရှိ ရင် အခုဟာတွေ ရပ်လိုက်ပါ။ ဒီမှာ သာသာယာယာနဲ့ နေနေတာ ဖြစ်တယ်။ သူများ ပြောစကားလောက်နဲ့ လိုက်လုပ်ရင် ကျွန်တော်တို့ ပြည်တွင်းမှာ နေတဲ့သူတွေ အကုန်လုံး နေလို့ အဆင်မပြေတော့ဘူးလို့ကို ပြောလိုက်တာ” ဟု ၎င်းက ဆိုသည်။
မုန်းနေသည်၊ ကြည့်မရ ဖြစ်နေသည်ဆိုပါက နေမရတော့ကြောင်း၊ ယခု အမှု နိုင်ခြင်း၊ ရှုံးခြင်းသည် ပြယုဂ် တစ်ခုသာဖြစ်မည်ဖြစ်သော်လည်း ထိခိုက်မည်မှာ မိမိတို့ ကာယကံရှင်များသာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နေထိုင် သော အစ္စလာမ်ဘာသာဝင်များသာ ထိခိုက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

Zawgyi Version:
ICJ တြင္ တရားစြဲဆိုခဲ့ျခင္းသည္ အမ်ိဳးသားေရးကိစၥျဖစ္ကာ ႏိုင္ငံေတာ္အခ်ဳပ္အျခာ ေစာ္ကားခံရျခင္းျဖစ္
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၇
ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို ဘဂၤါလီမ်ား အေရးႏွင့္ပတ္သက္၍ ICJ တြင္ တရားစြဲဆိုခဲ့ျခင္းသည္ ပုဂၢိဳလ္၊ အဖြဲ႕အစည္း တစ္ခုခုကို ဦးတည္၍ ေဆာင္႐ြက္ျခင္းမဟုတ္ဘဲ အမ်ိဳးသားေရးကိစၥ ျဖစ္သည့္အျပင္ ႏိုင္ငံႏွင့္ခ်ီ ေစာ္ကားခံ ရျခင္းျဖစ္ေၾကာင္း သေဘာေပါက္ရန္လိုသည္ဟု NP News က ဆက္သြယ္၊ ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
(၂၀၁၉) ခုႏွစ္ ႏိုဝင္ဘာလတြင္ ဂမ္ဘီယာႏိုင္ငံက အစၥလာမၼစ္ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (OIC) ကိုယ္စား (၂၀၁၇) ခုႏွစ္အတြင္း ရခိုင္ျပည္နယ္ ေျမာက္ပိုင္းတြင္ျဖစ္ပြားခဲ့ေသာ စစ္ဆင္ေရးမ်ားအ တြင္း ျမန္မာႏိုင္ငံသည္ (၁၉၄၈) ခုႏွစ္ လူမ်ိဳးတုံး သတ္ျဖတ္မႈ တားဆီးေရးႏွင့္အျပစ္ေပးေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ (Genocide Convention) ကို ခ်ိဳးေဖာက္ခဲ့သည္ဟု စြပ္စြဲတရားစြဲဆိုခဲ့ျခင္းျဖစ္ သည္။
သို႔ေသာ္ နယ္ျခားေစာင့္စခန္းမ်ားကို ARSA အဖြဲ႕က စတင္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္းကိုမူ ယင္းတို႔၏စြပ္စြဲ ခ်က္တြင္ ေဖာ္ျပခဲ့ျခင္းမ်ိဳး မရွိခဲ့ေပ။ ယင္းႏွင့္ပတ္သက္၍ NLD အစိုးရလက္ထက္တြင္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ကာ နယ္သာလန္ႏိုင္ငံ၊ သည္ဟိဂ္ၿမိဳ႕တြင္ အမႈၾကားနာပြဲသြားေရာက္ခဲ့ၿပီးေနာက္ ယခုတစ္ႀကိမ္တြင္ သမၼတ႐ုံး ဝန္ႀကီးဌာန (၂) ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ႏွင့္ ဥပေဒေရးရာ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦးတို႔ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕က သြားေရာက္ေနသည္။
တရား႐ုံး ၾကားနာျခင္းကို ဇန္နဝါရီ (၁၂) ရက္မွ (၂၉) ရက္အထိ ျပဳလုပ္မည္ျဖစ္ၿပီး ဇန္နဝါရီ (၁၂) ရက္မွ (၁၅) ရက္အထိ ဂမ္ဘီယာႏိုင္ငံက ေလွ်ာက္လဲ ခ်က္တင္ခဲ့ကာ ျမန္မာႏိုင္ငံအေနျဖင့္ ဇန္နဝါရီ (၁၆) ရက္ မွ(၂၀) ရက္အထိ လည္းေကာင္း၊ ဇန္နဝါရီ (၂၈) ရက္မွ (၂၉) ရက္အထိလည္းေကာင္း ႏွစ္ႀကိမ္ ေလွ်ာက္လဲမည္ျဖစ္သည္။
ဤ ICJ အမႈသည္ ျမန္မာႏိုင္ငံအတြက္ ႐ိုးရွင္း ေသာအမႈတစ္ခုမဟုတ္ဘဲ ႏိုင္ငံ၏ဂုဏ္သိကၡာ၊ အခ်ဳပ္အျခာ အာဏာႏွင့္ အမ်ိဳးသားအက်ိဳးစီးပြားတို႔ႏွင့္ သက္ဆိုင္သည့္ အမ်ိဳးသားေရးကိစၥရပ္တစ္ခုျဖစ္ေနၿပီး မိမိက်ဴးလြန္ျခင္းမရွိ သည့္ ရာဇဝတ္မႈတစ္ခုအတြက္ ႏိုင္ငံတကာ၏အထင္အျမင္လြဲမွားမႈမ်ားႏွင့္ မတရားစြပ္စြဲမႈမ်ားကို ဥပေဒေၾကာင္းအရ ရင္ဆိုင္ေန ရျခင္းျဖစ္သည္။
ထို႔ျပင္ ယခု ၾကားနာမႈအတြင္း ဂမ္ဘီယာႏိုင္ငံ ဘက္က ေတာင္းဆိုမႈရွိေနရာ ယင္းေတာင္းဆိုခ်က္အတြင္း ဘဂၤါလီမ်ားကို မူရင္းေဒသမ်ားသို႔ လုံၿခဳံ၊ ဂုဏ္သိကၡာရွိရွိ ျပန္လာခြင့္ေပးရန္၊ ေျမ၊ အိမ္၊ ဘာသာ ေရးအေဆာက္အအုံ စသည္ျဖင့္ ပစၥည္းဥစၥာမ်ား ျပန္လည္ေပးအပ္ရန္ သို႔မဟုတ္ ဆုံးရႈံးပါက ေလ်ာ္ေၾကး ေပးရန္၊ ဘဂၤါလီ မိသားစုဝင္မ်ား လုံၿခဳံ၊ ဂုဏ္သိကၡာရွိရွိ ျပန္လည္ေပါင္းစည္းႏိုင္ေရးေဆာင္႐ြက္ေပးရန္၊ ႐ိုဟင္ဂ်ာအျဖစ္အသိအမွတ္ျပဳရန္ စသည္ျဖင့္ ေတာင္းဆိုခ်က္မ်ား ျပဳလုပ္ထားသည္။
သို႔ေသာ္ ယင္းေတာင္းဆိုခ်က္တို႔အနက္ အခ်ိဳ႕မွာ ျမန္မာႏိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအၾကား သေဘာ တူညီခ်က္မ်ားရွိထားၿပီးျဖစ္သည့္အျပင္ ဥပေဒႏွင့္ အညီ၊ စည္းကမ္းခ်က္မ်ားအတိုင္း ျမန္မာႏိုင္ငံဘက္က ေဆာင္႐ြက္ ေပးရန္အတြက္လည္း မူလကပင္ ေျပာထားၿပီးျဖစ္သည္။
“အရင္ဆုံးေျပာခ်င္တာက ဒီဟာသည္ ပုဂၢိဳလ္ေရးအရ တရားစြဲတာမဟုတ္ဘူး။ ICC မွာ အဲဒီလို လုပ္ ပိုင္ခြင့္မရွိ ဘူး။ ဒါက ႏိုင္ငံတစ္ႏိုင္ငံကေန ေနာက္ တစ္ႏိုင္ငံကို တရားစြဲတာပဲျဖစ္တယ္။ ဒါက အမ်ိဳးသား ေရးနဲ႔ဆိုင္တဲ့ကိစၥပါ။ ဘယ္သူ႔ကို ဦးတည္တယ္ဆို တာမ်ိဳးမဟုတ္တာကို သတိခ်ပ္ၾကဖို႔လိုပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံနဲ႔ ခ်ီ တရားစြဲဆိုခံေနရ တာကို ေကာင္းေကာင္းသေဘာေပါက္ဖို႔လိုတယ္။ မဟုတ္ရင္ေတာ့ ဝါဒမႈိင္းတိုက္တာပဲ ခံရမယ္” ဟု အမည္ မေဖာ္လိုေသာ ဥပေဒပညာရွင္တစ္ဦးက ဆိုသည္။
တစ္ဖက္တြင္ ယခုကဲ့သို႔ တရားစြဲဆိုခံရျခင္းသည္ တပ္မေတာ္ကို တရားစြဲဆိုျခင္း ျဖစ္ၿပီး ႏိုင္ငံႏွင့္မဆိုင္ေၾကာင္း တစ္ဖက္အဖြဲ႕အစည္းမ်ားက ဝါဒျဖန႔္ခ်ိျခင္းမ်ား ရွိေနသည့္အျပင္ ေဒၚေအာင္ဆန္းစုၾကည္က တရား ႐ုံး ၾကားနာပြဲသို႔ သြားေရာက္စဥ္ ႐ိုဟင္ဂ်ာဟု မသုံးႏႈန္းခဲ့ေသာ္လည္း NUG အုပ္စုဘက္ကမူ အဆိုပါ အသုံးအႏႈန္းကို တရားဝင္ သုံးႏႈန္းခဲ့သည္။
ထို႔ျပင္ NUG က ICJ ႏွင့္ ပတ္သက္၍ ထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့ရာ NLD အစိုးရ လက္ထက္က ေဆာင္႐ြက္ခ်က္ကိုရည္ၫႊန္း၍ ယခင္ တင္ျပထားသည့္ ပဏာမ ကန႔္ကြက္ခ်က္မ်ား အားလုံးကိုလည္း ျပန္လည္ ႐ုပ္သိမ္း ခဲ့ေၾကာင္း၊ ႏိုင္ငံတကာတရား႐ုံး (ICJ) တြင္ ျမန္မာႏိုင္ငံကို တရားဝင္ ကိုယ္စားျပဳရန္ တစ္ခုတည္းေသာအဖြဲ႕အစည္းမွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရသာလွ်င္ ျဖစ္ေၾကာင္း စသည္ျဖင့္ ထုတ္ျပန္ေျပာဆိုခဲ့ေသာ္လည္း NUG ကို ျမန္မာႏိုင္ငံ ကိုယ္စားျပဳသည္ဟု ICJ ဘက္က အသိအမွတ္မျပဳခဲ့ေပ။
“လက္နဲ႔ေရးတာကို ေျခနဲ႔ဖ်က္လိုက္တာပဲ။ ျပႆနာက ေဒၚေအာင္ဆန္းစုၾကည္လက္ထက္က လုပ္ခဲ့တယ္ဆို တာကို သူ႔ေနာက္လိုက္လို႔ ေျပာတဲ့သူ ေတြ ကိုယ္တိုင္ကပဲ ဒါႀကီးက အမွားႀကီးလို႔ ျပန္ေျပာ သလို ျဖစ္ေနတယ္။ ဒါက ႏိုင္ငံနဲ႔ ခ်ီ အစြဲခံရတယ္ ဆိုတာထက္ ႏိုင္ငံ့ဂုဏ္သိကၡာဆိုတာကို သူတို႔ မ်က္ ကြယ္ျပဳထားတယ္။ ျမန္မာႏိုင္ငံက သြားၿပီး ရွင္းလင္း၊ ရင္ဆိုင္ေနတာကိုေတာင္မွ သူတို႔က ဒါကရွင္းစရာ မလိုဘူး။ လုပ္ခ်လိုက္၊ ကိုင္ခ်လိုက္လို႔ ေျပာေနတာ။ အမႈရႈံးရင္ ေလ်ာ္ေၾကးေပးရမယ္။ ႏိုင္ငံ သိကၡာက်မယ္။ ႏိုင္ငံနဲ႔ခ်ီတာေနာ္” ဟု ၎က ဆိုသည္။
တစ္ခ်ိန္က ဘဂၤါလီတို႔၏ ေသြးတိုးစမ္းေသာေၾကာင့္ စစ္ဝတ္စုံကို ျပန္ဝတ္လိုသည္ဟု ေႂကြးေၾကာ္ ေတာင္းဆို ခဲ့ဖူးေသာ ေနမ်ိဳးဇင္သည္ ယခုအခါ ႐ိုဟင္ ဂ်ာမ်ားအတြက္ ICJ တြင္ အြန္လိုင္းမွတစ္ဆင့္ သက္ ေသထြက္ဆိုေပးလိုသည္ ဟုဆိုေနျပန္ရာ ယင္းမွာ အင္တာနက္ အသုံးျပဳသူမ်ားအၾကား ရယ္စရာ တစ္ခု သဖြယ္ ျဖစ္လာေနသည္။
“ေတာ္ေတာ္မ်ားမ်ား အျပင္မွာလည္း လူေတြက မရွင္းၾကဘူး။ မရွင္းတဲ့အျပင္ကို NLD ေခတ္က သြားရွင္းတဲ့ အခ်ိန္မွာကိုက အကုန္လုံးက အဓိက ျမင္ေနခဲ့တာက တပ္ကအဓိကလုပ္တယ္။ တပ္မေတာ္ကို လုပ္တယ္လို႔ ျမင္ၾက တာ။ ႏိုင္ငံေတာ္နဲ႔ ခ်ီၿပီးေတာ့ တရားစြဲခံရတယ္ဆိုတဲ့အပိုင္းကို လူေတာ္ေတာ္မ်ားမ်ား သေဘာမေပါက္ၾကဘူး။ တကယ္ တမ္း တရားစြဲတာက ႏိုင္ငံေတာ္နဲ႔ခ်ီၿပီးေတာ့ တရားစြဲ ထားတာ။ ႏိုင္ငံေတာ္ရဲ႕ေခါင္းေဆာင္ေတြ အကုန္ လုံးလည္းပါမယ္။ တပ္မေတာ္ေခါင္းေဆာင္ေတြလည္း ပါမယ္။ ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ ပတ္သက္ၿပီး အေစာ္ကား ခံရျခင္းဆို တဲ့ဟာကို သေဘာေပါက္တဲ့သူက ေတာ္ေတာ္ေလးရွားေနတယ္။ ဒီအတိုင္းထင္တာက တပ္မေတာ္ဘက္ကို သီးသန႔္ စြဲ ထားသလိုလို ဘာလို႔ရွင္းရလဲဆိုတဲ့ အေတြးမရွိၾကတယ္။ ႏိုင္ငံေတာ္ရဲ႕ ပုံရိပ္တစ္ခုလုံး ေစာ္ကားခံရျခင္း ျဖစ္တယ္။ ႏိုင္ငံေတာ္ပုံရိပ္တစ္ခုလုံး တရားစြဲခံရ ျခင္းျဖစ္တယ္” ဟု ေသနဂၤမဟာဗ်ဴဟာ ေလ့လာ ေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက ဆိုသည္။ ပထမ အစိုးရတစ္ရပ္က မၿပီးျပတ္သည့္ကိစၥ တစ္ရပ္ကို ႏိုင္ငံေတာ္အေနျဖင့္ သြားေရာက္ ေျဖရွင္း ေနရျခင္းျဖစ္ကာ ႏိုင္ငံေတာ္တစ္ခုလုံးစာ တရားစြဲ ခံထားရသည္ဆိုျခင္းကို ျမန္မာႏိုင္ငံသူ ႏိုင္ငံသားမ်ား အားလုံးသေဘာေပါက္ရန္လိုသည္ဟု ၎က ဆို သည္။
လက္ရွိ ICJ တြင္ ဂမ္ဘီယာဘက္က ေလွ်ာက္လဲရာတြင္ ျမန္မာႏိုင္ငံမွ ဩဇာႀကီးမားေသာ သံဃာေတာ္မ်ား ကိုပင္ အမႈတြင္း ပါဝင္ပတ္သက္ေစရန္ ေလွ်ာက္လဲျခင္းမ်ား ရွိခဲ့သည္။ “တစ္ဖက္မွာလည္း ကြၽန္ေတာ္တို႔အေပၚမွာ ဘက္ေပါင္းစုံက မ်က္စိ ေထာက္ေဒါက္ ၾကည့္ၿပီးေတာ့မွ ဖိအားေတြ အမ်ိဳးမ်ိဳး ရွိေနတဲ့ အတြက္ေၾကာင့္ မို႔လို႔ ဒါကိုလည္း တင္းခံၿပီး ကိုယ့္ႏိုင္ငံ အတြက္ အေကာင္းဆုံး ႀကိဳးစားသြားရမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ကလည္းပဲ သံမဏိနဲ႔ လုပ္ ထားတဲ့ စက္႐ုပ္ေတြ မဟုတ္တဲ့အခါက်ေတာ့ လူသားေတြပီပီ စိတ္ပိုင္းဆိုင္ရာေကာ၊ ႐ုပ္ပိုင္းဆိုင္ရာေကာ ေတာ္ေတာ္ ေလးေတာ့ ပင္ပန္းတဲ့ အေနအထားေတြ ရွိပါတယ္” ဟု သမၼတ႐ုံးဝန္ႀကီးဌာန (၂) ျပည္ေထာင္ စု ဝန္ႀကီး ဦးကိုကိုလႈိင္က ဗီဒီယိုဖိုင္တြင္ ေျပာထားသည္။
ျမန္မာအဖြဲ႕အေနျဖင့္ ပင္ပင္ပန္းပန္း အလုပ္လုပ္ေနၾကၿပီး မ်က္ေတာင္ခတ္ရန္ပင္ အေတာ္ႀကိဳး စားေနရ ေသာအေနအထားရွိၿပီး AI ကိုပင္ အသုံးျပဳကာ ပုံရိပ္ကိုဖ်က္ေနျခင္းမ်ားရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာထား သည္။ “ေလွ်ာက္လဲ မယ့္အခ်က္ေတြက တစ္ခုခုအမွားမခံပါဘူး။ မွားသြားလိုက္တာနဲ႔ တိုင္းျပည္အတြက္ကို ေရရွည္မွာ ထိ သြားမယ့္အခ်က္ေတြလည္း အမ်ားႀကီးရွိႏိုင္တယ္။အဲဒါကို ဂ႐ုစိုက္ၿပီးေတာ့မွ ေလ့လာဖတ္ရႈ၊ အေသး စိတ္ကို ျပန္ၿပီးေတာ့ ဘယ္လိုတုံ႔ျပန္မလဲ စဥ္းစားေနရ သလို တစ္ဖက္မွာလည္း ကိုယ့္ေဘးနားကပ္ၿပီးေတာ့မွ တစ္ဖက္က ေလွ်ာက္လဲခ်က္ေတြ အမ်ားႀကီးထဲမွာ ကိုယ့္ႏိုင္ငံအေပၚမွာ အမ်ိဳးမ်ိဳးစြပ္စြဲေျပာၾကားေနတာေတြကိုလည္း နားစိုက္ ေထာင္ၿပီးေတာ့မွ နားခံခ်င္ တယ္ျဖစ္ေစ၊ မနာခံခ်င္သည္ ျဖစ္ေစ မွတ္သားေနရတဲ့ အေျခအေနမ်ိဳးကလည္း ရွိပါတယ္” ဟု ၎က ေျပာသည္။
ျမန္မာႏိုင္ငံဘက္က ICJ တြင္ သြားေရာက္ ေျဖရွင္းေနစဥ္ ျပည္တြင္းရွိ အစၥလာမ္ဘာသာဝင္မ်ား အေနျဖင့္ အသံထြက္ေပးရန္အတြက္ ေဆာ္ဩေနေၾကာင္း လူသိမ်ားသည့္ အစၥလာမ္ဘာသာဝင္တစ္ဦး ျဖစ္သူ ဥမခ့ငိ ဟိုတယ္ ပိုင္ရွင္ ဦးေဌးေအာင္က ဆိုသည္။ “ဒီေန႔ ေသာၾကာေန႔ဆိုေတာ့ ဗလီသြား တက္တယ္။ လက္လွမ္းမီတဲ့ ဆရာသခင္ေတြကို ေျပာ ျပတယ္။ ဒီလိုေတာ့ ပိတ္မေနၾကပါနဲ႔။ ကြၽန္ေတာ္တို႔က ျပည္တြင္းမွာ ေနေနတယ္။ တရားတဲ့ဘက္မွာ ရပ္တည္ဖို႔ ေပါ့ ကြၽန္ေတာ္တို႔မွာ တာဝန္ရွိတယ္ဆိုတာ အမ်ားႀကီး ေျပာခဲ့ပါတယ္။ သို႔ေသာ္လည္းပဲ သူတို႔က ႏိုင္ငံေရးနဲ႔ဘာသာ ေရးဆိုတာ တြဲလာမွာစိုးလို႔ သူတို႔ မေျပာတာပါတဲ့။ သူတို႔လည္း ရင္ထဲမွာေတာ့ ရွိတယ္ ေပါ့။ ကြၽန္ေတာ့္ကိုပဲ ျပန္ၿပီးေတာ့ တာဝန္ေပးလိုက္ တယ္ေပါ့ေလ။ ဘယ္လို တာဝန္ေပးလဲဆိုေတာ့ ဦးေဌးေအာင္က ခရီးေတာ္ေတာ္ေရာက္ေနပါတယ္တဲ့။ ႏိုင္ငံေတာ္အႀကီးအကဲေတြကိုေျပာၿပီး ကိုယ္စားျပဳ လုပ္ပါလို႔ကြၽန္ေတာ့္ကိုတာဝန္ျပန္ေပးတယ္။ ကြၽန္ေတာ္က သံ႐ုံး ေတြကအစ ပို႔ေနပါတယ္။ ကြၽန္ေတာ္ ေရာက္ခဲ့ဖူးတဲ့ အစၥလာမၼစ္ႏိုင္ငံေတြကအစပို႔တယ္။ ကြၽန္ေတာ့္ ကိုယ္ေရး ကိုယ္တာနဲ႔ ပို႔တာ။ ကြၽန္ေတာ္တို႔ ဒီတိုင္းျပည္မွာဆက္ၿပီးေတာ့ေနဖို႔ ခင္ဗ်ားတို႔ ဆႏၵရွိ ရင္ အခုဟာေတြ ရပ္လိုက္ပါ။ ဒီမွာ သာသာယာယာနဲ႔ ေနေနတာ ျဖစ္တယ္။ သူမ်ား ေျပာစကားေလာက္နဲ႔ လိုက္လုပ္ရင္ ကြၽန္ေတာ္တို႔ ျပည္တြင္းမွာ ေနတဲ့သူေတြ အကုန္လုံး ေနလို႔ အဆင္မေျပေတာ့ဘူးလို႔ကို ေျပာလိုက္တာ” ဟု ၎က ဆိုသည္။
မုန္းေနသည္၊ ၾကည့္မရ ျဖစ္ေနသည္ဆိုပါက ေနမရေတာ့ေၾကာင္း၊ ယခု အမႈ ႏိုင္ျခင္း၊ ရႈံးျခင္းသည္ ျပယုဂ္ တစ္ခုသာျဖစ္မည္ျဖစ္ေသာ္လည္း ထိခိုက္မည္မွာ မိမိတို႔ ကာယကံရွင္မ်ားသာျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ ေနထိုင္ ေသာ အစၥလာမ္ဘာသာဝင္မ်ားသာ ထိခိုက္သြားမည္ ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။

Related news

© 2021. All rights reserved.