"ငြိမ်းချမ်းရေးဘုတ်အဖွဲ့" စီမံကိန်း - အမြဲတမ်းအဖွဲ့ဝင်လိုရင် ဒေါ်လာ ၁ ဘီလီယံ ပေးရမယ်လို့ သမ္မတထရမ့် သတ်မှတ်

401

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၉
အမေရိကန်သမ္မတထရမ့်သည် ကမ္ဘာ့ကုလသမဂ္ဂ (UN) ၏ သြဇာအာဏာကို အစားထိုး ရယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတကာ "ငြိမ်းချမ်းရေးဘုတ်အဖွဲ့" (Board of Peace) တစ်ရပ်ကို တည်ထောင်ရန် စီစဉ်နေပြီဖြစ်ကြောင်း အိမ်ဖြူတော်နှင့်နီးစပ်သည့်သတင်းရပ်ကွက်များက အတည်ပြုပြောကြားလိုက်သည်။
အဆိုပါ စီမံကိန်းအတွက် နိုင်ငံပေါင်း (၆ဝ) ခန့်ကို ကမ်းလှမ်းဖိတ်ခေါ်ထားပြီး ဖွဲ့စည်းပုံဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များမှာ သမားရိုးကျ သံတမန်ဆက်ဆံရေးပုံစံများထက် စီးပွားရေးဆန်သည့် သဘောတူညီချက်များ ပါဝင်နေခြင်းကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းကြား ဂယက်ရိုက်ခတ်မှုများ ရှိနေသည်။
ပေါက်ကြားလာသည့် မူကြမ်းစာချုပ်ပါအချက်အလက်များအရ အဖွဲ့ဝင်နိုင်ငံများ၏ သက်တမ်းကို (၃) နှစ်ဟု သတ်မှတ်ထားထားပြီး ထူးခြားချက်မှာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အဆိုပါသက်တမ်းကန့်သတ်ချက်ကို ကျော်လွန်ပြီး "အမြဲတမ်းအဖွဲ့ဝင်" (Permanent Member) အဖြစ် ရပ်တည်လိုပါက လုပ်ငန်းစဉ်များ ပံ့ပိုးမှုအဖြစ် အမေရိကန်ဒေါ်လာ (၁) ဘီလီယံကို ထည့်ဝင်ရမည်ဟု ဖော်ပြပါရှိသည်။
အဆိုပါအချက်ကသံတမန်ရေးရာ တန်းတူညီမျှမှုကို လျစ်လျူရှုရာ ရောက်ပြီး ငွေကြေးတတ်နိုင်သည့် နိုင်ငံများသာ အခွင့်အရေးရမည့် "Pay-to-Play" စနစ်ဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။အဆိုပါ ဘုတ်အဖွဲ့၏ ဖွဲ့စည်းပုံအရ သမ္မတ ထရမ့်ပ်သည် "တသက်တာ ဥက္ကဋ္ဌ" (Chairman for Life) အဖြစ် တာဝန်ယူမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ သက်တမ်းတိုးခြင်း၊ ရပ်စဲခြင်းဆိုင်ရာ အဆုံးအဖြတ်များကို ၎င်းကိုယ်တိုင် ချမှတ်သွားမည်ဖြစ်သည်။ ဒါ့အပြင် အမေရိကန်၏ အနီးကပ်မဟာမိတ်များဖြစ်သည့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနှင့် ထရမ့်ပ်၏ သားမက် ဂျာရက်ကုရှ်နာတို့လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လာဖွယ်ရှိနေသည်။
အဆိုပါဘုတ်အဖွဲ့၏ ပထမဆုံး မစ်ရှင်အနေဖြင့် လက်ရှိဖြစ်ပွားနေသည့် ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်သည်။
ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီ (UNSC) မှ ဖြေရှင်းရန် ကြန့်ကြာနေသည့်ကိစ္စရပ်များကို ဤဘုတ်အဖွဲ့က အမြန်ဆုံး ဝင်ရောက်စွက်ဖက်မည့် သဘောဆောင်နေသည်။ ဂါဇာအရေးအပြင် ယူကရိန်းစစ်ပွဲနှင့် အခြားသော ဒေသတွင်း ပဋိပက္ခများကိုပါ ဆက်လက်ကိုင်တွယ်ဖြေရှင်းဖွယ်ရှိနေသည်။
နိုင်ငံရေး လေ့လာသူများကမူ အဆိုပါခြေလှမ်းသည် ဒုတိယကမ္ဘာစစ်ပြီးကတည်းက တည်ရှိခဲ့သော နိုင်ငံတကာစည်းမျဉ်းအခြေခံသည့်စနစ်ကို စိန်ခေါ်လိုက်ခြင်းဖြစ်ပြီး၊ အမေရိကန်ဦးဆောင်သည့် သီးသန့် မဟာမိတ်အုပ်စုသစ်တစ်ခု ပေါ်ထွန်းလာနိုင်ကြောင်း သုံးသပ်နေကြသည်။

Zawgyi Version;
"ၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕" စီမံကိန္း - အၿမဲတမ္းအဖြဲ႕ဝင္လိုရင္ ေဒၚလာ ၁ ဘီလီယံ ေပးရမယ္လို႔ သမၼတထရမ့္ သတ္မွတ္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၉
အေမရိကန္သမၼတထရမ့္သည္ ကမာၻ႔ကုလသမဂၢ (UN) ၏ ၾသဇာအာဏာကို အစားထိုး ရယူႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ႏိုင္ငံတကာ "ၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕" (Board of Peace) တစ္ရပ္ကို တည္ေထာင္ရန္ စီစဥ္ေနၿပီျဖစ္ေၾကာင္း အိမ္ျဖဴေတာ္ႏွင့္နီးစပ္သည့္သတင္းရပ္ကြက္မ်ားက အတည္ျပဳေျပာၾကားလိုက္သည္။
အဆိုပါ စီမံကိန္းအတြက္ ႏိုင္ငံေပါင္း (၆ဝ) ခန႔္ကို ကမ္းလွမ္းဖိတ္ေခၚထားၿပီး ဖြဲ႕စည္းပုံဆိုင္ရာ စည္းမ်ဥ္းသတ္မွတ္ခ်က္မ်ားမွာ သမား႐ိုးက် သံတမန္ဆက္ဆံေရးပုံစံမ်ားထက္ စီးပြားေရးဆန္သည့္ သေဘာတူညီခ်က္မ်ား ပါဝင္ေနျခင္းေၾကာင့္ ႏိုင္ငံတကာအသိုင္းအဝိုင္းၾကား ဂယက္႐ိုက္ခတ္မႈမ်ား ရွိေနသည္။
ေပါက္ၾကားလာသည့္ မူၾကမ္းစာခ်ဳပ္ပါအခ်က္အလက္မ်ားအရ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ သက္တမ္းကို (၃) ႏွစ္ဟု သတ္မွတ္ထားထားၿပီး ထူးျခားခ်က္မွာ အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံအေနျဖင့္ အဆိုပါသက္တမ္းကန႔္သတ္ခ်က္ကို ေက်ာ္လြန္ၿပီး "အၿမဲတမ္းအဖြဲ႕ဝင္" (Permanent Member) အျဖစ္ ရပ္တည္လိုပါက လုပ္ငန္းစဥ္မ်ား ပံ့ပိုးမႈအျဖစ္ အေမရိကန္ေဒၚလာ (၁) ဘီလီယံကို ထည့္ဝင္ရမည္ဟု ေဖာ္ျပပါရွိသည္။
အဆိုပါအခ်က္ကသံတမန္ေရးရာ တန္းတူညီမွ်မႈကို လ်စ္လ်ဴရႈရာ ေရာက္ၿပီး ေငြေၾကးတတ္ႏိုင္သည့္ ႏိုင္ငံမ်ားသာ အခြင့္အေရးရမည့္ "Pay-to-Play" စနစ္ျဖစ္ေၾကာင္း ေဝဖန္သုံးသပ္မႈမ်ားလည္း ထြက္ေပၚလ်က္ရွိသည္။အဆိုပါ ဘုတ္အဖြဲ႕၏ ဖြဲ႕စည္းပုံအရ သမၼတ ထရမ့္ပ္သည္ "တသက္တာ ဥကၠ႒" (Chairman for Life) အျဖစ္ တာဝန္ယူမည္ျဖစ္ၿပီး အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ သက္တမ္းတိုးျခင္း၊ ရပ္စဲျခင္းဆိုင္ရာ အဆုံးအျဖတ္မ်ားကို ၎ကိုယ္တိုင္ ခ်မွတ္သြားမည္ျဖစ္သည္။ ဒါ့အျပင္ အေမရိကန္၏ အနီးကပ္မဟာမိတ္မ်ားျဖစ္သည့္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဟာင္း တိုနီဘလဲႏွင့္ ထရမ့္ပ္၏ သားမက္ ဂ်ာရက္ကုရွ္နာတို႔လည္း အဓိကအခန္းက႑မွ ပါဝင္လာဖြယ္ရွိေနသည္။
အဆိုပါဘုတ္အဖြဲ႕၏ ပထမဆုံး မစ္ရွင္အေနျဖင့္ လက္ရွိျဖစ္ပြားေနသည့္ ဂါဇာကမ္းေျမာင္ေဒသ ပဋိပကၡကို ကိုင္တြယ္ေျဖရွင္းသြားမည္ျဖစ္သည္။
ကုလသမဂၢ၏ လုံၿခဳံေရးေကာင္စီ (UNSC) မွ ေျဖရွင္းရန္ ၾကန႔္ၾကာေနသည့္ကိစၥရပ္မ်ားကို ဤဘုတ္အဖြဲ႕က အျမန္ဆုံး ဝင္ေရာက္စြက္ဖက္မည့္ သေဘာေဆာင္ေနသည္။ ဂါဇာအေရးအျပင္ ယူကရိန္းစစ္ပြဲႏွင့္ အျခားေသာ ေဒသတြင္း ပဋိပကၡမ်ားကိုပါ ဆက္လက္ကိုင္တြယ္ေျဖရွင္းဖြယ္ရွိေနသည္။
ႏိုင္ငံေရး ေလ့လာသူမ်ားကမူ အဆိုပါေျခလွမ္းသည္ ဒုတိယကမာၻစစ္ၿပီးကတည္းက တည္ရွိခဲ့ေသာ ႏိုင္ငံတကာစည္းမ်ဥ္းအေျခခံသည့္စနစ္ကို စိန္ေခၚလိုက္ျခင္းျဖစ္ၿပီး၊ အေမရိကန္ဦးေဆာင္သည့္ သီးသန႔္ မဟာမိတ္အုပ္စုသစ္တစ္ခု ေပၚထြန္းလာႏိုင္ေၾကာင္း သုံးသပ္ေနၾကသည္။