ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ချေးငွေ ကျပ်သိန်း (၁၀ဝဝဝ) အထိ ခွင့်ပြုပေးထားသော်လည်း ထုတ်ယူသူ နည်းပါး

92

Pearl (NP News) - ဇန်နဝါရီ ၁၉
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ချေးငွေကျပ်သိန်း (၁၀ဝဝဝ) အထိ ခွင့်ပြုပေးထားသော် လည်း ထုတ်ယူသူနည်းပါးကြောင်း ဆီစက်လုပ်ငန်းရှင်များအသင်းနှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။
ယခင်က ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေအစီအစဉ်တွင် ငွေရေးကြေးရေးအဖွဲ့အစည်း (Participating Financial Institution-PFI) ဘဏ်များအဖြစ် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့ လယ် ယာဖွံ့ဖြိုးရေးဘဏ်တို့သာ ဆောင်ရွက်ခဲ့ရာမှ ယခု PFI ဘဏ်များအဖြစ် ပုဂ္ဂလိကဘဏ် (၁၄) ဘဏ် ပါဝင်လာပြီး ချေးငွေများထုတ်ချေးပေးလျက်ရှိပြီး ချေးငွေပမာဏကိုလည်း ယခင်က ဆီစက်လုပ်ငန်း ရှင်တစ်ဦးလျှင် ငွေကျပ် သိန်း (၃၀ဝဝ) ထိသာထုတ်ချေးခဲ့ရာမှ ယခုငွေကျပ်သိန်း (၅၀ဝဝ)အထိ တိုးမြှင့် ထုတ်ချေးခွင့်ပြုထားကာ ဆီစက်အကြီးများတည်ဆောက်တပ်ဆင်ခြင်းအတွက် ငွေကျပ် သိန်း (၁၀ဝဝဝ) အထိ ခွင့်ပြုထားကြောင်း သိရသည်။
“နောက်ဆုံးထုတ်ပြန်ထားတဲ့ ဥပဒေအရဆိုရင် ပုဂ္ဂလိကဘဏ်တွေကနေ ချေးလို့ရမယ်ဆိုပြီး သတ် မှတ်ထားတာပေါ့နော်။ ထုတ်လိုက်ပေမယ့်လည်း အဲဒီအတွက် အူယားဖားယား ရောက်မလာကြ သေးဘူး။ အားလုံးတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုရင် (၁၄)စောင် ၊ (၁၅) စောင်လောက်တော့ရှိပြီပေါ့ နော်။ အဲဒီထက်လည်း မပိုသေးဘူး” ဟု ၎င်းကပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စက်မှုကြီးကြပ်တွင် လိုင်စင်တင်ထားသည့် ဆီစက်ပေါင်း (၃၆၀ဝ) ကျော်၊ လိုင်စင်မတင်ထားသည့် ဆီစက်ပေါင်း (၆၀ဝ) ကျော် စုစုပေါင်း (၄၂၀ဝ)ကျော် ရှိရာ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ လုပ်ငန်းရှင် (၁၅) ဦးခန့်သာ ချေး ငွေ လာရောက်လျှောက်ထားခြင်းဖြစ်ပြီး ချေးငွေ ပမာဏအနေဖြင့်လည်း ကျပ်သိန်း (၅၀ဝဝ) မကျော် ကြောင်း သိရသည်။
“လောလောဆယ်တင်တဲ့အထဲမှာ (၅၀ဝဝ) ထက်ပိုတင်တဲ့လူတော့ မပါသေးဘူး။ မန္တလေးတိုင်း စက်မှုဇုန်ထဲကလည်းပါတယ်။ စစ်ကိုင်းတိုင်းကလည်းရှိတယ်။ မုံရွာမြို့ပေါ်က စက်တွေလည်း ပါတယ်။ အချက်အလက်မပြည့်စုံတာလေးတွေ ပြည့်စုံအောင်ပြန်လုပ်ခိုင်းနေတယ်။ ချေးငွေစပြီး ပေးမယ်လို့ ထုတ်လိုက်ကတည်းက တင်တော့တင်နေကြတယ်။ ဒါပေမဲ့ ဘယ်သူတော့ ရသွားပြီဆိုတာတော့ မရှိ သေးဘူး။ ဥပဒေအသစ် မပြောင်းခင်ကတော့ တောက်လျှောက်ပေးနေတာရှိပါတယ်။ ရတဲ့လူတွေလည်း ရှိပါတယ်” ဟု၎င်းကပြောသည်။
နိုင်ငံတော်အတွင်း စားသုံးဆီကြိတ်ခွဲထုတ်လုပ်ရောင်းချနေသော ဆီစက်များ အသစ်တည် ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရန် နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ငွေကျပ် ဘီလျံ (၅၀) မတည်ထူထောင်ပေးခဲ့ပြီး တစ်နှစ်လျှင် အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အသစ်တည်ထောင်သည့် ဆီစက်လုပ်ငန်းများရှိသော်လည်း ဈေးကွက်မရရှိမှု ကြောင့် ပြည်တွင်း ဆီစက်စုစုပေါင်း၏ (၂၀)ရာခိုင်နှုန်းနီးပါး ရပ်နားနေကြောင်းလည်း သိရသည်။
ထို့ပြင် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများပံ့ပိုးပေးမည့်အစား ဈေးကွက် ရရှိရေးကိုသာ ဖော်ဆောင်ပေးစေလိုသည့် လုပ်ငန်းရှင်အချို့ရှိနေကြောင်းလည်း သိရသည်။

Zawgyi Version;
ဆီစက္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရးအတြက္ ေခ်းေငြ က်ပ္သိန္း (၁၀ဝဝဝ) အထိ ခြင့္ျပဳေပးထားေသာ္လည္း ထုတ္ယူသူ နည္းပါး
Pearl (NP News) - ဇန္နဝါရီ ၁၉
ဆီစက္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရးအတြက္ ေခ်းေငြက်ပ္သိန္း (၁၀ဝဝဝ) အထိ ခြင့္ျပဳေပးထားေသာ္ လည္း ထုတ္ယူသူနည္းပါးေၾကာင္း ဆီစက္လုပ္ငန္းရွင္မ်ားအသင္းႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
ယခင္က ဆီစက္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရး ေခ်းေငြအစီအစဥ္တြင္ ေငြေရးေၾကးေရးအဖြဲ႕အစည္း (Participating Financial Institution-PFI) ဘဏ္မ်ားအျဖစ္ ျမန္မာ့စီးပြားေရးဘဏ္ႏွင့္ ျမန္မာ့ လယ္ ယာဖြံ႕ၿဖိဳးေရးဘဏ္တို႔သာ ေဆာင္႐ြက္ခဲ့ရာမွ ယခု PFI ဘဏ္မ်ားအျဖစ္ ပုဂၢလိကဘဏ္ (၁၄) ဘဏ္ ပါဝင္လာၿပီး ေခ်းေငြမ်ားထုတ္ေခ်းေပးလ်က္ရွိၿပီး ေခ်းေငြပမာဏကိုလည္း ယခင္က ဆီစက္လုပ္ငန္း ရွင္တစ္ဦးလွ်င္ ေငြက်ပ္ သိန္း (၃၀ဝဝ) ထိသာထုတ္ေခ်းခဲ့ရာမွ ယခုေငြက်ပ္သိန္း (၅၀ဝဝ)အထိ တိုးျမႇင့္ ထုတ္ေခ်းခြင့္ျပဳထားကာ ဆီစက္အႀကီးမ်ားတည္ေဆာက္တပ္ဆင္ျခင္းအတြက္ ေငြက်ပ္ သိန္း (၁၀ဝဝဝ) အထိ ခြင့္ျပဳထားေၾကာင္း သိရသည္။
“ေနာက္ဆုံးထုတ္ျပန္ထားတဲ့ ဥပေဒအရဆိုရင္ ပုဂၢလိကဘဏ္ေတြကေန ေခ်းလို႔ရမယ္ဆိုၿပီး သတ္ မွတ္ထားတာေပါ့ေနာ္။ ထုတ္လိုက္ေပမယ့္လည္း အဲဒီအတြက္ အူယားဖားယား ေရာက္မလာၾက ေသးဘူး။ အားလုံးတစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ဆိုရင္ (၁၄)ေစာင္ ၊ (၁၅) ေစာင္ေလာက္ေတာ့ရွိၿပီေပါ့ ေနာ္။ အဲဒီထက္လည္း မပိုေသးဘူး” ဟု ၎ကေျပာသည္။
တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ စက္မႈႀကီးၾကပ္တြင္ လိုင္စင္တင္ထားသည့္ ဆီစက္ေပါင္း (၃၆၀ဝ) ေက်ာ္၊ လိုင္စင္မတင္ထားသည့္ ဆီစက္ေပါင္း (၆၀ဝ) ေက်ာ္ စုစုေပါင္း (၄၂၀ဝ)ေက်ာ္ ရွိရာ လက္ရွိတြင္ မႏၲေလးတိုင္းေဒသႀကီး ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးတို႔မွ လုပ္ငန္းရွင္ (၁၅) ဦးခန႔္သာ ေခ်း ေငြ လာေရာက္ေလွ်ာက္ထားျခင္းျဖစ္ၿပီး ေခ်းေငြ ပမာဏအေနျဖင့္လည္း က်ပ္သိန္း (၅၀ဝဝ) မေက်ာ္ ေၾကာင္း သိရသည္။
“ေလာေလာဆယ္တင္တဲ့အထဲမွာ (၅၀ဝဝ) ထက္ပိုတင္တဲ့လူေတာ့ မပါေသးဘူး။ မႏၲေလးတိုင္း စက္မႈဇုန္ထဲကလည္းပါတယ္။ စစ္ကိုင္းတိုင္းကလည္းရွိတယ္။ မုံ႐ြာၿမိဳ႕ေပၚက စက္ေတြလည္း ပါတယ္။ အခ်က္အလက္မျပည့္စုံတာေလးေတြ ျပည့္စုံေအာင္ျပန္လုပ္ခိုင္းေနတယ္။ ေခ်းေငြစၿပီး ေပးမယ္လို႔ ထုတ္လိုက္ကတည္းက တင္ေတာ့တင္ေနၾကတယ္။ ဒါေပမဲ့ ဘယ္သူေတာ့ ရသြားၿပီဆိုတာေတာ့ မရွိ ေသးဘူး။ ဥပေဒအသစ္ မေျပာင္းခင္ကေတာ့ ေတာက္ေလွ်ာက္ေပးေနတာရွိပါတယ္။ ရတဲ့လူေတြလည္း ရွိပါတယ္” ဟု၎ကေျပာသည္။
ႏိုင္ငံေတာ္အတြင္း စားသုံးဆီႀကိတ္ခြဲထုတ္လုပ္ေရာင္းခ်ေနေသာ ဆီစက္မ်ား အသစ္တည္ ေဆာက္ျခင္း၊ အဆင့္ျမႇင့္တင္ျခင္း၊ ကုန္ၾကမ္းဝယ္ယူျခင္းမ်ား အဆင္ေျပစြာေဆာင္႐ြက္ႏိုင္ရန္ ႏိုင္ငံ့ စီးပြားျမႇင့္တင္ေရး ရန္ပုံေငြမွ ေငြက်ပ္ ဘီလ်ံ (၅၀) မတည္ထူေထာင္ေပးခဲ့ၿပီး တစ္ႏွစ္လွ်င္ အတိုးႏႈန္း (၅) ရာခိုင္ႏႈန္းျဖင့္ ထုတ္ေခ်းေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ အသစ္တည္ေထာင္သည့္ ဆီစက္လုပ္ငန္းမ်ားရွိေသာ္လည္း ေဈးကြက္မရရွိမႈ ေၾကာင့္ ျပည္တြင္း ဆီစက္စုစုေပါင္း၏ (၂၀)ရာခိုင္ႏႈန္းနီးပါး ရပ္နားေနေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ဆီစက္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေခ်းေငြမ်ားပံ့ပိုးေပးမည့္အစား ေဈးကြက္ ရရွိေရးကိုသာ ေဖာ္ေဆာင္ေပးေစလိုသည့္ လုပ္ငန္းရွင္အခ်ိဳ႕ရွိေနေၾကာင္းလည္း သိရသည္။