နယ်စပ်အနီးမှာ ဒရုန်းများစွာရဲ့လှုပ်ရှားမှုတွေ မြင့်တက်လာတာကို ခြေရာခံတွေ့ရှိခဲ့တယ်လို့ ပိုလန်စစ်ဘက်ပြော

 99

Pika (NP News) - ဇန်နဝါရီ ၂၄

ဘီလာရုစ်နိုင်ငံနဲ့ထိစပ်နေတဲ့နယ်စပ်အနီးမှာ ဒရုန်းများစွာရဲ့လှုပ်ရှားမှုတွေ မြင့်တက်လာတာကို ခြေရာခံတွေ့ရှိခဲ့ တယ်လို့ ပိုလန်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲ့ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သံသယဖြစ်ဖွယ် မိုးပျံပူဖောင်းတစ်လုံးက ပိုလန်လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်လာခဲ့ပြီးနောက် ပိုလန်နဲ့ဘီလာရုစ်တို့ကြား တင်းမာမှုတွေမြင့်တက်လာတာရဲ့ နောက်ထပ် လက္ခဏာတစ်ရပ်ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် မိုးပျံပူဖောင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး ပိုလန်အစိုးရက ဘီလာရုစ်သံအမတ်ကြီးကို ဆင့်ခေါ်မှုတွေ လုပ်ဆောင်ခဲ့ တယ်လို့လည်း သိရပါတယ်။ (၂၀၂၂)ခုနှစ်မှာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက ဘီလာရုစ် နဲ့ ပိုလန်တို့ကြား ဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားခဲ့ပြီး နှစ်နိုင်ငံကြားတင်းမာမှုတွေ ပိုမို မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။
ပိုလန်စစ်တပ်က “ပိုလန်-ဘီလာရုစ်နယ်စပ်မှာ အသေးစားဒရုန်းများစွာရဲ့လှုပ်ရှားမှုတွေ မြင့်တက်လာတာကို ခြေရာခံတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီဒရုန်းတွေက ပိုလန်လေပိုင်နက်ကို ခြိမ်းခြောက်တဲ့လက္ခဏာတွေ တော့ မတွေ့ရပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
နယ္စပ္အနီးမွာ ဒ႐ုန္းမ်ားစြာရဲ႕လႈပ္ရွားမႈေတြ ျမင့္တက္လာတာကို ေျခရာခံေတြ႕ရွိခဲ့တယ္လို႔ ပိုလန္စစ္ဘက္ေျပာ
Pika (NP News) - ဇန္နဝါရီ ၂၄
ဘီလာ႐ုစ္ႏိုင္ငံနဲ႔ထိစပ္ေနတဲ့နယ္စပ္အနီးမွာ ဒ႐ုန္းမ်ားစြာရဲ႕လႈပ္ရွားမႈေတြ ျမင့္တက္လာတာကို ေျခရာခံေတြ႕ရွိခဲ့ တယ္လို႔ ပိုလန္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲ့ဒီျဖစ္ရပ္ဟာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း သံသယျဖစ္ဖြယ္ မိုးပ်ံပူေဖာင္းတစ္လုံးက ပိုလန္ေလပိုင္နက္ကို ခ်ိဳးေဖာက္ဝင္ေရာက္လာခဲ့ၿပီးေနာက္ ပိုလန္နဲ႔ဘီလာ႐ုစ္တို႔ၾကား တင္းမာမႈေတြျမင့္တက္လာတာရဲ႕ ေနာက္ထပ္ လကၡဏာတစ္ရပ္ျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ မိုးပ်ံပူေဖာင္းျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ပိုလန္အစိုးရက ဘီလာ႐ုစ္သံအမတ္ႀကီးကို ဆင့္ေခၚမႈေတြ လုပ္ေဆာင္ခဲ့ တယ္လို႔လည္း သိရပါတယ္။ (၂၀၂၂)ခုႏွစ္မွာ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းတည္းက ဘီလာ႐ုစ္ နဲ႔ ပိုလန္တို႔ၾကား ဆက္ဆံေရးဟာ အနိမ့္ဆုံးအဆင့္ကို က်ဆင္းသြားခဲ့ၿပီး ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ပိုမို ျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။
ပိုလန္စစ္တပ္က “ပိုလန္-ဘီလာ႐ုစ္နယ္စပ္မွာ အေသးစားဒ႐ုန္းမ်ားစြာရဲ႕လႈပ္ရွားမႈေတြ ျမင့္တက္လာတာကို ေျခရာခံေတြ႕ရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီဒ႐ုန္းေတြက ပိုလန္ေလပိုင္နက္ကို ၿခိမ္းေျခာက္တဲ့လကၡဏာေတြ ေတာ့ မေတြ႕ရပါဘူး” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.