အွန်လိုင်းလိမ်လည်လောင်းကစားမှုမှ မြန်မာနိုင်ငံသားအချို့ ပထမအသုတ် နေရပ်ပြန်ပို့

 98

စိမ့် (NP News) - ဇန်နဝါရီ ၂၄

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့သည့် မြန်မာနိုင်ငံသား (၆၇၅) ဦးအနက်မှ (၁၃၆) ဦးကို ဇန်နဝါရီ ၂၃ ရက်က ပထမအသုတ်အနေဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း ဇန်နဝါရီ (၂၄)ထုတ် နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သူ နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးကာ ထိထိရောက်ရောက် အရေးယူနိုင်ရေးအတွက် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ကမ္ဘောဒီးယားနိုင်ငံအစိုးရက ၎င်းတို့နိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများကို တိုက်ဖျက်နှိမ်နင်းလျက်ရှိရာ ထိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည့် မြန်မာနိုင်ငံသားများကို ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးသို့ ၎င်းတို့အစီအစဉ်ဖြင့် လည်းကောင်း၊ ကမ္ဘောဒီးယားရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများ၏ လွှဲပြောင်းပေးအပ်မှုအရ လည်းကောင်း ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံရုံးသို့ စုစုပေါင်း (၆၇၅) ဦး လွှဲပြောင်းခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသား (၆၇၅) ဦးအနက်မှ (၁၃၆) ဦးကို ပထမအသုတ်အနေဖြင့် မြန်မာ့လေကြောင်းလိုင်းဖြင့် ဇန်နဝါရီ (၂၃) ရက် နံနက်အစောပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
အြန္လိုင္းလိမ္လည္ေလာင္းကစားမႈမွ ျမန္မာႏိုင္ငံသားအခ်ိဳ႕ ပထမအသုတ္ ေနရပ္ျပန္ပို႔
စိမ့္ (NP News) - ဇန္နဝါရီ ၂၄
ကေမာၻဒီးယားႏိုင္ငံရွိ အြန္လိုင္းလိမ္လည္မႈမ်ား၊ အြန္လိုင္းေလာင္းကစားမႈမ်ားတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပါဝင္ပတ္သက္ခဲ့သည့္ ျမန္မာႏိုင္ငံသား (၆၇၅) ဦးအနက္မွ (၁၃၆) ဦးကို ဇန္နဝါရီ ၂၃ ရက္က ပထမအသုတ္အေနျဖင့္ ျပန္လည္ေခၚေဆာင္ႏိုင္ခဲ့ေၾကာင္း ဇန္နဝါရီ (၂၄)ထုတ္ ႏိုင္ငံပိုင္သတင္းစာ၏ ေဖာ္ျပခ်က္အရ သိရသည္။
ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ ႏိုင္ငံတကာႏွင့္ တစ္ကမာၻလုံးကို အႏၲရာယ္ေပးေနသည့္ အြန္လိုင္းလိမ္လည္မႈမ်ား၊ အြန္လိုင္းေလာင္းကစားမႈမ်ားကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အေနျဖင့္ အေလးထားတိုက္ဖ်က္ေဆာင္႐ြက္လ်က္ရွိၿပီး Online Scam Center လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနသူမ်ားႏွင့္ ေနာက္ကြယ္မွ ႀကိဳးကိုင္သူ ႏိုင္ငံျခားသားမ်ားကို ေဖာ္ထုတ္ဖမ္းဆီးကာ ထိထိေရာက္ေရာက္ အေရးယူႏိုင္ေရးအတြက္ အိမ္နီးခ်င္းႏွင့္ ေဒသတြင္းႏိုင္ငံမ်ား၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ တက္ႂကြစြာ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ ကေမာၻဒီးယားႏိုင္ငံအစိုးရက ၎တို႔ႏိုင္ငံအတြင္းရွိ အြန္လိုင္းလိမ္လည္မႈမ်ားႏွင့္ အြန္လိုင္းေလာင္းကစားမႈမ်ားကို တိုက္ဖ်က္ႏွိမ္နင္းလ်က္ရွိရာ ထိုလုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ခဲ့သည့္ ျမန္မာႏိုင္ငံသားမ်ားကို ကေမာၻဒီးယားႏိုင္ငံရွိ ျမန္မာႏိုင္ငံသံ႐ုံးသို႔ ၎တို႔အစီအစဥ္ျဖင့္ လည္းေကာင္း၊ ကေမာၻဒီးယားရဲတပ္ဖြဲ႕ႏွင့္ သက္ဆိုင္ရာဌာနမ်ား၏ လႊဲေျပာင္းေပးအပ္မႈအရ လည္းေကာင္း ကေမာၻဒီးယားႏိုင္ငံ ျမန္မာသံ႐ုံးသို႔ စုစုေပါင္း (၆၇၅) ဦး လႊဲေျပာင္းခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျမန္မာႏိုင္ငံသား (၆၇၅) ဦးအနက္မွ (၁၃၆) ဦးကို ပထမအသုတ္အေနျဖင့္ ျမန္မာ့ေလေၾကာင္းလိုင္းျဖင့္ ဇန္နဝါရီ (၂၃) ရက္ နံနက္အေစာပိုင္းတြင္ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ျပန္လည္ေခၚေဆာင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.