ဖားကန့်တွင် ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပနေစဉ် KIA ကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

377

သန့်ဇင်(NP News)- ဇန်နဝါရီ ၂၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့(ဇန်နဝါရီ ၂၅ ရက်) နံနက်ပိုင်းက ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပနေစဉ် KIA ကလက်နက် ကြီးများ ဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက NP News ကိုပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုများကို KIA က ရွေးကောက်ပွဲကျင်းပနေသည့် ဖားကန့်မြို့အတွင်း နှင့် တပ်မကုန်းကို ယနေ့၊ နံနက်ပိုင်းကစတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာများဘက်တွင်လည်း မိုင်းထောင်ဖောက်ခွဲခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“တပ်မကုန်းကို လက်နက်ကြီးနဲ့ပစ်တယ်။ နောက်ပြီး မြို့ထဲမှာ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ နောက်ပြီးတော့ မှော်စီစာ၊ လုံခင်းဘက် ကျတော့ ကျေးရွာတွေက လမ်းဘေးတွေမှာ မိုင်းတွေခွဲတယ်။ အဲဒါတော့ အလုံးတော်တော်များတယ်ကွဲတာ။ အဲဒါတော့ မိုင်းတွေလိုက် ခွဲတာ။ ဖားကန့်ကတော့ လက်နက်ကြီးနဲ့လှမ်းပစ်တာတော်တော်များတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ပစ်ခတ်တိုက် ခိုက်မှုများကြောင့် ဒေသခံ(၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းလည်း အထက်ပါဒေသခံ ဆိုသည်။
“ပြည်သူက ဆေးရုံတက်ရတာက တစ်ယောက်။ ကောင်မလေးတစ်ယောက်ထိတယ်။ ပြီးရင် နောက်တစ်ယောက်နဲ့ ကျွန်တော်သိတာ (၃)ယောက်တော့ထိမယ်။ အဲဒီထက်တော့ပိုများနိုင်တယ်။ ရွေးကောက်ပွဲကတော့ အောင်မြင်ပါတယ်။ ရွေးကောက်ပွဲကတော့ ခဏနေရင် အဖြေသိရမယ်။ ကျွန်တော် အဲဒီကအမတ်ကိုလည်းမေးထားပါတယ်”ဟု ၎င်းကပြောသည်။
ထို့ပြင် ပစ်ခတ်မှုများကြောင့် ဖားကန့်မြို့၊ ကလပ်ကုန်းရပ်ကွက်အတွင်းလက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲကာ လူနေအိမ်အချို့ ပျက်စီးထိခိုက်မှုများလည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဖားကန႔္တြင္ ေ႐ြးေကာက္ပြဲအပိုင္း (၃) က်င္းပေနစဥ္ KIA ကလက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္မႈေၾကာင့္ ေဒသခံ (၃) ဦးထက္မနည္း ထိခိုက္ဒဏ္ရာရ
သန႔္ဇင္(NP News)- ဇန္နဝါရီ ၂၅
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္တြင္ ယေန႔(ဇန္နဝါရီ ၂၅ ရက္) နံနက္ပိုင္းက ေ႐ြးေကာက္ပြဲအပိုင္း (၃) က်င္းပေနစဥ္ KIA ကလက္နက္ ႀကီးမ်ား ျဖင့္ပစ္ခတ္မႈေၾကာင့္ ေဒသခံ (၃) ဦးထက္မနည္း ထိခိုက္ဒဏ္ရာရွိခဲ့ေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကိုေျပာသည္။
ပစ္ခတ္တိုက္ခိုက္မႈမ်ားကို KIA က ေ႐ြးေကာက္ပြဲက်င္းပေနသည့္ ဖားကန႔္ၿမိဳ႕အတြင္း ႏွင့္ တပ္မကုန္းကို ယေန႔၊ နံနက္ပိုင္းကစတင္ကာ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ေက်း႐ြာမ်ားဘက္တြင္လည္း မိုင္းေထာင္ေဖာက္ခြဲျခင္းမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
“တပ္မကုန္းကို လက္နက္ႀကီးနဲ႔ပစ္တယ္။ ေနာက္ၿပီး ၿမိဳ႕ထဲမွာ လက္နက္ႀကီးေတြနဲ႔ ပစ္တယ္။ ေနာက္ၿပီးေတာ့ ေမွာ္စီစာ၊ လုံခင္းဘက္ က်ေတာ့ ေက်း႐ြာေတြက လမ္းေဘးေတြမွာ မိုင္းေတြခြဲတယ္။ အဲဒါေတာ့ အလုံးေတာ္ေတာ္မ်ားတယ္ကြဲတာ။ အဲဒါေတာ့ မိုင္းေတြလိုက္ ခြဲတာ။ ဖားကန႔္ကေတာ့ လက္နက္ႀကီးနဲ႔လွမ္းပစ္တာေတာ္ေတာ္မ်ားတယ္”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ပစ္ခတ္တိုက္ ခိုက္မႈမ်ားေၾကာင့္ ေဒသခံ(၃) ဦးထက္မနည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္းလည္း အထက္ပါေဒသခံ ဆိုသည္။
“ျပည္သူက ေဆး႐ုံတက္ရတာက တစ္ေယာက္။ ေကာင္မေလးတစ္ေယာက္ထိတယ္။ ၿပီးရင္ ေနာက္တစ္ေယာက္နဲ႔ ကြၽန္ေတာ္သိတာ (၃)ေယာက္ေတာ့ထိမယ္။ အဲဒီထက္ေတာ့ပိုမ်ားႏိုင္တယ္။ ေ႐ြးေကာက္ပြဲကေတာ့ ေအာင္ျမင္ပါတယ္။ ေ႐ြးေကာက္ပြဲကေတာ့ ခဏေနရင္ အေျဖသိရမယ္။ ကြၽန္ေတာ္ အဲဒီကအမတ္ကိုလည္းေမးထားပါတယ္”ဟု ၎ကေျပာသည္။
ထို႔ျပင္ ပစ္ခတ္မႈမ်ားေၾကာင့္ ဖားကန႔္ၿမိဳ႕၊ ကလပ္ကုန္းရပ္ကြက္အတြင္းလက္နက္ႀကီးက်ည္မ်ားက်ေရာက္ေပါက္ကြဲကာ လူေနအိမ္အခ်ိဳ႕ ပ်က္စီးထိခိုက္မႈမ်ားလည္းျဖစ္ပြားခဲ့ေၾကာင္း သိရသည္။