ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းပြုလုပ်သူ (၇)ဦးကို ထပ်မံအရေးယူ

204

စိမ့် (NP News) - ဇန်နဝါရီ ၂၄
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်များ၊ အများပြည်သူဆိုင်ရာနေရာများ နှင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များအပေါ် နှောင့်ယှက်ဟန့်တားဖျက်ဆီးမှုများ ပြုလုပ်သူ(၇)ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အရေးယူဆောင်ရွက်ရာတွင် ဇန်နဝါရီ (၁၀) ရက်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဆံမြိတ်ရှည်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၃)၌ မဲရုံမှူး ဦးရဲလင်းဦးအား အရက်မူးစွာဖြင့် ညစ်ညမ်းစွာ ဆဲဆိုခဲ့သူ ကျော်မိုးဦးကို ဇန်နဝါရီ (၁၅) ရက်တွင် သာစည်မြို့မရဲစခန်း (ပ)၁၇/၂၀၂၆၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ (၁၅) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပါတီမဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်စိုက်ထူမှုကို တားဆီးနှောင့်ယှက်ကာ ညစ်ညမ်းသောအပြုအမူပြုလုပ်ခဲ့သူ ဦးမြတ်ကျော်သူနှင့်ဇနီး ဒေါ်မိုးသပြေတို့ကိုလည်း သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇန်နဝါရီ (၁၇) ရက်တွင် ခရမ်းမြို့နယ်၊ ညောင်ကုန်းကျေးရွာ၌ ပါတီမဲဆွယ်စည်းရုံးရေး ဗီနိုင်းဆိုင်းဘုတ်ကို မီးရှို့ဖျက်ဆီးခဲ့သူ လှဌေးအောင် (ခ) ကိုဌေးနှင့် ဖြိုးဇော်အောင် (ခ) ရွှေလိပ်တို့ကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။
အွန်လိုင်းမှတစ်ဆင့် ရွေးကောက်ပွဲအပေါ် အများပြည်သူ အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ရေးသားခဲ့သူ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သော ထားထက်ထက်ကို ဇန်နဝါရီ (၁၂) ရက်တွင် ဖမ်းဆီးအရေးယူခဲ့ပြီးကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ပါတီမဲဆွယ်စည်းရုံးရေး လုပ်ငန်းများ မလုပ်ရန် ခြိမ်းခြောက်ပြောဆိုခဲ့သူ ရဲဝင်းနိုင် (ခ) ရဲလေးကို သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များကြောင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခဲ့သူ (၇) ဦးကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ ဖမ်းဆီးအရေးယူထားပြီး ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ အရေးယူထားသူ တစ်နိုင်ငံလုံးတွင် လူဦးရေ (၄၀၀)ကျော်ခန့်ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Zawgyi Version;
ေ႐ြးေကာက္ပြဲ ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းျပဳလုပ္သူ (၇)ဦးကို ထပ္မံအေရးယူ
စိမ့္ (NP News) - ဇန္နဝါရီ ၂၄
၂၀၂၅ ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲက်င္းပမႈကို ပ်က္ျပားေစရန္ ရည္႐ြယ္၍ လူမႈကြန္ရက္မ်ား၊ အမ်ားျပည္သူဆိုင္ရာေနရာမ်ား ႏွင့္ မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းစဥ္မ်ားအေပၚ ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးမႈမ်ား ျပဳလုပ္သူ(၇)ဦးကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သက္ဆိုင္ရာဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ အေရးယူေဆာင္႐ြက္ရာတြင္ ဇန္နဝါရီ (၁၀) ရက္က မႏၲေလးတိုင္းေဒသႀကီး၊ သာစည္ၿမိဳ႕နယ္၊ ဆံၿမိတ္ရွည္ေက်း႐ြာ အေျခခံပညာမူလတန္းေက်ာင္းတြင္ ဖြင့္လွစ္ထားသည့္ မဲ႐ုံအမွတ္(၃)၌ မဲ႐ုံမႉး ဦးရဲလင္းဦးအား အရက္မူးစြာျဖင့္ ညစ္ညမ္းစြာ ဆဲဆိုခဲ့သူ ေက်ာ္မိုးဦးကို ဇန္နဝါရီ (၁၅) ရက္တြင္ သာစည္ၿမိဳ႕မရဲစခန္း (ပ)၁၇/၂၀၂၆၊ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒပုဒ္မ ၂၄(က) ျဖင့္ ဖမ္းဆီးအေရးယူခဲ့ေၾကာင္း သိရသည္။
အလားတူ ဇန္နဝါရီ (၁၅) ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္၌ ပါတီမဲဆြယ္စည္း႐ုံးေရး ဆိုင္းဘုတ္စိုက္ထူမႈကို တားဆီးေႏွာင့္ယွက္ကာ ညစ္ညမ္းေသာအျပဳအမူျပဳလုပ္ခဲ့သူ ဦးျမတ္ေက်ာ္သူႏွင့္ဇနီး ေဒၚမိုးသေျပတို႔ကိုလည္း သက္ဆိုင္ရာရဲစခန္းတြင္ အမႈဖြင့္အေရးယူခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ဇန္နဝါရီ (၁၇) ရက္တြင္ ခရမ္းၿမိဳ႕နယ္၊ ေညာင္ကုန္းေက်း႐ြာ၌ ပါတီမဲဆြယ္စည္း႐ုံးေရး ဗီႏိုင္းဆိုင္းဘုတ္ကို မီးရႈိ႕ဖ်က္ဆီးခဲ့သူ လွေဌးေအာင္ (ခ) ကိုေဌးႏွင့္ ၿဖိဳးေဇာ္ေအာင္ (ခ) ေ႐ႊလိပ္တို႔ကို ဖမ္းဆီးအမႈဖြင့္ထားေၾကာင္း သိရသည္။
အြန္လိုင္းမွတစ္ဆင့္ ေ႐ြးေကာက္ပြဲအေပၚ အမ်ားျပည္သူ အထင္အျမင္လြဲမွားေစရန္ လႈံ႕ေဆာ္ေရးသားခဲ့သူ ရန္ကုန္တိုင္းေဒသႀကီး သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ ေနထိုင္ေသာ ထားထက္ထက္ကို ဇန္နဝါရီ (၁၂) ရက္တြင္ ဖမ္းဆီးအေရးယူခဲ့ၿပီးေၾကာင္း သိရသည္။
ပဲခူးတိုင္းေဒသႀကီး၊ ေပါက္ေခါင္းၿမိဳ႕နယ္၌ ပါတီမဲဆြယ္စည္း႐ုံးေရး လုပ္ငန္းမ်ား မလုပ္ရန္ ၿခိမ္းေျခာက္ေျပာဆိုခဲ့သူ ရဲဝင္းႏိုင္ (ခ) ရဲေလးကို သက္ဆိုင္ရာရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္မ်ားေၾကာင့္ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္ကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးခဲ့သူ (၇) ဦးကို ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားျခင္းမွ ကာကြယ္ေပးေရးဥပေဒအရ ဖမ္းဆီးအေရးယူထားၿပီး ထိေရာက္ေသာ ျပစ္ဒဏ္ခ်မွတ္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားျခင္းမွ ကာကြယ္ေပးေရးဥပေဒအရ အေရးယူထားသူ တစ္ႏိုင္ငံလုံးတြင္ လူဦးေရ (၄၀၀)ေက်ာ္ခန႔္ရွိၿပီျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။