ICJ တွင် မြန်မာ၏ လျှောက်လဲချက်ကို ရိုဟင်ဂျာ တရားဝင်လူမျိုး မရှိသည့် ဘင်္ဂလားဒေ့ရှ်က ပြင်းထန်စွာ ကန့်ကွက်

166

Htay Oung (NP News) - ဇန်နဝါရီ ၂၄
ရိုဟင်ဂျာဆိုသူများကို လူမျိုးသုဉ်းစေမှုနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံ မြန်မာနိုင်ငံရဲ့ မကြာသေးမီက တင်သွင်းချက်များနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်က ပယ်ချလိုက်ပြီး ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက်တယ်လို့ တူရကီအစိုးရပိုင် “အနာဒိုလူ” Anadolu (23 January 2026) က ရေးတယ်။
ရိုဟင်ဂျာများကို "ဘင်္ဂါလီ" အဖြစ်ရည်ညွှန်းတဲ့အတွက် ဒါကာက မြန်မာနိုင်ငံကို ဝေဖန်ပါတယ်။ အဲ့ဒီ အသုံး အနှုန်းဟာ ရိုဟင်ဂျာတို့ရဲ့ သမိုင်းဝင်လက္ခဏာနဲ့ ကိုယ်ပိုင်အမှတ်အသားကို ငြင်းဆိုရန် ကိရိယာတစ်ခုအဖြစ် အသုံးပြုကြောင်း ဖော်ပြပါတယ်။ ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်မှ "တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ" အ ဖြစ် မှားယွင်းစွာ ပုံဖော်ခြင်းဖြင့် သမိုင်းကိုပုံပျက်စေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက စွပ်စွဲပါတယ်။
မြန်မာနိုင်ငံရဲ့ ဇာတ်လမ်းဆင်မှုဟာ တပ်မတော်ရဲ့ (၂၀၁၆-၂၀၁၇) "ရှင်းလင်းမှု စစ်ဆင်ရေးများ" ကို အကြမ်း ဖက်မှု တရားဝင် တုံ့ပြန်ခြင်း အစီအမံများအဖြစ် တရားမျှတစေရန်နဲ့ ကျူးလွန်ခဲ့သမျှ ရာဇဝတ်မှုများကို နိုင်ငံ တကာအာရုံစိုက်မှုမှ လမ်းကြောင်းပြောင်းရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှုတစ်ခုဖြစ်တယ်လို့လည်း ငြင်းခုံခဲ့ ထားပါတယ်။
မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ် အာဏာပိုင်များအနေနဲ့ ရိုဟင်ဂျာများကို မိမိတို့ လူ့အဖွဲ့အစည်းရဲ့ မရှိမဖြစ် အ စိတ်အပိုင်းတစ်ခုအဖြစ် အသိအမှတ်ပြုရန်၊ ၎င်းအပြင် တန်းတူအခွင့်အရေးများပေးအပ်ပြီး ဘေးကင်းလုံခြုံ- ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်စေရေး ဆောင်ရွက်ပေးရန် ဒါကာက တိုက်တွန်းပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလလယ်ပိုင်း နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ ICJ တရားရုံးတော် ဂမ်ဘီယာနဲ့ မြန် မာတို့အကြား လူမျိုးသုဉ်းစေမှု စွပ်စွဲချက်အပေါ် အဆုံးအဖြတ်အဆင့်ရောက်ရှိချိန် မြန်မာနိုင်ငံဘက်က ခုခံ ကာကွယ်မှု စတင်တင်ပြချက်များနဲ့ ပတ်သက်ပြီး ယခုဖြစ်ရပ် ပေါ်ပေါက်လာကြောင်း တွေ့ရှိရပါတယ်။
(ကျွန်တော်တို့ နိုင်ငံ နယ်စပ်ဒေသ ကရင်-မွန်-ကယား-ပအို့ဝ်-ကိုးကန့်-ဝလူမျိုး- ကချင်-ချင်း-ရခိုင်မျိုးနွယ်စု များမှာ ကျွန်တော်တို့ဘက်တွင် တရားဝင်လူမျိုးစုများဖြစ်ပြီး အိမ်နီးချင်း ၅-နိုင်ငံတွင်လည်း တရားဝင် လူမျိုးစု များဖြစ်နေပါတယ်။
ရခိုင်ပြည်နယ် မြောက်ဖျားပိုင်း မြို-သက်-ခမီ-မရာမာကြီး-ရခိုင်တို့မှာ မြန်မာနိုင်ငံရဲ့ တရားဝင်လူမျိုးများဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်တွင်လည်း အလားတူ တရားဝင် လူမျိုးစုများဖြစ်နေပါတယ်။ သို့သော် ဘင်္ဂလားးဒေ့ရှ်ရဲ့ တရား ဝင်လူမျိုးစု စာရင်းတွင် ရိုဟင်ဂျာဟု ပါရှိမနေပါ။ ရိုဟင်ဂျာတို့ရဲ့ သမိုင်းဝင်လက္ခဏာနဲ့ ကိုယ်ပိုင်အမှတ်အသား ဟု ဘင်္ဂလားဒေ့ရှ်က အလေးအနက် ပြောဆိုနေသော်လည်း သူ့နိူင်ငံ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းတွင် ရိုဟင် ဂျာလူမျိုး တစ်ယောက်မှ မရှိပဲ၊ ဒုက္ခသည်စခန်းများရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများကိုသာ သတ်မှတ်ခေါ် ဝေါ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားမျိုးနွယ်စု ၁၃၀ ကျော်တွင်လည်း ရိုဟင်ဂျာ လူမျိုး မရှိသဖြင့် အဝှာ လူမျိုးဆိုသည်မှာ နတ်မြစ်နဲ့ မေယုတောင်ကြောတစ်လျောက် ရခိုင်ပြည်နယ်မြောက်ဖျားပိုင်းတွင်သာ မိုးပေါ်က ကျလာသလို ထူးဆန်းစွာ တွေ့ရှိနေရပါတယ်။
တဖန် ၂၀၁၆-၂၀၁၇ ခုနှစ် ARSA အကြမ်းဖက်မှုကို တပ်မတော်က တုန့်ပြန်ခြင်း မတိုင်မီ ရခိုင်မြောက်ဖျား ပိုင်း နေ ဘင်္ဂါလီများကို “ဆွဲတင်စစ်စနစ်” ဖြင့် မိသားဝင်စုအရေအတွက်နဲ့ လူဦးရေစာရင်းကို တိကျစွာ ကောက်ယူ ထားပြီး ၈-သိန်းကျော် ရှိခဲ့ပါတယ်။ စစ်ဆင်ရေး ဆောင်ရွက်ပြီး မြန်မာနိုင်ငံဘက်တွင် ၄-သိန်းကျော် ကျန်ရှိခဲ့ သဖြင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများမှာ ၄-သိန်း- ၄-သိန်းကျော် ရှိနိုင်ပါတယ်။
သို့သော် နတ်မြစ်ကို ဖြတ်သန်းပြီး တစ်ဖက်နိုင်ငံအတွင်း ရောက်ရှိသည့်အခါ ၇-သိန်းကျော် ဖြစ်သွားပြီး ယခု ဆိုလျင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ အထောက်အပံ့ကို ရယူနေသူ ဒုက္ခသည်စာရင်းမှာ ၁.၂ သန်းကျော်ဖြစ် သွားပါတယ်။
အဝှာတို့ကို ပြန်လည်လက်ခံရန် မြန်မာအနေဖြင့် ဘယ်တုန်းကမှာ ငြင်းဆိုခဲ့ခြင်း မရှိခဲ့ပါ။ ထွက်ခွာနေကြစဉ် NLD အစိုးရ နယ်လုံဝန်ကြီးနဲ့ ရခိုင်တာဝန်ရှိသူများကိုယ်တိုင် ချော့မော့တားဆီးခဲ့ပါတယ်။ အလားတူ နေ ရပ်ပြန်လာခဲ့သူများ နေထိုင်-လုပ်ကိုင်စားသောက်နိုင်စေရန် နေအိမ်များ- လူ့အသုံးအဆောင်ပစ္စည်းများကို တရုတ်-ဂျပန်စတဲ့ မိတ်ဆွေနိုင်ငံများ အကူအညီနဲ့ အသင့်ပြင်ဆင်ထားခဲ့ပါတယ်။ သို့သော် အဝှာအရေးတက် ကြွလှုပ်ရှားသူများက “ရိုဟင်ဂျာအမည်နဲ့ တိုင်းရင်းသားအဆင့်နိုင်ငံသားပေး”မှ ပြန်လာမယ်ဟု တင်းခံခဲ့ကြ ပါတယ်။ ပြန်ရန်သဘောတူ ပြင်ဆင်သူ ဒုက္ခသည်ခေါင်းဆောင် မိုဟစ်အူလာ (၄၉-နှစ်) ကို ၂၀၂၁-ခုနှစ် စက်တင်ဘာမှာ ARSA က လုပ်ကြံသတ်ဖြတ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်အစိုးရက တာဝန်ယူစောင့်ရှောက်နေတဲ့ ကူတူပါလောင် ဒုက္ခသည်စခန်းအတွင်းမှာ ဖြစ်ပါတယ်။
ရိုဟင်ဂျာကို တရားဝင်လူမျိုးအဖြစ် အသိအမှတ် မပြုခဲ့သူမှာ ဘင်္ဂလားဒေ့ရှ် ကိုယ်တိုင်ဖြစ်ပြီး ကော့ခ်ဘဇား ဒုက္ခသည်အတော်များများကို ဝေးလံခေါင်ဖျား “ဘာဆန်ချာ ကျွန်း” သို့ ပို့ဆောင်ခဲ့ပါတယ်။
#HtayOung #OungMarine

Zawgyi Version;
ICJ တြင္ ျမန္မာ၏ ေလွ်ာက္လဲခ်က္ကို ႐ိုဟင္ဂ်ာ တရားဝင္လူမ်ိဳး မရွိသည့္ ဘဂၤလားေဒ့ရွ္က ျပင္းထန္စြာ ကန႔္ကြက္
Htay Oung (NP News) - ဇန္နဝါရီ ၂၄
႐ိုဟင္ဂ်ာဆိုသူမ်ားကို လူမ်ိဳးသုဥ္းေစမႈနဲ႔ ပတ္သက္ၿပီး အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) ထံ ျမန္မာႏိုင္ငံရဲ႕ မၾကာေသးမီက တင္သြင္းခ်က္မ်ားနဲ႔ ပတ္သက္လို႔ ဘဂၤလားေဒ့ရွ္က ပယ္ခ်လိုက္ၿပီး ျပင္းထန္စြာ ကန႔္ကြက္ ရႈတ္ခ်လိုက္တယ္လို႔ တူရကီအစိုးရပိုင္ “အနာဒိုလူ” Anadolu (23 January 2026) က ေရးတယ္။
႐ိုဟင္ဂ်ာမ်ားကို "ဘဂၤါလီ" အျဖစ္ရည္ၫႊန္းတဲ့အတြက္ ဒါကာက ျမန္မာႏိုင္ငံကို ေဝဖန္ပါတယ္။ အဲ့ဒီ အသုံး အႏႈန္းဟာ ႐ိုဟင္ဂ်ာတို႔ရဲ႕ သမိုင္းဝင္လကၡဏာနဲ႔ ကိုယ္ပိုင္အမွတ္အသားကို ျငင္းဆိုရန္ ကိရိယာတစ္ခုအျဖစ္ အသုံးျပဳေၾကာင္း ေဖာ္ျပပါတယ္။ ႐ိုဟင္ဂ်ာမ်ားကို ဘဂၤလားေဒ့ရွ္မွ "တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား" အ ျဖစ္ မွားယြင္းစြာ ပုံေဖာ္ျခင္းျဖင့္ သမိုင္းကိုပုံပ်က္ေစတယ္လို႔လည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီး႒ာနက စြပ္စြဲပါတယ္။
ျမန္မာႏိုင္ငံရဲ႕ ဇာတ္လမ္းဆင္မႈဟာ တပ္မေတာ္ရဲ႕ (၂၀၁၆-၂၀၁၇) "ရွင္းလင္းမႈ စစ္ဆင္ေရးမ်ား" ကို အၾကမ္း ဖက္မႈ တရားဝင္ တုံ႔ျပန္ျခင္း အစီအမံမ်ားအျဖစ္ တရားမွ်တေစရန္နဲ႔ က်ဴးလြန္ခဲ့သမွ် ရာဇဝတ္မႈမ်ားကို ႏိုင္ငံ တကာအာ႐ုံစိုက္မႈမွ လမ္းေၾကာင္းေျပာင္းရန္ ရည္႐ြယ္ခ်က္ရွိရွိ ႀကိဳးပမ္းမႈတစ္ခုျဖစ္တယ္လို႔လည္း ျငင္းခုံခဲ့ ထားပါတယ္။
ျမန္မာႏိုင္ငံနဲ႔ ရခိုင္ျပည္နယ္ အာဏာပိုင္မ်ားအေနနဲ႔ ႐ိုဟင္ဂ်ာမ်ားကို မိမိတို႔ လူ႔အဖြဲ႕အစည္းရဲ႕ မရွိမျဖစ္ အ စိတ္အပိုင္းတစ္ခုအျဖစ္ အသိအမွတ္ျပဳရန္၊ ၎အျပင္ တန္းတူအခြင့္အေရးမ်ားေပးအပ္ၿပီး ေဘးကင္းလုံၿခဳံ- ဂုဏ္သိကၡာရွိရွိ ေနရပ္ျပန္ေစေရး ေဆာင္႐ြက္ေပးရန္ ဒါကာက တိုက္တြန္းပါတယ္။
၂၀၂၆ ခုႏွစ္ ဇန္နဝါရီလလယ္ပိုင္း နယ္သာလန္ႏိုင္ငံ သည္ဟိတ္ဂ္ၿမိဳ႕ ICJ တရား႐ုံးေတာ္ ဂမ္ဘီယာနဲ႔ ျမန္ မာတို႔အၾကား လူမ်ိဳးသုဥ္းေစမႈ စြပ္စြဲခ်က္အေပၚ အဆုံးအျဖတ္အဆင့္ေရာက္ရွိခ်ိန္ ျမန္မာႏိုင္ငံဘက္က ခုခံ ကာကြယ္မႈ စတင္တင္ျပခ်က္မ်ားနဲ႔ ပတ္သက္ၿပီး ယခုျဖစ္ရပ္ ေပၚေပါက္လာေၾကာင္း ေတြ႕ရွိရပါတယ္။
(ကြၽန္ေတာ္တို႔ ႏိုင္ငံ နယ္စပ္ေဒသ ကရင္-မြန္-ကယား-ပအို႔ဝ္-ကိုးကန႔္-ဝလူမ်ိဳး- ကခ်င္-ခ်င္း-ရခိုင္မ်ိဳးႏြယ္စု မ်ားမွာ ကြၽန္ေတာ္တို႔ဘက္တြင္ တရားဝင္လူမ်ိဳးစုမ်ားျဖစ္ၿပီး အိမ္နီးခ်င္း ၅-ႏိုင္ငံတြင္လည္း တရားဝင္ လူမ်ိဳးစု မ်ားျဖစ္ေနပါတယ္။
ရခိုင္ျပည္နယ္ ေျမာက္ဖ်ားပိုင္း ၿမိဳ-သက္-ခမီ-မရာမာႀကီး-ရခိုင္တို႔မွာ ျမန္မာႏိုင္ငံရဲ႕ တရားဝင္လူမ်ိဳးမ်ားျဖစ္ၿပီး ဘဂၤလားေဒ့ရွ္တြင္လည္း အလားတူ တရားဝင္ လူမ်ိဳးစုမ်ားျဖစ္ေနပါတယ္။ သို႔ေသာ္ ဘဂၤလားးေဒ့ရွ္ရဲ႕ တရား ဝင္လူမ်ိဳးစု စာရင္းတြင္ ႐ိုဟင္ဂ်ာဟု ပါရွိမေနပါ။ ႐ိုဟင္ဂ်ာတို႔ရဲ႕ သမိုင္းဝင္လကၡဏာနဲ႔ ကိုယ္ပိုင္အမွတ္အသား ဟု ဘဂၤလားေဒ့ရွ္က အေလးအနက္ ေျပာဆိုေနေသာ္လည္း သူ႔ႏိူင္ငံ ေ႐ြးေကာက္ပြဲ မဲဆႏၵရွင္စာရင္းတြင္ ႐ိုဟင္ ဂ်ာလူမ်ိဳး တစ္ေယာက္မွ မရွိပဲ၊ ဒုကၡသည္စခန္းမ်ားရွိ ျမန္မာႏိုင္ငံမွ ထြက္ေျပးလာသူမ်ားကိုသာ သတ္မွတ္ေခၚ ေဝၚေနပါတယ္။ ျမန္မာႏိုင္ငံရဲ႕ တိုင္းရင္းသားမ်ိဳးႏြယ္စု ၁၃၀ ေက်ာ္တြင္လည္း ႐ိုဟင္ဂ်ာ လူမ်ိဳး မရွိသျဖင့္ အဝွာ လူမ်ိဳးဆိုသည္မွာ နတ္ျမစ္နဲ႔ ေမယုေတာင္ေၾကာတစ္ေလ်ာက္ ရခိုင္ျပည္နယ္ေျမာက္ဖ်ားပိုင္းတြင္သာ မိုးေပၚက က်လာသလို ထူးဆန္းစြာ ေတြ႕ရွိေနရပါတယ္။
တဖန္ ၂၀၁၆-၂၀၁၇ ခုႏွစ္ ARSA အၾကမ္းဖက္မႈကို တပ္မေတာ္က တုန႔္ျပန္ျခင္း မတိုင္မီ ရခိုင္ေျမာက္ဖ်ား ပိုင္း ေန ဘဂၤါလီမ်ားကို “ဆြဲတင္စစ္စနစ္” ျဖင့္ မိသားဝင္စုအေရအတြက္နဲ႔ လူဦးေရစာရင္းကို တိက်စြာ ေကာက္ယူ ထားၿပီး ၈-သိန္းေက်ာ္ ရွိခဲ့ပါတယ္။ စစ္ဆင္ေရး ေဆာင္႐ြက္ၿပီး ျမန္မာႏိုင္ငံဘက္တြင္ ၄-သိန္းေက်ာ္ က်န္ရွိခဲ့ သျဖင့္ တစ္ဖက္ႏိုင္ငံသို႔ ထြက္ေျပးသြားသူမ်ားမွာ ၄-သိန္း- ၄-သိန္းေက်ာ္ ရွိႏိုင္ပါတယ္။
သို႔ေသာ္ နတ္ျမစ္ကို ျဖတ္သန္းၿပီး တစ္ဖက္ႏိုင္ငံအတြင္း ေရာက္ရွိသည့္အခါ ၇-သိန္းေက်ာ္ ျဖစ္သြားၿပီး ယခု ဆိုလ်င္ ကုလသမဂၢနဲ႔ ႏိုင္ငံတကာရဲ႕ အေထာက္အပံ့ကို ရယူေနသူ ဒုကၡသည္စာရင္းမွာ ၁.၂ သန္းေက်ာ္ျဖစ္ သြားပါတယ္။
အဝွာတို႔ကို ျပန္လည္လက္ခံရန္ ျမန္မာအေနျဖင့္ ဘယ္တုန္းကမွာ ျငင္းဆိုခဲ့ျခင္း မရွိခဲ့ပါ။ ထြက္ခြာေနၾကစဥ္ NLD အစိုးရ နယ္လုံဝန္ႀကီးနဲ႔ ရခိုင္တာဝန္ရွိသူမ်ားကိုယ္တိုင္ ေခ်ာ့ေမာ့တားဆီးခဲ့ပါတယ္။ အလားတူ ေန ရပ္ျပန္လာခဲ့သူမ်ား ေနထိုင္-လုပ္ကိုင္စားေသာက္ႏိုင္ေစရန္ ေနအိမ္မ်ား- လူ႔အသုံးအေဆာင္ပစၥည္းမ်ားကို တ႐ုတ္-ဂ်ပန္စတဲ့ မိတ္ေဆြႏိုင္ငံမ်ား အကူအညီနဲ႔ အသင့္ျပင္ဆင္ထားခဲ့ပါတယ္။ သို႔ေသာ္ အဝွာအေရးတက္ ႂကြလႈပ္ရွားသူမ်ားက “႐ိုဟင္ဂ်ာအမည္နဲ႔ တိုင္းရင္းသားအဆင့္ႏိုင္ငံသားေပး”မွ ျပန္လာမယ္ဟု တင္းခံခဲ့ၾက ပါတယ္။ ျပန္ရန္သေဘာတူ ျပင္ဆင္သူ ဒုကၡသည္ေခါင္းေဆာင္ မိုဟစ္အူလာ (၄၉-ႏွစ္) ကို ၂၀၂၁-ခုႏွစ္ စက္တင္ဘာမွာ ARSA က လုပ္ႀကံသတ္ျဖတ္ခဲ့ရာ ဘဂၤလားေဒ့ရွ္အစိုးရက တာဝန္ယူေစာင့္ေရွာက္ေနတဲ့ ကူတူပါေလာင္ ဒုကၡသည္စခန္းအတြင္းမွာ ျဖစ္ပါတယ္။
႐ိုဟင္ဂ်ာကို တရားဝင္လူမ်ိဳးအျဖစ္ အသိအမွတ္ မျပဳခဲ့သူမွာ ဘဂၤလားေဒ့ရွ္ ကိုယ္တိုင္ျဖစ္ၿပီး ေကာ့ခ္ဘဇား ဒုကၡသည္အေတာ္မ်ားမ်ားကို ေဝးလံေခါင္ဖ်ား “ဘာဆန္ခ်ာ ကြၽန္း” သို႔ ပို႔ေဆာင္ခဲ့ပါတယ္။
#HtayOung #OungMarine