ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ၏ မဲရလာဒ် မှာ ဒုတိယ နေရာသာ ရသော်လည်း မဲကွာခြားချက် မကြီးမား
619
သုတကျော် (NP News) - ဇန်နဝါရီ ၂၆
ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ၏ မဲရလာဒ် မှာ ဒုတိယ နေရာသာ ရသော်လည်း မဲကွာခြားချက် မကြီးမား ကြောင်း အဆိုပါ ပါတီမှ တာဝန်ရှိသူ တစ်ဦးက NP News သတင်းဌာနသို့ ပြောသည်။
ဦးကိုကိုကြီး က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မဲဆန္ဒနယ် တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
“ဥက္ကဌလည်း ဒုတိယ နေရာပဲ။ ဥက္ကဌလည်း သိပ်မပြတ်ဘူး။ ကပ်ရှုံးလေးပဲ။ ကြိုတင်မဲ အရေအတွက်လောက်ပဲ ပြတ်သွားတာ။ လမ်းမတော်မှာ နိုင်တဲ့ မဲရုံတွေလည်း ရှိတယ်။ ရှုံးတဲ့ မဲရုံတွေ ကျတော့ ကြိုတင်မဲနဲ့ သွားပြီးတော့ ရှုံးနေတယ်။ ကြိုတင်မဲနဲ့ အဓိက ရှုံးသွားတာပါ” ဟု ၎င်းက ပြောသည်။
ကြိုတင်မဲ အတွင်း ဦးကိုကိုကြီး ကို ပေးသော မဲများလည်း ပါဝင်ခဲ့ကြောင်း ၎င်းက ပြောသည်။
“မဲပေးသူ ရာနှုန်း နည်းတာလည်း ပါသွားတာပေါ့။ ကြိုတင်မဲထဲမှာလည်း ပါပါတယ်။ ဒါပေမဲ့ နည်းတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
Zawgyi Version: