ဗန်းမောက်မြို့တိုက်ပွဲ (၅)လအကျော်တွင် တပ်မတော်က မြို့ဧရိယာ(၇၀) ရာခိုင်နှုန်းကျော်ကို ပြန်လည် ထိန်းချုပ်ထားနိုင်

140

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ဗန်းမောက်မြို့တိုက်ပွဲ (၅)လအကျော်တွင် တပ်မတော် က မြို့ဧရိယာ(၇၀)ရာခိုင်နှုန်းကျော်ကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးထံ NP News ဂျာနယ်ကဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
လက်ရှိတွင် ဗန်းမောက်မြို့ရှိ မြနန္ဒာ၊ လွှစင်ကုန်း၊ အောင်သာကုန်းနှင့် မြို့မရပ်ကွက်(၄)ခုအနက် တပ်မတော်က ရပ်ကွက်(၃)ခုအထိ ပြန်လည်စိုးမိုးထားနိုင်ပြီး KIA ၊ PDF ပူးပေါင်းအဖွဲ့က အောင်သာ ကုန်း ရပ်ကွက်တွင်သာ ခုခံနေရကြောင်းသိရသည်။
“ရပ်ကွက်က မြနန္ဒာရပ်ကွက်။ မြနန္ဒာရပ် ကွက်ကို မကျည်းပင်လို့လည်းခေါ်တယ်။ နောက်ပြီး တော့ လွှစင်ကုန်းရယ်၊ အောင်သာကုန်းရယ်၊ မြို့မ ရယ်ပေါ့။ အောင်သာကုန်းပဲမရသေးတာလို့သိရ တယ်။ ကျန်တဲ့ဟာ သိမ်းထားပြီဆိုတော့ (၇၀)ရာခိုင်နှုန်းကျော်ရပြီလို့ ပြောလို့ရတာပေါ့။ တချို့ကျတော့ လည်း အကုန်လုံးရသွားပြီလို့ပြောတယ်။ မထုတ်ပြန် သေးတာလို့ပြောတယ်”ဟု ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။
KIA ၊ PDF ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့ကို (၂၀၂၅)ခုနှစ်၊ စက်တင်ဘာလ(၂၀) ရက်တွင် အင်အားအလုံးအရင်းဖြင့် မြို့လုံခြုံရေးဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ကာ တိုက်ပွဲဖော်ဆောင်ခဲ့သည့်အတွက် ဒေသခံများစွာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြောင်း သိရသည်။
(၅)လအကျော်ကြာ နေရပ်စွန့်ခွာတိမ်း ရှောင်နေရသည့် ဒေသခံများစွာသည် မြို့တွင်း ပြန် လည်ဝင်ရောက်ရန်ဆန္ဒရှိကြသော်လည်း ဝင်ရောက် ရန်လမ်းပိုင်းများအတွင်း KIA ၊ PDF ပူးပေါင်းအဖွဲ့ ကထောင်ထားသည့် မြေမြှုပ်မိုင်းအန္တရာယ်များကြောင့် စိုးရိမ်နေကြရကြောင်း အထက်ပါဒေသခံကဆိုသည်။
“ဒါပေမဲ့ ဘယ်လိုပဲသိမ်းသိမ်း ဗန်းမောက် မြို့ကို တပ်က သိမ်းလိုက်ပြီပဲထားပါတော့။ ထိန်းလိုက် ရင်တောင်မှ စစ်ရှောင်တွေက အခုထိဝင်လို့မရဘူး။ စစ်ရှောင်တွေက ဒီဘက်နယ်ကိုရောက်နေတာလေ။ ဝင်တဲ့လမ်းမှာ မိုင်းတွေထောင်ထားတဲ့အခါကျတော့ ဝင်လို့ကမရဘူး။ စစ်ရှောင်တွေအတွက်တော့ အခက်အခဲရှိနေသေးတယ်။ စစ်ရှောင်တွေကလည်း PDF တွေနယ်ထဲရောက်နေတာလေ။ အဲဒီဘက်ကို လည်း တပ်က စစ်ကြောင်းထိုးမယ်ထင်တယ်။ အဲဒီတော့ စစ်ရှောင်တွေအတွက်ကတော့ ဘယ်လိုလုပ်ရ မလဲဆိုတာ စဉ်းစားလို့ကိုမရဘူး။ အဲဒီတော့ ဝင်ဖို့လုပ်ရမလား။ ဝင်တဲ့လမ်းတစ်လျှောက်ကလည်း မိုင်း တွေထောင်ထားတာလေ။ ကားလမ်းတစ်လျှောက်ပဲ”ဟု ၎င်းကပြောသည်။
အလားတူ ဗန်းမောက်မြို့တိုက်ပွဲအတွင်း ကျေးရွာများသို့ စိမ့်ဝင်ရောက်ရှိခဲ့သည် KIA ၊ PDF များ ထောင်ခဲ့သောမြေမြှုပ်များကြောင့် လူ(၅) ဦးထက် မနည်းသေဆုံးထားရပြီဖြစ်ကြောင်းလည်း ၎င်းက ဆို သည်။ “ဒီကာလအတွင်းမှာကို တော်တော်ခက်ခဲတယ်။ ထွက်မပြေးဘဲနဲ့ ရွာမှာကျန်ခဲ့တဲ့လူတွေလည်း ရှိတယ်လေ။ ကျန်ခဲ့တဲ့အကြွင်းအကျန်တွေကလည်း မိုင်းနင်းမိတာ လူ(၄)ယောက်၊ (၅)ယောက်လောက် ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ ပြန်ဝင်ခွင့်ရပြီဆိုရင်တောင်မှ အဲဒီရပ်ရွာမှာ မိုင်းအန္တရာယ်က ကြုံတွေရ နိုင်တယ်။ အဲဒီတော့ သွားဖို့လာဖို့ကမလွယ်တော့ဘူး”ဟု ၎င်းကဆက်ပြောသည်။
ဗန်းမောက်မြို့တိုက်ပွဲပြင်းထန်နေချိန်တွင် KIA က ကချင်ပြည်နယ်အတွင်း အဓမ္မလူသစ် စုဆောင်းခြင်းများကိုလည်း ယခင်ထက် ခပ်စိပ်စိပ်လုပ်ဆောင်လာနေကြောင်း စုံစမ်းရရှိထားသည့်အ ချက်အလက်များအရ သိရသည်။

Zawgyi Version:
ဗန္းေမာက္ၿမိဳ႕တိုက္ပြဲ (၅)လအေက်ာ္တြင္ တပ္မေတာ္က ၿမိဳ႕ဧရိယာ(၇၀) ရာခိုင္ႏႈန္းေက်ာ္ကို ျပန္လည္ ထိန္းခ်ဳပ္ထားႏိုင္
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၆
စစ္ကိုင္းတိုင္းေဒသႀကီး(အထက္ပိုင္း)၊ ဗန္းေမာက္ၿမိဳ႕တိုက္ပြဲ (၅)လအေက်ာ္တြင္ တပ္မေတာ္ က ၿမိဳ႕ဧရိယာ(၇၀)ရာခိုင္ႏႈန္းေက်ာ္ကို ျပန္လည္ထိန္းခ်ဳပ္ထားႏိုင္ၿပီျဖစ္ေၾကာင္း ေဒသခံတစ္ဦးထံ NP News ဂ်ာနယ္ကဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိတြင္ ဗန္းေမာက္ၿမိဳ႕ရွိ ျမနႏၵာ၊ လႊစင္ကုန္း၊ ေအာင္သာကုန္းႏွင့္ ၿမိဳ႕မရပ္ကြက္(၄)ခုအနက္ တပ္မေတာ္က ရပ္ကြက္(၃)ခုအထိ ျပန္လည္စိုးမိုးထားႏိုင္ၿပီး KIA ၊ PDF ပူးေပါင္းအဖြဲ႕က ေအာင္သာ ကုန္း ရပ္ကြက္တြင္သာ ခုခံေနရေၾကာင္းသိရသည္။
“ရပ္ကြက္က ျမနႏၵာရပ္ကြက္။ ျမနႏၵာရပ္ ကြက္ကို မက်ည္းပင္လို႔လည္းေခၚတယ္။ ေနာက္ၿပီး ေတာ့ လႊစင္ကုန္းရယ္၊ ေအာင္သာကုန္းရယ္၊ ၿမိဳ႕မ ရယ္ေပါ့။ ေအာင္သာကုန္းပဲမရေသးတာလို႔သိရ တယ္။ က်န္တဲ့ဟာ သိမ္းထားၿပီဆိုေတာ့ (၇၀)ရာခိုင္ႏႈန္းေက်ာ္ရၿပီလို႔ ေျပာလို႔ရတာေပါ့။ တခ်ိဳ႕က်ေတာ့ လည္း အကုန္လုံးရသြားၿပီလို႔ေျပာတယ္။ မထုတ္ျပန္ ေသးတာလို႔ေျပာတယ္”ဟု ေဒသခံ အမ်ိဳးသား တစ္ဦးကေျပာသည္။
KIA ၊ PDF ပူးေပါင္းအဖြဲ႕သည္ ဗန္းေမာက္ၿမိဳ႕ကို (၂၀၂၅)ခုႏွစ္၊ စက္တင္ဘာလ(၂၀) ရက္တြင္ အင္အားအလုံးအရင္းျဖင့္ ၿမိဳ႕လုံၿခဳံေရးေဆာင္႐ြက္ေနသည့္တပ္ဖြဲ႕ဝင္မ်ားကို ဝင္ေရာက္တိုက္ခိုက္ကာ တိုက္ပြဲေဖာ္ေဆာင္ခဲ့သည့္အတြက္ ေဒသခံမ်ားစြာ ေနရပ္စြန႔္ခြာတိမ္းေရွာင္ခဲ့ေၾကာင္း သိရသည္။
(၅)လအေက်ာ္ၾကာ ေနရပ္စြန႔္ခြာတိမ္း ေရွာင္ေနရသည့္ ေဒသခံမ်ားစြာသည္ ၿမိဳ႕တြင္း ျပန္ လည္ဝင္ေရာက္ရန္ဆႏၵရွိၾကေသာ္လည္း ဝင္ေရာက္ ရန္လမ္းပိုင္းမ်ားအတြင္း KIA ၊ PDF ပူးေပါင္းအဖြဲ႕ ကေထာင္ထားသည့္ ေျမျမႇဳပ္မိုင္းအႏၲရာယ္မ်ားေၾကာင့္ စိုးရိမ္ေနၾကရေၾကာင္း အထက္ပါေဒသခံကဆိုသည္။
“ဒါေပမဲ့ ဘယ္လိုပဲသိမ္းသိမ္း ဗန္းေမာက္ ၿမိဳ႕ကို တပ္က သိမ္းလိုက္ၿပီပဲထားပါေတာ့။ ထိန္းလိုက္ ရင္ေတာင္မွ စစ္ေရွာင္ေတြက အခုထိဝင္လို႔မရဘူး။ စစ္ေရွာင္ေတြက ဒီဘက္နယ္ကိုေရာက္ေနတာေလ။ ဝင္တဲ့လမ္းမွာ မိုင္းေတြေထာင္ထားတဲ့အခါက်ေတာ့ ဝင္လို႔ကမရဘူး။ စစ္ေရွာင္ေတြအတြက္ေတာ့ အခက္အခဲရွိေနေသးတယ္။ စစ္ေရွာင္ေတြကလည္း PDF ေတြနယ္ထဲေရာက္ေနတာေလ။ အဲဒီဘက္ကို လည္း တပ္က စစ္ေၾကာင္းထိုးမယ္ထင္တယ္။ အဲဒီေတာ့ စစ္ေရွာင္ေတြအတြက္ကေတာ့ ဘယ္လိုလုပ္ရ မလဲဆိုတာ စဥ္းစားလို႔ကိုမရဘူး။ အဲဒီေတာ့ ဝင္ဖို႔လုပ္ရမလား။ ဝင္တဲ့လမ္းတစ္ေလွ်ာက္ကလည္း မိုင္း ေတြေထာင္ထားတာေလ။ ကားလမ္းတစ္ေလွ်ာက္ပဲ”ဟု ၎ကေျပာသည္။
အလားတူ ဗန္းေမာက္ၿမိဳ႕တိုက္ပြဲအတြင္း ေက်း႐ြာမ်ားသို႔ စိမ့္ဝင္ေရာက္ရွိခဲ့သည္ KIA ၊ PDF မ်ား ေထာင္ခဲ့ေသာေျမျမႇဳပ္မ်ားေၾကာင့္ လူ(၅) ဦးထက္ မနည္းေသဆုံးထားရၿပီျဖစ္ေၾကာင္းလည္း ၎က ဆို သည္။ “ဒီကာလအတြင္းမွာကို ေတာ္ေတာ္ခက္ခဲတယ္။ ထြက္မေျပးဘဲနဲ႔ ႐ြာမွာက်န္ခဲ့တဲ့လူေတြလည္း ရွိတယ္ေလ။ က်န္ခဲ့တဲ့အႂကြင္းအက်န္ေတြကလည္း မိုင္းနင္းမိတာ လူ(၄)ေယာက္၊ (၅)ေယာက္ေလာက္ ရွိတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ျပန္ဝင္ခြင့္ရၿပီဆိုရင္ေတာင္မွ အဲဒီရပ္႐ြာမွာ မိုင္းအႏၲရာယ္က ႀကဳံေတြရ ႏိုင္တယ္။ အဲဒီေတာ့ သြားဖို႔လာဖို႔ကမလြယ္ေတာ့ဘူး”ဟု ၎ကဆက္ေျပာသည္။
ဗန္းေမာက္ၿမိဳ႕တိုက္ပြဲျပင္းထန္ေနခ်ိန္တြင္ KIA က ကခ်င္ျပည္နယ္အတြင္း အဓမၼလူသစ္ စုေဆာင္းျခင္းမ်ားကိုလည္း ယခင္ထက္ ခပ္စိပ္စိပ္လုပ္ေဆာင္လာေနေၾကာင္း စုံစမ္းရရွိထားသည့္အ ခ်က္အလက္မ်ားအရ သိရသည္။