စာရေးဆရာဆိုးအချို့၏ ဟောပြောရေးသားမှုများကြောင့် ပြည်သူအချို့က တပ်မတော်ကို မုန်းတီးခဲ့ ကြောင်း ဝန်ကြီးဟောင်းဖွင့်ဟ

 154

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၆

စာရေးဆရာဆိုးအချို့၏ ဟောပြောပို့ချမှုများ၊ ရေးသားမှုများ၏အကျိုးဆက်ကြောင့် ပြည်သူ များစွာသည် တပ်မတော်ကို မုန်းတီးခဲ့ကြခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးမောင်မြင့်က ပြောကြားခဲ့သည်။
ယခင် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ထမ်း ဆောင်ခဲ့ပြီး လက်ရှိရွေးကောက်ပွဲတွင် USDP ပါတီကိုယ်စားပြုပြီး နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ပြီးအနိုင်ရခဲ့သည့် ဦးမောင်မြင့်က ပြီးခဲ့ သည့် ဇန်နဝါရီလ (၁၉) ရက်တွင် ရန်ကုန်မြို့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရန်ကင်း မြို့နယ်၊ တာမွေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ တွေ့ ဆုံပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးသည် နိုင်ငံရေးစွမ်းအားလိုသကဲ့သို့ စီးပွားရေးသည်လည်း စီးပွားရေးစွမ်းအားလို အပ်ပြီး စစ်ရေးတွင်လည်း စစ်ရေးစွမ်းအား အလွန်လိုအပ်ကြောင်း ဦးမောင်မြင့်ကဆိုသည်။
“Military မရှိဘူးဆိုတဲ့အချိန်၊ Military ပိုင်းကျဆင်းနေတဲ့အချိန်မှာ ကျွန်တော်တို့တိုင်းပြည်ရဲ့ တည်ငြိမ်မှုနှင့် အေးချမ်းမှုမှာ ထိခိုက်လာတာပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာ Regular Army လို့ခေါ်တဲ့ တပ်မတော်ကြီးရှိတာပဲ။ ဘာကြောက်စရာ လိုလဲ။ မေးလို့ရတာပေါ့။ ဒါပေမဲ့ Regular Army ဆိုပြီး ရှိပင်ရှိငြားသော်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀)၊ (၃၀)လောက်ကစပြီးတော့မှ အချို့သောအ နောက် နိုင်ငံတွေယိမ်းတဲ့သူတွေ၊ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့လူတွေ၊ အထူးသဖြင့် စာရေး ဆရာဆိုးတွေရဲ့ဟောပြောပို့ချမှုတွေ၊ ရေးသားမှုတွေရဲ့အကျိုးဆက်က ဘာဖြစ်လဲဆိုရင် ပြည်သူတော် တော်များများက တပ်မတော်ကိုမုန်းတီးလာကြတယ်။ တပ်မတော်ကို မချစ်ကြတော့ဘူး”ဟု ဦးမောင်မြင့် က ပြောသည်။
တပ်မတော်အား ပြည်သူကမချစ်သောအခါ တပ်မတော်အတွင်းဝင်ရောက်သူနည်းလာပြီး ပုံမှန် စစ်တပ်ရှိသော်လည်း ခြေလျင်တပ်အင်အား လျော့နည်းလာကြောင်းလည်း ဦးမောင်မြင့်ကဆိုသည်။
“အဲဒါကို ကျွန်တော်တို့သိတယ်။ ပြည်သူတွေလည်း သိတယ်။ ကျွန်တော်တို့ထက်ပိုသိတာက သောင်းကျန်းသူတွေကပိုသိတယ်။ ပြည်ပက ဖျက်လို ဖျက်ဆီးလုပ်ချင်တဲ့လူတွေက ပိုသိတယ်။ ပိုရင် ကျွန်တော်တို့ အားနည်းနေတာကိုအကြောင်းပြုပြီးတော့မှ (၁၀၂၇)ဆိုတဲ့စစ်ဆင်ရေးကြီးနဲ့ ကျွန်တော်တို့ နိုင်ငံကိုတိုက်ခိုက်တယ်။ တိုက်ခိုက်တဲ့အခါမှာ ကျွန်တော်တို့ မေမြို့နားမှာရှိတဲ့ နောင်ချိုဆိုတဲ့နေရာအထိ စွန့်လွှတ်ပေးလိုက်ရတာရှိတယ်”ဟု ဦးမောင်မြင့်က ပြောသည်။
သို့သော် လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းပြီး တပ်မတော်အတွင်း အင်အားပြန်လည် အားကောင်းလာရာမှ တန်ပြန်ထိုးစစ်များဆင်နိုင်ခဲ့ပြီး လက်လွှတ်ခဲ့ရသောနယ်မြေများကို ပြန်ရရှိနေပြီ ဖြစ်ကြောင်းလည်း ဦးမောင်မြင့်က ထည့်သွင်းပြောကြားခဲ့သည်။
“တပ်မတော်အင်အားပြန်လည်ပြီးတော့ ကောင်းလာတဲ့အချိန်မှာ တန်ပြန်ထိုးစစ်တွေဆင်နိုင်လို့ အခုဆိုလို့ရှိရင် မိုးကုတ်တို့ မိုးမိတ်တို့တောင်မှ ပြန်ရနေပါပြီ။ အားလုံးကိုပြန်မရသေးပေမယ့် စစ်ရေး စွမ်း အားကောင်းလာတာနဲ့အမျှ ပိုပိုပြီးတော့မှ ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံရဲ့အဝန်းအဝိုင်းကို အစိုးရရဲ့အချုပ် အချာအာဏာပိုပြီးတော့ ထိရောက်ကျယ်ပြန့်လာအောင်ဆောင်ရွက်နိုင်တဲ့အနေအထားရှိပါတယ်”ဟု ဦးမောင်မြင့်ကပြောသည်။
ထို့ကြောင့် နိုင်ငံတော်တွင် နိုင်ငံရေးစွမ်းအား၊ စီးပွားရေးစွမ်းအား၊ စစ်ရေးစွမ်းအားများသည် သီးခြားရပ်တည်နေသော်ငြား အချင်းချင်း ဆက်စပ်မှုရှိနေခြင်းဖြစ်ကြောင်းလည်း ဦးမောင်မြင့်က ထည့် သွင်းပြောကြားခဲ့သည်။

Zawgyi Version:
စာေရးဆရာဆိုးအခ်ိဳ႕၏ ေဟာေျပာေရးသားမႈမ်ားေၾကာင့္ ျပည္သူအခ်ိဳ႕က တပ္မေတာ္ကို မုန္းတီးခဲ့ ေၾကာင္း ဝန္ႀကီးေဟာင္းဖြင့္ဟ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၆
စာေရးဆရာဆိုးအခ်ိဳ႕၏ ေဟာေျပာပို႔ခ်မႈမ်ား၊ ေရးသားမႈမ်ား၏အက်ိဳးဆက္ေၾကာင့္ ျပည္သူ မ်ားစြာသည္ တပ္မေတာ္ကို မုန္းတီးခဲ့ၾကျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီအဖြဲ႕ဝင္ ဦးေမာင္ျမင့္က ေျပာၾကားခဲ့သည္။
ယခင္ သမၼတေဟာင္း ဦးသိန္းစိန္လက္ထက္တြင္ ျပည္ေထာင္စုဝန္ႀကီးအျဖစ္တာဝန္ထမ္း ေဆာင္ခဲ့ၿပီး လက္ရွိေ႐ြးေကာက္ပြဲတြင္ USDP ပါတီကိုယ္စားျပဳၿပီး ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္ ျပည္ သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မဲဆႏၵနယ္၌ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီးအႏိုင္ရခဲ့သည့္ ဦးေမာင္ျမင့္က ၿပီးခဲ့ သည့္ ဇန္နဝါရီလ (၁၉) ရက္တြင္ ရန္ကုန္ၿမိဳ႕၌ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ကိုယ္စားျပဳ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ ရန္ကင္း ၿမိဳ႕နယ္၊ တာေမြၿမိဳ႕နယ္အတြင္းရွိ မဲဆႏၵရွင္မ်ား ေတြ႕ ဆုံပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံေရးသည္ ႏိုင္ငံေရးစြမ္းအားလိုသကဲ့သို႔ စီးပြားေရးသည္လည္း စီးပြားေရးစြမ္းအားလို အပ္ၿပီး စစ္ေရးတြင္လည္း စစ္ေရးစြမ္းအား အလြန္လိုအပ္ေၾကာင္း ဦးေမာင္ျမင့္ကဆိုသည္။
“Military မရွိဘူးဆိုတဲ့အခ်ိန္၊ Military ပိုင္းက်ဆင္းေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔တိုင္းျပည္ရဲ႕ တည္ၿငိမ္မႈႏွင့္ ေအးခ်မ္းမႈမွာ ထိခိုက္လာတာေပါ့ေနာ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ Regular Army လို႔ေခၚတဲ့ တပ္မေတာ္ႀကီးရွိတာပဲ။ ဘာေၾကာက္စရာ လိုလဲ။ ေမးလို႔ရတာေပါ့။ ဒါေပမဲ့ Regular Army ဆိုၿပီး ရွိပင္ရွိျငားေသာ္လည္း လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၂၀)၊ (၃၀)ေလာက္ကစၿပီးေတာ့မွ အခ်ိဳ႕ေသာအ ေနာက္ ႏိုင္ငံေတြယိမ္းတဲ့သူေတြ၊ တိုင္းျပည္ကို ဖ်က္လိုဖ်က္ဆီးလုပ္ခ်င္တဲ့လူေတြ၊ အထူးသျဖင့္ စာေရး ဆရာဆိုးေတြရဲ႕ေဟာေျပာပို႔ခ်မႈေတြ၊ ေရးသားမႈေတြရဲ႕အက်ိဳးဆက္က ဘာျဖစ္လဲဆိုရင္ ျပည္သူေတာ္ ေတာ္မ်ားမ်ားက တပ္မေတာ္ကိုမုန္းတီးလာၾကတယ္။ တပ္မေတာ္ကို မခ်စ္ၾကေတာ့ဘူး”ဟု ဦးေမာင္ျမင့္ က ေျပာသည္။
တပ္မေတာ္အား ျပည္သူကမခ်စ္ေသာအခါ တပ္မေတာ္အတြင္းဝင္ေရာက္သူနည္းလာၿပီး ပုံမွန္ စစ္တပ္ရွိေသာ္လည္း ေျခလ်င္တပ္အင္အား ေလ်ာ့နည္းလာေၾကာင္းလည္း ဦးေမာင္ျမင့္ကဆိုသည္။
“အဲဒါကို ကြၽန္ေတာ္တို႔သိတယ္။ ျပည္သူေတြလည္း သိတယ္။ ကြၽန္ေတာ္တို႔ထက္ပိုသိတာက ေသာင္းက်န္းသူေတြကပိုသိတယ္။ ျပည္ပက ဖ်က္လို ဖ်က္ဆီးလုပ္ခ်င္တဲ့လူေတြက ပိုသိတယ္။ ပိုရင္ ကြၽန္ေတာ္တို႔ အားနည္းေနတာကိုအေၾကာင္းျပဳၿပီးေတာ့မွ (၁၀၂၇)ဆိုတဲ့စစ္ဆင္ေရးႀကီးနဲ႔ ကြၽန္ေတာ္တို႔ ႏိုင္ငံကိုတိုက္ခိုက္တယ္။ တိုက္ခိုက္တဲ့အခါမွာ ကြၽန္ေတာ္တို႔ ေမၿမိဳ႕နားမွာရွိတဲ့ ေနာင္ခ်ိဳဆိုတဲ့ေနရာအထိ စြန႔္လႊတ္ေပးလိုက္ရတာရွိတယ္”ဟု ဦးေမာင္ျမင့္က ေျပာသည္။
သို႔ေသာ္ လက္ရွိတြင္ ျပည္သူ႔စစ္မႈထမ္း ဥပေဒျပ႒ာန္းၿပီး တပ္မေတာ္အတြင္း အင္အားျပန္လည္ အားေကာင္းလာရာမွ တန္ျပန္ထိုးစစ္မ်ားဆင္ႏိုင္ခဲ့ၿပီး လက္လႊတ္ခဲ့ရေသာနယ္ေျမမ်ားကို ျပန္ရရွိေနၿပီ ျဖစ္ေၾကာင္းလည္း ဦးေမာင္ျမင့္က ထည့္သြင္းေျပာၾကားခဲ့သည္။
“တပ္မေတာ္အင္အားျပန္လည္ၿပီးေတာ့ ေကာင္းလာတဲ့အခ်ိန္မွာ တန္ျပန္ထိုးစစ္ေတြဆင္ႏိုင္လို႔ အခုဆိုလို႔ရွိရင္ မိုးကုတ္တို႔ မိုးမိတ္တို႔ေတာင္မွ ျပန္ရေနပါၿပီ။ အားလုံးကိုျပန္မရေသးေပမယ့္ စစ္ေရး စြမ္း အားေကာင္းလာတာနဲ႔အမွ် ပိုပိုၿပီးေတာ့မွ က်ယ္က်ယ္ျပန႔္ျပန႔္ ႏိုင္ငံရဲ႕အဝန္းအဝိုင္းကို အစိုးရရဲ႕အခ်ဳပ္ အခ်ာအာဏာပိုၿပီးေတာ့ ထိေရာက္က်ယ္ျပန႔္လာေအာင္ေဆာင္႐ြက္ႏိုင္တဲ့အေနအထားရွိပါတယ္”ဟု ဦးေမာင္ျမင့္ကေျပာသည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္တြင္ ႏိုင္ငံေရးစြမ္းအား၊ စီးပြားေရးစြမ္းအား၊ စစ္ေရးစြမ္းအားမ်ားသည္ သီးျခားရပ္တည္ေနေသာ္ျငား အခ်င္းခ်င္း ဆက္စပ္မႈရွိေနျခင္းျဖစ္ေၾကာင္းလည္း ဦးေမာင္ျမင့္က ထည့္ သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.