၂၀၂၆ ခုနှစ်တွင် Fire Hotspots ဖြစ်ပွားမှုအရေအတွက် ၂၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားရန် ရည်မှန်းဆောင်ရွက်နေ

162

Pearl (NP News) - ဇန်နဝါရီ ၂၆
၂၀၂၆ ခုနှစ်တွင် Fire Hotspots ဖြစ်ပွားမှုအရေအတွက် ၂၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားရန် ရည်မှန်းချက်ထားဆောင်ရွက်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ကျိုင်းတုံမြို့နှင့် မိုင်းဖြတ်မြို့များမှ ဌာနဆိုင်ရာတာဝန်ခံများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှုလျှော့ချရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ယခုအချိန်ကာလ ပွင့်လင်းရာသီတွင် တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများကြောင့် Fire Hotspots ဖြစ်ပေါ်လာစေပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည့်အပြင် မီးခိုးမြူငွေ့များတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော PM 2.5 အမှုန်များသည် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်းပြောသည်။
အဆိုပါမီးခိုးမြူငွေ့များသည် လေစီးကြောင်းအတိုင်း တစ်နိုင်ငံမှတစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ရောက်ရှိနိုင်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် Fire Hotspots လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ၊ ထိုင်းနှင့် လာအိုသုံးနိုင်ငံပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက် - Clear Sky Strategy (၂၀၂၄-၂၀၃၀) ကို ရေးဆွဲထုတ်ပြန်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြား ခဲ့သည်။
အလားတူ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းပြီး မီးခိုးမြူငွေ့ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း Fire Hotspots ဖြစ်ပွားမှုအရေအတွက် သည် ၂၀၂၄ ခုနှစ်တွင် ၅၁၀၉၁ ခု ရှိရာမှ ၂၀၂၅ ခုနှစ်တွင် ၄၅၀၂၅ ခု တွေ့ရှိရသဖြင့် ၆၀၆၆ ခု (၁၂ ရာခိုင်နှုန်း) လျော့နည်းသွားသည် ကို တွေ့ရှိရကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိ ကြောင်းလည်း ပြောကြားခဲ့သည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ၂၀၂၅ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားသည်ကို တွေ့ရှိရ၍ ဆောင်ရွက်ချက်များအား အသိအမှတ်ပြုပါကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင်လည်း ဆက်လက်လျော့နည်းသွားအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းအစား ကွန်တို/တောင်စောင်း စိုက်ပျိုးခြင်းနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ ကုန်းမြင့်လယ်ယာစိုက်ပျိုးရေးစနစ် ကျင့်သုံးခြင်း၊ စိုက်ပျိုးရေးဘေးထွက် ပစ္စည်းများနှင့် လူနေအိမ်များမှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရေးနှင့် မီးရှို့ခြင်းအစားသဘာဝမြေဩဇာပြုလုပ်၍ ပြန်လည်အသုံးပြုခြင်း စသည့်အလေ့အကျင့်များကို အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သောနည်းပညာ၊ အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပေါင်းစပ်ဆောင်ရွက်သွားရန် အရေးကြီး ကြောင်း ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်အတွင်းရှိ သဘာဝသယံဇာတများ ရေရှည်တည်တံ့ရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုကောင်းမွန်ရေး၊ Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးတို့ကို ဌာနအသီးသီးနှင့် အဖွဲ့အစည်းများ၊ ဒေသခံများအားလုံးအတူ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားထားသည်။

Zawgyi Version:
၂၀၂၆ ခုႏွစ္တြင္ Fire Hotspots ျဖစ္ပြားမႈအေရအတြက္ ၂၀ ရာခိုင္ႏႈန္းအထိ ေလ်ာ့နည္းသြားရန္ ရည္မွန္းေဆာင္႐ြက္ေန
Pearl (NP News) - ဇန္နဝါရီ ၂၆
၂၀၂၆ ခုႏွစ္တြင္ Fire Hotspots ျဖစ္ပြားမႈအေရအတြက္ ၂၀ ရာခိုင္ႏႈန္းအထိ ေလ်ာ့နည္းသြားရန္ ရည္မွန္းခ်က္ထားေဆာင္႐ြက္ေနေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီက ေျပာသည္။
သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီသည္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) ရွိ က်ိဳင္းတုံၿမိဳ႕ႏွင့္ မိုင္းျဖတ္ၿမိဳ႕မ်ားမွ ဌာနဆိုင္ရာတာဝန္ခံမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ စာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႕မ်ား၊ ရပ္ကြက္/ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ား၊ ေဒသခံျပည္သူမ်ားႏွင့္ ေတြ႕ဆုံ၍ နယ္စပ္ျဖတ္ေက်ာ္မီးခိုးျမဴေငြ႕ညစ္ညမ္းမႈႏွင့္ Fire Hotspots ျဖစ္ပြားမႈေလွ်ာ့ခ်ေရးဆိုင္ရာ ကိစၥရပ္မ်ားကို ေဆြးေႏြးစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုဝန္ႀကီးက ယခုအခ်ိန္ကာလ ပြင့္လင္းရာသီတြင္ ေတာမီးႏွင့္ အျခားမီးေလာင္ကြၽမ္းမႈမ်ားေၾကာင့္ Fire Hotspots ျဖစ္ေပၚလာေစၿပီး သဘာဝပတ္ဝန္းက်င္ကို ပ်က္စီးေစသည့္အျပင္ မီးခိုးျမဴေငြ႕မ်ားတြင္ သာမန္မ်က္စိျဖင့္ မျမင္ႏိုင္ေသာ PM 2.5 အမႈန္မ်ားသည္ လူသားတို႔၏ က်န္းမာေရးကို ထိခိုက္ေစသည့္အတြက္ ဝန္ႀကီးဌာနအေနျဖင့္ အေလးထားေဆာင္႐ြက္လ်က္ရွိေၾကာင္းေျပာသည္။
အဆိုပါမီးခိုးျမဴေငြ႕မ်ားသည္ ေလစီးေၾကာင္းအတိုင္း တစ္ႏိုင္ငံမွတစ္ႏိုင္ငံ နယ္စပ္ျဖတ္ေက်ာ္ေရာက္ရွိႏိုင္သည့္အတြက္ ျမန္မာႏိုင္ငံအေနျဖင့္ Fire Hotspots ေလွ်ာ့ခ်ေရးႏွင့္ နယ္စပ္ျဖတ္ေက်ာ္မီးခိုးျမဴေငြ႕ညစ္ညမ္းမႈ ထိန္းခ်ဳပ္ေရးဆိုင္ရာ လုပ္ငန္းမ်ားကို အာဆီယံႏိုင္ငံမ်ား၊ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ျမန္မာ၊ ထိုင္းႏွင့္ လာအိုသုံးႏိုင္ငံပူးေပါင္း၍ နယ္စပ္ျဖတ္ေက်ာ္မီးခိုးျမဴေငြ႕ညစ္ညမ္းမႈ ထိန္းခ်ဳပ္ေရးဆိုင္ရာ ပူးတြဲလုပ္ငန္းစီမံခ်က္ - Clear Sky Strategy (၂၀၂၄-၂၀၃၀) ကို ေရးဆြဲထုတ္ျပန္ၿပီး အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ေျပာၾကား ခဲ့သည္။
အလားတူ ျမန္မာ-ထိုင္း နယ္နိမိတ္ျဖတ္ေက်ာ္ မီးခိုးျမဴေငြ႕ေလထုညစ္ညမ္းမႈ တားဆီးကာကြယ္ေရးဆိုင္ရာ ပူးေပါင္းေျဖရွင္းေဆာင္႐ြက္ေရးေကာ္မတီကို ဖြဲ႕စည္းၿပီး မီးခိုးျမဴေငြ႕ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံအတြင္း Fire Hotspots ျဖစ္ပြားမႈအေရအတြက္ သည္ ၂၀၂၄ ခုႏွစ္တြင္ ၅၁၀၉၁ ခု ရွိရာမွ ၂၀၂၅ ခုႏွစ္တြင္ ၄၅၀၂၅ ခု ေတြ႕ရွိရသျဖင့္ ၆၀၆၆ ခု (၁၂ ရာခိုင္ႏႈန္း) ေလ်ာ့နည္းသြားသည္ ကို ေတြ႕ရွိရေၾကာင္းႏွင့္ ၂၀၂၆ ခုႏွစ္တြင္ ၂၀ ရာခိုင္ႏႈန္းအထိ ေလ်ာ့နည္းသြားရန္ ရည္မွန္းခ်က္ထားေဆာင္႐ြက္လ်က္ရွိ ေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) အတြင္း ၂၀၂၅ ခုႏွစ္တြင္ ၃၀ ရာခိုင္ႏႈန္းအထိ ေလ်ာ့နည္းသြားသည္ကို ေတြ႕ရွိရ၍ ေဆာင္႐ြက္ခ်က္မ်ားအား အသိအမွတ္ျပဳပါေၾကာင္းႏွင့္ ၂၀၂၆ ခုႏွစ္တြင္လည္း ဆက္လက္ေလ်ာ့နည္းသြားေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေဒသခံျပည္သူမ်ားအေနျဖင့္လည္း ေ႐ႊ႕ေျပာင္းေတာင္ယာစိုက္ပ်ိဳးျခင္းအစား ကြန္တို/ေတာင္ေစာင္း စိုက္ပ်ိဳးျခင္းႏွင့္ သီးႏွံသစ္ေတာေရာေႏွာစိုက္ပ်ိဳးျခင္း၊ ကုန္းျမင့္လယ္ယာစိုက္ပ်ိဳးေရးစနစ္ က်င့္သုံးျခင္း၊ စိုက္ပ်ိဳးေရးေဘးထြက္ ပစၥည္းမ်ားႏွင့္ လူေနအိမ္မ်ားမွ စြန္႔ပစ္ပစၥည္းမ်ားကို စနစ္တက်စြန႔္ပစ္ေရးႏွင့္ မီးရႈိ႕ျခင္းအစားသဘာဝေျမဩဇာျပဳလုပ္၍ ျပန္လည္အသုံးျပဳျခင္း စသည့္အေလ့အက်င့္မ်ားကို အေလးထားေဆာင္႐ြက္ရန္ႏွင့္ လိုအပ္ေသာနည္းပညာ၊ အသိပညာေပးျခင္းလုပ္ငန္းမ်ားကို သက္ဆိုင္ရာဌာနမ်ားႏွင့္ ရပ္ကြက္/ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ားက ေပါင္းစပ္ေဆာင္႐ြက္သြားရန္ အေရးႀကီး ေၾကာင္း ေျပာၾကားခဲ့သည္။
ရွမ္းျပည္နယ္အတြင္းရွိ သဘာဝသယံဇာတမ်ား ေရရွည္တည္တံ့ေရး၊ ပတ္ဝန္းက်င္စိမ္းလန္းစိုျပည္ေရးႏွင့္ ရာသီဥတုေကာင္းမြန္ေရး၊ Fire Hotspots ျဖစ္ပြားမႈ ေလွ်ာ့ခ်ေရးႏွင့္ နယ္စပ္ျဖတ္ေက်ာ္ မီးခိုးျမဴေငြ႕ညစ္ညမ္းမႈထိန္းခ်ဳပ္ေရးတို႔ကို ဌာနအသီးသီးႏွင့္ အဖြဲ႕အစည္းမ်ား၊ ေဒသခံမ်ားအားလုံးအတူ ပူးေပါင္းေဆာင္႐ြက္ေပးၾကရန္ တိုက္တြန္းေျပာၾကားထားသည္။