ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ဖယ်ရီသင်္ဘောတစ်စီးနစ်မြုပ်ခဲ့ပြီး အနည်းဆုံးလူ(၁၅)ဦးသေဆုံးကာ အခြားလူ(၂၈)ဦး ပျောက်ဆုံးနေ

 55

Pika (NP News) - ဇန်နဝါရီ ၂၈

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကမ်းလွန်ပင်လယ်ပြင်မှာ လူ(၃၅၀)ဦးကျော်လိုက်ပါလာတဲ့ ဖယ်ရီသင်္ဘောတစ်စီး နစ်မြုပ်ခဲ့ရာ အနည်းဆုံးလူ(၁၅)ဦးသေဆုံးပြီး အခြားလူ(၂၈)ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ MV Trisha Kerstin 3 လို့အမည်ရတဲ့ ဖယ်ရီသင်္ဘောဟာ ဇမ်ဘိုအန်ဂါ ဆိပ်ကမ်းကနေ ထွက်ခွာပြီးနောက် အချိန်(၄)နာရီကျော်အကြာမှာ အရေပေါ်အချက်ပြမှုတစ်ခုကို ထုတ်လွှင့်ခဲ့ တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဖယ်ရီသင်္ဘောနစ်မြုပ်ပြီးနောက် အနည်းဆုံးလူ(၃၁၆)ဦးကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီး (၁၅)ဦးသေဆုံးကာ အခြားလူ(၂၈)ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့တပ်မှူး ရိုမယ်ဂျူအာက အတည်ပြု ပြောကြားခဲ့ပါတယ်။ ရိုမယ်ဂျူအာက “ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့အတွက် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့လေယာဉ်တစ်စီးက ပင်လယ်ပြင်ကို ထွက်ခွာသွားပါပြီ။ ရေတပ်နဲ့ လေတပ်တို့ကလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဖို့အတွက် သူတို့ရဲ့စစ်ဘက်ပိုင်ဆိုင်မှုတွေကို ပေးပို့ပေးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ဖိလစ္ပိုင္ႏိုင္ငံေတာင္ပိုင္းမွာ ဖယ္ရီသေဘၤာတစ္စီးနစ္ျမဳပ္ခဲ့ၿပီး အနည္းဆုံးလူ(၁၅)ဦးေသဆုံးကာ အျခားလူ(၂၈)ဦး ေပ်ာက္ဆုံးေန
Pika (NP News) - ဇန္နဝါရီ ၂၈
ဖိလစ္ပိုင္ႏိုင္ငံေတာင္ပိုင္းကမ္းလြန္ပင္လယ္ျပင္မွာ လူ(၃၅၀)ဦးေက်ာ္လိုက္ပါလာတဲ့ ဖယ္ရီသေဘၤာတစ္စီး နစ္ျမဳပ္ခဲ့ရာ အနည္းဆုံးလူ(၁၅)ဦးေသဆုံးၿပီး အျခားလူ(၂၈)ဦးေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ ကမ္းေျခေစာင့္ တပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ MV Trisha Kerstin 3 လို႔အမည္ရတဲ့ ဖယ္ရီသေဘၤာဟာ ဇမ္ဘိုအန္ဂါ ဆိပ္ကမ္းကေန ထြက္ခြာၿပီးေနာက္ အခ်ိန္(၄)နာရီေက်ာ္အၾကာမွာ အေရေပၚအခ်က္ျပမႈတစ္ခုကို ထုတ္လႊင့္ခဲ့ တယ္လို႔ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ဖယ္ရီသေဘၤာနစ္ျမဳပ္ၿပီးေနာက္ အနည္းဆုံးလူ(၃၁၆)ဦးကို ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့ၿပီး (၁၅)ဦးေသဆုံးကာ အျခားလူ(၂၈)ဦး ေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ ကမ္းေျခေစာင့္တပ္ဖြဲ႕တပ္မႉး ႐ိုမယ္ဂ်ဴအာက အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ ႐ိုမယ္ဂ်ဴအာက “ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြမွာ ပါဝင္ကူညီဖို႔အတြက္ ဖိလစ္ပိုင္ ကမ္းေျခေစာင့္တပ္ဖြဲ႕ရဲ႕ေလယာဥ္တစ္စီးက ပင္လယ္ျပင္ကို ထြက္ခြာသြားပါၿပီ။ ေရတပ္နဲ႔ ေလတပ္တို႔ကလည္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြမွာ ကူညီဖို႔အတြက္ သူတို႔ရဲ႕စစ္ဘက္ပိုင္ဆိုင္မႈေတြကို ေပးပို႔ေပးခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.