အီရန်နဲ့ဆွေးနွေးပွဲက ကောင်းမွန်တဲ့ဆွေးနွေးပွဲဖြစ်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော

 467

Pika (NP News) - ဖေဖော်ဝါရီ ၉

အီရန်နဲ့လုပ်ဆောင်ခဲ့တဲ့ဆွေးနွေးပွဲတွေက ကောင်းမွန်တဲ့ဆွေးနွေးမှုတွေဖြစ်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ လုပ်ဆောင်ခဲ့တဲ့ဆွေးနွေးပွဲကို အပြုသဘောဆောင် တဲ့ဆွေးနွေးပွဲအဖြစ် အီရန်ဘက်ကလည်း ချီးကျူးပြောဆိုခဲ့ပြီး နောက်ထပ်ဆွေးနွေးမှုတွေကို မကြာခင်အချိန် အတွင်း စတင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အိုမန်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုတွေနဲ့အတူ အမေရိကန်နဲ့အီရန်တို့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေဟာ မူစကတ်မြို့ မှာ ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးပွဲလုပ်ဆောင်ပြီး နောက် မကြာခင်မှာပဲ အမေရိကန်က အီရန်ရဲ့ရေနံတင်ပို့မှုကိုထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ ပိတ်ဆို့အရေးယူမှုအသစ် တွေကို ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်က ထုတ်ပြန်ကြေညာခဲ့တဲ့ပိတ်ဆို့အရေးယူမှုအသစ်တွေမှာ အီရန်ရဲ့အဖွဲ့အစည်း(၁၅)ခု၊ လူပုဂ္ဂိုလ် (၂)ဦး နဲ့ သင်္ဘော(၁၄)စီးတို့ ပါဝင်တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရနမ့်က “ကျွန်တော်တို့နဲ့ အီရန်ကြားမှာ ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ လာမယ့်သီတင်းပတ်အစောပိုင်းမှာ နောက်ထပ်ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အီရန္နဲ႔ေဆြးေႏြးပြဲက ေကာင္းမြန္တဲ့ေဆြးေႏြးပြဲျဖစ္ခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၉

အီရန္နဲ႔လုပ္ေဆာင္ခဲ့တဲ့ေဆြးေႏြးပြဲေတြက ေကာင္းမြန္တဲ့ေဆြးေႏြးမႈေတြျဖစ္ခဲ့တယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အေမရိကန္နဲ႔ လုပ္ေဆာင္ခဲ့တဲ့ေဆြးေႏြးပြဲကို အျပဳသေဘာေဆာင္ တဲ့ေဆြးေႏြးပြဲအျဖစ္ အီရန္ဘက္ကလည္း ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး ေနာက္ထပ္ေဆြးေႏြးမႈေတြကို မၾကာခင္အခ်ိန္ အတြင္း စတင္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အိုမန္ႏိုင္ငံက ၾကားဝင္ေစ့စပ္ေပးမႈေတြနဲ႔အတူ အေမရိကန္နဲ႔အီရန္တို႔ရဲ႕ကိုယ္စားလွယ္အဖြဲ႕ေတြဟာ မူစကတ္ၿမိဳ႕ မွာ ေဆြးေႏြးမႈေတြလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ေဆြးေႏြးပြဲလုပ္ေဆာင္ၿပီး ေနာက္ မၾကာခင္မွာပဲ အေမရိကန္က အီရန္ရဲ႕ေရနံတင္ပို႔မႈကိုထိန္းခ်ဳပ္ဖို႔ ရည္႐ြယ္တဲ့ ပိတ္ဆို႔အေရးယူမႈအသစ္ ေတြကို ထုတ္ျပန္ေၾကညာခဲ့တယ္လို႔ သိရပါတယ္။
အေမရိကန္က ထုတ္ျပန္ေၾကညာခဲ့တဲ့ပိတ္ဆို႔အေရးယူမႈအသစ္ေတြမွာ အီရန္ရဲ႕အဖြဲ႕အစည္း(၁၅)ခု၊ လူပုဂၢိဳလ္ (၂)ဦး နဲ႔ သေဘၤာ(၁၄)စီးတို႔ ပါဝင္တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရနမ့္က “ကြၽန္ေတာ္တို႔နဲ႔ အီရန္ၾကားမွာ ေကာင္းမြန္တဲ့ ေဆြးေႏြးမႈေတြရွိခဲ့ပါတယ္။ လာမယ့္သီတင္းပတ္အေစာပိုင္းမွာ ေနာက္ထပ္ေဆြးေႏြးမႈေတြ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.