အမေရိကန်နှင့် တရုတ်တိုင်ပေတို့ကြား ဒေါ်လာ (၈၄) ဘီလျံ တန်ဖိုးရှိ သမိုင်းဝင် စာချုပ်ချုပ်ဆို

 232

ဂျန်ဇက် (NP News) ဖေဖေါ်ဝါရီ -၁၅
အာရှ-ပစိဖိတ်ဒေသအတွင်း ပထဝီနိုင်ငံ ရေးတင်းမာမှုများမြင့်တက်နေချိန်တွင် အမေရိကန်နှင့် တရုတ်တိုင် ပေသည် စီးပွားရေးနှင့် မဟာဗျူဟာ မြောက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည့် သမိုင်းဝင် ကုန်သွယ်ရေးသဘောတူညီ ချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်းသိရသည်။ သဘောတူညီချက်သည် နှစ်ဖက်ကုန်သွယ်မှု အတား အဆီးများကို ဖယ်ရှားလိုက်ရုံသာမက၊ တရုတ်နိုင်ငံ၏ မျက်စောင်း ထိုးမှုကိုခံနေရသည့် တရုတ်တိုင်ပေအတွက် အမေရိ ကန်၏ စီးပွားရေးအာမခံချက်တစ်ခုသဖွယ် ဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။ အဆိုပါသဘောတူညီ ချက်သည် နှစ်နိုင်ငံ စီးပွားရေးသမိုင်းတွင် အကြီးမားဆုံးသောခြေလှမ်းတစ်ခုဖြစ်ပြီး အမေရိကန်ဘက်မှ တရုတ်တိုင်ပေသွင်း ကုန်များအပေါ်ကောက်ခံနေသည့် အကောက်ခွန်နှုန်းထားများကို (၁၅)ရာခိုင်နှုန်း အထိ လျှော့ချပေးလိုက်ကြောင်း သိရသည်။ အဆိုပါ အချက်သည် တရုတ်တိုင်ပေ၏ နည်းပညာနှင့်အီလက် ထရွန်နစ်ပစ္စည်းများ အမေရိကန်ဈေး ကွက်သို့ဝင် ရောက်ရာတွင်များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်းသိရသည်။ တရုတ်တိုင်ပေဘက်ကလည်း အမေရိကန်ကုန်ပစ္စည်းတွေအပေါ် ပိတ်ပင်ထားသည့် ကုန်သွယ်ရေးအတားအဆီး ‘(၉၉)ရာခိုင်နှုန်းကို ဖယ်ရှားပေး မည်ဟု ကတိပြုလိုက်ကြောင်းသိရသည်။ တရုတ်တိုင်ပေသည် အမေရိကန်နိုင်ငံထုတ် စိုက်ပျိုးရေး၊ စစ်ဘက်ရေးရာနှင့် စက်မှုကုန်ကြမ်းများအပါအဝင်ကုန်ပစ္စည်းများကို တန်ဖိုးငွေ ဒေါ်လာ (၈၄) ဘီလျံအထိ ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးကျွမ်းကျင်သူတွေက အမေရိကန်နှင့် တရုတ်တိုင်ပေတို့၏သဘောတူညီချက်သည် နှစ်ဦးနှစ် ဖက်အကျိုးရှိသည်ဟု သုံးသပ်ကြသည်။ သံတမန်ရေးရာကျွမ်းကျင်သူတစ်ဦးက]တရုတ်တိုင်ပေက အမေရိကန်ဆီကနေ ဒေါ်လာ (၈၄)ဘီလျံဖိုးဝယ်မယ်ဆိုတာဟာ ရိုးရိုးကုန်သွယ်ရေးမဟုတ်ပါဘူး။ ဒါဟာ အကာအကွယ်ကြေးပေးတာနဲ့ တူသလို၊ အမေရိကန်က လည်း တရုတ်တိုင်ပေကို နိုင်ငံတစ်နိုင်ငံအဆင့် ဆက် ဆံလိုက်တာပါပဲ’ဟု မှတ်ချက်ပြုသည်။
အဆိုပါသဘောတူညီချက် စတင်အသက် ဝင်လာသည်နှင့်အမျှ ဆီမီးကွန်ဒက်တာ (Semicon­ductor) ထုတ်လုပ်မှုကွင်းဆက်များနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာ ဖွယ်ရှိသည်။ အမေရိ ကန် စိုက်ပျိုးရေးတောင်သူများနှင့် နည်းပညာကုမ္ပဏီများအတွက် သတင်းကောင်း ဖြစ်သော်လည်း တရုတ်-အမေရိကန် ဆက်ဆံရေးမှာ မူ ပိုမိုအေးစက်သွားနိုင်ဖွယ်ရှိနေသည်။ တရုတ်နိုင်ငံ က တရုတ်တိုင်ပေသည် ၎င်း၏ပိုင်နက်ဖြစ်သည်ဟု ပြောဆိုထားပြီး တရုတ်တိုင်ပေနှင့်ကုန်သွယ်ရေး လုပ်သည့်နိုင်ငံများကို ဟန့်တားမှုများရှိနေပြီးတရုတ်နှင့် တရုတ်တိုင် ပေကြား တင်းမာမှုအရှိန်မြင့်တက်နေချိန်တွင် အမေရိကန်နှင့်တရုတ်တိုင်ပေကြား သမိုင်းဝင် ကုန်သွယ်ရေးသဘော တူညီချက်ရယူနိုင် ခြင်းက တရုတ်တိုင်ပေနှင့် တရုတ်နိုင်ငံကြား အငြင်းပွားမှုများ၊ တင်းမာမှုများ ပိုမိုဖြစ်လာ ဖွယ်ရှိ နေသည်။

(Ref : AA)

Zawgyi Version:
အေမရိကန္ႏွင့္ တ႐ုတ္တိုင္ေပတို႔ၾကား ေဒၚလာ (၈၄) ဘီလ်ံ တန္ဖိုးရွိ သမိုင္းဝင္ စာခ်ဳပ္ခ်ဳပ္ဆို
ဂ်န္ဇက္ (NP News) ေဖေဖၚဝါရီ -၁၅
အာရွ-ပစိဖိတ္ေဒသအတြင္း ပထဝီႏိုင္ငံ ေရးတင္းမာမႈမ်ားျမင့္တက္ေနခ်ိန္တြင္ အေမရိကန္ႏွင့္ တ႐ုတ္တိုင္ ေပသည္ စီးပြားေရးႏွင့္ မဟာဗ်ဴဟာ ေျမာက္ဆက္ဆံေရးကို ပိုမိုခိုင္မာေစမည့္ သမိုင္းဝင္ ကုန္သြယ္ေရးသေဘာတူညီ ခ်က္တစ္ရပ္ကို လက္မွတ္ေရးထိုးလိုက္ၿပီျဖစ္ေၾကာင္းသိရသည္။ သေဘာတူညီခ်က္သည္ ႏွစ္ဖက္ကုန္သြယ္မႈ အတား အဆီးမ်ားကို ဖယ္ရွားလိုက္႐ုံသာမက၊ တ႐ုတ္ႏိုင္ငံ၏ မ်က္ေစာင္း ထိုးမႈကိုခံေနရသည့္ တ႐ုတ္တိုင္ေပအတြက္ အေမရိ ကန္၏ စီးပြားေရးအာမခံခ်က္တစ္ခုသဖြယ္ ျဖစ္လာဖြယ္ရွိေနေၾကာင္းသိရသည္။ အဆိုပါသေဘာတူညီ ခ်က္သည္ ႏွစ္ႏိုင္ငံ စီးပြားေရးသမိုင္းတြင္ အႀကီးမားဆုံးေသာေျခလွမ္းတစ္ခုျဖစ္ၿပီး အေမရိကန္ဘက္မွ တ႐ုတ္တိုင္ေပသြင္း ကုန္မ်ားအေပၚေကာက္ခံေနသည့္ အေကာက္ခြန္ႏႈန္းထားမ်ားကို (၁၅)ရာခိုင္ႏႈန္း အထိ ေလွ်ာ့ခ်ေပးလိုက္ေၾကာင္း သိရသည္။ အဆိုပါ အခ်က္သည္ တ႐ုတ္တိုင္ေပ၏ နည္းပညာႏွင့္အီလက္ ထ႐ြန္နစ္ပစၥည္းမ်ား အေမရိကန္ေဈး ကြက္သို႔ဝင္ ေရာက္ရာတြင္မ်ားစြာ အေထာက္အကူျဖစ္ေစမည္ ျဖစ္ေၾကာင္းသိရသည္။ တ႐ုတ္တိုင္ေပဘက္ကလည္း အေမရိကန္ကုန္ပစၥည္းေတြအေပၚ ပိတ္ပင္ထားသည့္ ကုန္သြယ္ေရးအတားအဆီး ‘(၉၉)ရာခိုင္ႏႈန္းကို ဖယ္ရွားေပး မည္ဟု ကတိျပဳလိုက္ေၾကာင္းသိရသည္။ တ႐ုတ္တိုင္ေပသည္ အေမရိကန္ႏိုင္ငံထုတ္ စိုက္ပ်ိဳးေရး၊ စစ္ဘက္ေရးရာႏွင့္ စက္မႈကုန္ၾကမ္းမ်ားအပါအဝင္ကုန္ပစၥည္းမ်ားကို တန္ဖိုးေငြ ေဒၚလာ (၈၄) ဘီလ်ံအထိ ဝယ္ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။ စီးပြားေရးကြၽမ္းက်င္သူေတြက အေမရိကန္ႏွင့္ တ႐ုတ္တိုင္ေပတို႔၏သေဘာတူညီခ်က္သည္ ႏွစ္ဦးႏွစ္ ဖက္အက်ိဳးရွိသည္ဟု သုံးသပ္ၾကသည္။ သံတမန္ေရးရာကြၽမ္းက်င္သူတစ္ဦးက]တ႐ုတ္တိုင္ေပက အေမရိကန္ဆီကေန ေဒၚလာ (၈၄)ဘီလ်ံဖိုးဝယ္မယ္ဆိုတာဟာ ႐ိုး႐ိုးကုန္သြယ္ေရးမဟုတ္ပါဘူး။ ဒါဟာ အကာအကြယ္ေၾကးေပးတာနဲ႔ တူသလို၊ အေမရိကန္က လည္း တ႐ုတ္တိုင္ေပကို ႏိုင္ငံတစ္ႏိုင္ငံအဆင့္ ဆက္ ဆံလိုက္တာပါပဲ’ဟု မွတ္ခ်က္ျပဳသည္။
အဆိုပါသေဘာတူညီခ်က္ စတင္အသက္ ဝင္လာသည္ႏွင့္အမွ် ဆီမီးကြန္ဒက္တာ (Semicon­ductor) ထုတ္လုပ္မႈကြင္းဆက္မ်ားႏွင့္ စြမ္းအင္က႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုနက္ရႈိင္းလာ ဖြယ္ရွိသည္။ အေမရိ ကန္ စိုက္ပ်ိဳးေရးေတာင္သူမ်ားႏွင့္ နည္းပညာကုမၸဏီမ်ားအတြက္ သတင္းေကာင္း ျဖစ္ေသာ္လည္း တ႐ုတ္-အေမရိကန္ ဆက္ဆံေရးမွာ မူ ပိုမိုေအးစက္သြားႏိုင္ဖြယ္ရွိေနသည္။ တ႐ုတ္ႏိုင္ငံ က တ႐ုတ္တိုင္ေပသည္ ၎၏ပိုင္နက္ျဖစ္သည္ဟု ေျပာဆိုထားၿပီး တ႐ုတ္တိုင္ေပႏွင့္ကုန္သြယ္ေရး လုပ္သည့္ႏိုင္ငံမ်ားကို ဟန႔္တားမႈမ်ားရွိေနၿပီးတ႐ုတ္ႏွင့္ တ႐ုတ္တိုင္ ေပၾကား တင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္တြင္ အေမရိကန္ႏွင့္တ႐ုတ္တိုင္ေပၾကား သမိုင္းဝင္ ကုန္သြယ္ေရးသေဘာ တူညီခ်က္ရယူႏိုင္ ျခင္းက တ႐ုတ္တိုင္ေပႏွင့္ တ႐ုတ္ႏိုင္ငံၾကား အျငင္းပြားမႈမ်ား၊ တင္းမာမႈမ်ား ပိုမိုျဖစ္လာ ဖြယ္ရွိ ေနသည္။

(Ref : AA)

Related news

© 2021. All rights reserved.