ဗြိတိန်ဘုရင်ချားလ်စ်၏ ညီဖြစ်သူ အင်ဒရူးကို ပြန်လွတ်ပေးပြီးနောက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်မည်ဟု ဗြိတိန်ရဲတပ်ဖွဲ့ပြော

 209

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂ဝ

ဗြိတိန်ရဲတပ်ဖွဲ့သည် ဗြိတိန်ဘုရင်ကြီး ၏ညီဖြစ်သူ အင်ဒရူးကို ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ဗြိတိန်ဘုရင် ချားလ်စ် (King Charles III) ၏ ညီတော်ဖြစ်သူ တော်ဝင်မင်းသားဟောင်း အင်ဒရူးကို ပြည်သူ့ဝန်ထမ်းတာဝန်ထမ်းဆောင်ချိန်အတွင်း ရာထူးအာဏာအလွဲသုံးစားပြုလုပ်မှုဖြင့် သံသယရှိကာဗြိတိန်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အင်္ဂလန်အရှေ့ပိုင်း ၎င်း၏ နေအိမ် Wood Farm သို့ အရပ်ဝတ်ရဲအရာရှိများ နှင့် အမှတ်အသားမပါသော ရဲကား ၆ စီးခန့်ရောက်ရှိလာခဲ့ပြီး တော်ဝင်မင်းသားဟောင်း အင်ဒရူးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗြိတိန်ဥပဒေအရ သံသယရှိသူ၏ အမည်ကို တိုက်ရိုက်ထုတ်ဖော်ပြောကြားလေ့မရှိသော်လည်း Thames Valley ရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်တွင် "အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားပြီး Norfolk နှင့် Berkshire ဒေသများရှိ နေအိမ်များကို ရှာဖွေမှုများ ပြုလုပ်နေကြောင်း" အတည်ပြုထားသည်။
ဗြိတိန်တော်ဝင်မင်းသားဟောင်းအင်ဒရူးသည် ၎င်း၏ (၆၆) နှစ်ပြည့်မွေးနေ့တွင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းဖမ်းဆီးခံရမှုက ဗြိတိန်တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို များစွာထိခိုက်ကျဆင်းစေဖွယ်ရှိနေကြောင်း သိရသည်။
လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူ အမေရိကန်ဘီလျံနာ ဂျက်ဖရီ အက်ပ်စတိန်း ၏ အမှုတွဲမှတ်တမ်းသစ်များကို အမေရိကန်တရားရေးဌာနက ထုတ်ပြန်လိုက်ပြီးနောက် မကြာမီတွင် အင်ဒရူးဖမ်းဆီးခံရမှုဖြစ်လာခဲ့ခြင်းဖြစ်သည်။
အင်ဒရူးသည် ဗြိတိန်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း အစိုးရ၏ လျှို့ဝှက်ကုန်သွယ်ရေးမှတ်တမ်းများကို ဘီလျံနာဂျက်ဖရီ အက်ပ်စတိန်းထံ ပေးပို့ခဲ့သည်ဆိုသော စွပ်စွဲချက်များဖြင့် စုံစမ်းစစ်ဆေးခံနေရခြင်း ဖြစ်ကြောင်းသိရသည်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမား က "မည်သူတစ်ဦးတစ်ယောက်မျှ ဥပဒေအထက်တွင် မရှိကြောင်း" နှင့် အချက်အလက်သိရှိသူတိုင်း ထွက်ဆိုသင့်ကြောင်း ပြောခဲ့သည်။ တော်ဝင်မင်းသား အင်ဒရူးသည်
ပြီးခဲ့သည့်နှစ်ကတည်းက အက်ပ်စတိန်းနှင့်ပတ်သက်သည့်အရှုပ်တော်ပုံများကြောင့် တော်ဝင်မင်းသားအဖြစ်မှ ရုပ်သိမ်းခံခဲ့ရကြောင်း သိရသည်။ အင်ဒရူးကမူ အဆိုပါ စွပ်စွဲချက်များအားလုံးကို ငြင်းဆိုထားပြီး မည်သည့် ပြစ်မှုမျှ ကျူးလွန်ထားခြင်း မရှိကြောင်း တုံ့ပြန်ထားသည်။ လက်ရှိအချိန်တွင် ဗြိတိန်ရဲတပ်ဖွဲ့က အင်ဒရူးကို ဆက်လက်ထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး အမှု စတင်နေပြီဖြစ်သဖြင့် တရားရုံးလုပ်ငန်းစဉ်များကို ထိခိုက်မှုမရှိစေရန် သတိပေးထားကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

Zawgyi Version;
ၿဗိတိန္ဘုရင္ခ်ားလ္စ္၏ ညီျဖစ္သူ အင္ဒ႐ူးကို ျပန္လြတ္ေပးၿပီးေနာက္ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္မည္ဟု ၿဗိတိန္ရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂ဝ
ၿဗိတိန္ရဲတပ္ဖြဲ႕သည္ ၿဗိတိန္ဘုရင္ႀကီး ၏ညီျဖစ္သူ အင္ဒ႐ူးကို ဖမ္းဆီးၿပီးေနာက္ ျပန္လႊတ္ေပးကာ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။
ၿဗိတိန္ဘုရင္ ခ်ားလ္စ္ (King Charles III) ၏ ညီေတာ္ျဖစ္သူ ေတာ္ဝင္မင္းသားေဟာင္း အင္ဒ႐ူးကို ျပည္သူ႔ဝန္ထမ္းတာဝန္ထမ္းေဆာင္ခ်ိန္အတြင္း ရာထူးအာဏာအလြဲသုံးစားျပဳလုပ္မႈျဖင့္ သံသယရွိကာၿဗိတိန္ရဲတပ္ဖြဲ႕က ေဖေဖာ္ဝါရီ ၁၉ ရက္တြင္ ဖမ္းဆီးလိုက္ေၾကာင္း သိရသည္။
အဂၤလန္အေရွ႕ပိုင္း ၎၏ ေနအိမ္ Wood Farm သို႔ အရပ္ဝတ္ရဲအရာရွိမ်ား ႏွင့္ အမွတ္အသားမပါေသာ ရဲကား ၆ စီးခန႔္ေရာက္ရွိလာခဲ့ၿပီး ေတာ္ဝင္မင္းသားေဟာင္း အင္ဒ႐ူးကို ဖမ္းဆီးထိန္းသိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ၿဗိတိန္ဥပေဒအရ သံသယရွိသူ၏ အမည္ကို တိုက္႐ိုက္ထုတ္ေဖာ္ေျပာၾကားေလ့မရွိေသာ္လည္း Thames Valley ရဲတပ္ဖြဲ႕၏ တရားဝင္ ထုတ္ျပန္ခ်က္တြင္ "အသက္ ၆၀ ေက်ာ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးထားၿပီး Norfolk ႏွင့္ Berkshire ေဒသမ်ားရွိ ေနအိမ္မ်ားကို ရွာေဖြမႈမ်ား ျပဳလုပ္ေနေၾကာင္း" အတည္ျပဳထားသည္။
ၿဗိတိန္ေတာ္ဝင္မင္းသားေဟာင္းအင္ဒ႐ူးသည္ ၎၏ (၆၆) ႏွစ္ျပည့္ေမြးေန႔တြင့္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ၿပီး ၎ဖမ္းဆီးခံရမႈက ၿဗိတိန္ေတာ္ဝင္မိသားစု၏ ဂုဏ္သိကၡာကို မ်ားစြာထိခိုက္က်ဆင္းေစဖြယ္ရွိေနေၾကာင္း သိရသည္။
လိင္ပိုင္းဆိုင္ရာျပစ္မႈက်ဴးလြန္သူ အေမရိကန္ဘီလ်ံနာ ဂ်က္ဖရီ အက္ပ္စတိန္း ၏ အမႈတြဲမွတ္တမ္းသစ္မ်ားကို အေမရိကန္တရားေရးဌာနက ထုတ္ျပန္လိုက္ၿပီးေနာက္ မၾကာမီတြင္ အင္ဒ႐ူးဖမ္းဆီးခံရမႈျဖစ္လာခဲ့ျခင္းျဖစ္သည္။
အင္ဒ႐ူးသည္ ၿဗိတိန္ႏိုင္ငံ၏ အျပည္ျပည္ဆိုင္ရာကုန္သြယ္ေရးကိုယ္စားလွယ္အျဖစ္ တာဝန္ထမ္းေဆာင္ေနစဥ္အတြင္း အစိုးရ၏ လွ်ိဳ႕ဝွက္ကုန္သြယ္ေရးမွတ္တမ္းမ်ားကို ဘီလ်ံနာဂ်က္ဖရီ အက္ပ္စတိန္းထံ ေပးပို႔ခဲ့သည္ဆိုေသာ စြပ္စြဲခ်က္မ်ားျဖင့္ စုံစမ္းစစ္ေဆးခံေနရျခင္း ျဖစ္ေၾကာင္းသိရသည္။
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ကီယာ စတားမား က "မည္သူတစ္ဦးတစ္ေယာက္မွ် ဥပေဒအထက္တြင္ မရွိေၾကာင္း" ႏွင့္ အခ်က္အလက္သိရွိသူတိုင္း ထြက္ဆိုသင့္ေၾကာင္း ေျပာခဲ့သည္။ ေတာ္ဝင္မင္းသား အင္ဒ႐ူးသည္
ၿပီးခဲ့သည့္ႏွစ္ကတည္းက အက္ပ္စတိန္းႏွင့္ပတ္သက္သည့္အရႈပ္ေတာ္ပုံမ်ားေၾကာင့္ ေတာ္ဝင္မင္းသားအျဖစ္မွ ႐ုပ္သိမ္းခံခဲ့ရေၾကာင္း သိရသည္။ အင္ဒ႐ူးကမူ အဆိုပါ စြပ္စြဲခ်က္မ်ားအားလုံးကို ျငင္းဆိုထားၿပီး မည္သည့္ ျပစ္မႈမွ် က်ဴးလြန္ထားျခင္း မရွိေၾကာင္း တုံ႔ျပန္ထားသည္။ လက္ရွိအခ်ိန္တြင္ ၿဗိတိန္ရဲတပ္ဖြဲ႕က အင္ဒ႐ူးကို ဆက္လက္ထိန္းသိမ္းစစ္ေဆးလ်က္ရွိၿပီး အမႈ စတင္ေနၿပီျဖစ္သျဖင့္ တရား႐ုံးလုပ္ငန္းစဥ္မ်ားကို ထိခိုက္မႈမရွိေစရန္ သတိေပးထားေၾကာင္း ၿဗိတိန္မီဒီယာမ်ားက ေဖာ္ျပသည္။

Related news

© 2021. All rights reserved.