ပါကစ္စတန်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို လူအုပ်ကြီး ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီး

979

ဂျန်ဇက် (NP News) - မတ် ၁
အီရန်အမြင့်ဆုံးခေါင်းဆောင် အာယတိုလာ အလီခါမေနီ နှင့် စစ်ဦးစီးချုပ်တို့ သေဆုံးမူကိုဆန့်ကျင်မူအဖြစ် ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ဒေါသထွက်နေသော လူအုပ်ကြီးက မတ်လ ၁ ရက်တွင် အတင်းအဓမ္မ ဝင်ရောက်စီးနင်းပြီး အဆောက်အအုံ၏ အစိတ်အပိုင်းအချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဒေါသဖြစ်နေသည့်လူအုပ်ကြီးသည် ကောင်စစ်ဝန်ရုံး၏ လုံခြုံရေးတံတိုင်းများကို ချိုးဖောက်ကာ ဧရိယာအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး လူအုပ်ကြီးသည် ရုံးခန်းမှန်များနှင့် တံခါးများကို တုတ်များ၊ ခဲများဖြင့် အကြမ်းဖက် ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆောက်အအုံအတွင်းသို့ ဝင်ရောက်ကာ မီးရှို့မှုများပါ ပြုလုပ်ခဲ့ကြောင်း NDTV သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါ အကြမ်းဖက်ဝင်ရောက်လာသူများကို ထိန်းချုပ်ဟန့်တားနိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်နှိမ်နင်းမှုများ ပြုလုပ်ခဲ့ရကြောင်း သတင်းများ ထွက်ပေါ်နေသည်။
မကြာသေးမီက အမေရိကန် နှင့် အစ္စရေးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့သော လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ထိပ်တန်းခေါင်းဆောင်များ ကျဆုံးခဲ့ရပြီးနောက်၊ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ နိုင်ငံများတွင် အမေရိကန်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် တင်းမာမှုများ အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာနေကြောင်း သိရသည်။

Zawgyi Version;
ပါကစၥတန္ရွိ အေမရိကန္ေကာင္စစ္ဝန္႐ုံးကို လူအုပ္ႀကီး ဝင္ေရာက္စီးနင္း မီးရႈိ႕ဖ်က္ဆီး
ဂ်န္ဇက္ (NP News) - မတ္ ၁
အီရန္အျမင့္ဆုံးေခါင္းေဆာင္ အာယတိုလာ အလီခါေမနီ ႏွင့္ စစ္ဦးစီးခ်ဳပ္တို႔ ေသဆုံးမူကိုဆန႔္က်င္မူအျဖစ္ ပါကစၥတန္ႏိုင္ငံ၊ ကရာခ်ီၿမိဳ႕ရွိ အေမရိကန္ေကာင္စစ္ဝန္႐ုံးကို ေဒါသထြက္ေနေသာ လူအုပ္ႀကီးက မတ္လ ၁ ရက္တြင္ အတင္းအဓမၼ ဝင္ေရာက္စီးနင္းၿပီး အေဆာက္အအုံ၏ အစိတ္အပိုင္းအခ်ိဳ႕ကို မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
ေဒါသျဖစ္ေနသည့္လူအုပ္ႀကီးသည္ ေကာင္စစ္ဝန္႐ုံး၏ လုံၿခဳံေရးတံတိုင္းမ်ားကို ခ်ိဳးေဖာက္ကာ ဧရိယာအတြင္းသို႔ က်ဴးေက်ာ္ဝင္ေရာက္ခဲ့ျခင္းျဖစ္ၿပီး လူအုပ္ႀကီးသည္ ႐ုံးခန္းမွန္မ်ားႏွင့္ တံခါးမ်ားကို တုတ္မ်ား၊ ခဲမ်ားျဖင့္ အၾကမ္းဖက္ ႐ိုက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အေဆာက္အအုံအတြင္းသို႔ ဝင္ေရာက္ကာ မီးရႈိ႕မႈမ်ားပါ ျပဳလုပ္ခဲ့ေၾကာင္း NDTV သတင္းဌာနက ေဖာ္ျပထားသည္။
အဆိုပါ အၾကမ္းဖက္ဝင္ေရာက္လာသူမ်ားကို ထိန္းခ်ဳပ္ဟန႔္တားႏိုင္ရန္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ပစ္ခတ္ႏွိမ္နင္းမႈမ်ား ျပဳလုပ္ခဲ့ရေၾကာင္း သတင္းမ်ား ထြက္ေပၚေနသည္။
မၾကာေသးမီက အေမရိကန္ ႏွင့္ အစၥေရးတို႔ ပူးေပါင္းလုပ္ေဆာင္ခဲ့ေသာ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အီရန္ထိပ္တန္းေခါင္းေဆာင္မ်ား က်ဆုံးခဲ့ရၿပီးေနာက္၊ အစၥလာမ္ဘာသာဝင္ အမ်ားစုေနထိုင္ရာ ႏိုင္ငံမ်ားတြင္ အေမရိကန္ဆန႔္က်င္ေရး လႈပ္ရွားမႈမ်ားႏွင့္ တင္းမာမႈမ်ား အရွိန္အဟုန္ျပင္းစြာ ျမင့္တက္လာေနေၾကာင္း သိရသည္။