ယူအေအီး၊ ကာတာနဲ့အခြားအိမ်နီးချင်းနိုင်ငံတွေအပေါ် အီရန်ရဲ့တိုက်ခိုက်မှုတွေကို ဆော်ဒီအာရေးဗျ ပြစ်တင်ရှုတ်ချ

 280

Pika (NP News) - မတ် ၁

ယူအေအီး၊ကာတာနဲ့ ဘာရိန်းနိုင်ငံတို့ အပါအဝင် ပင်လယ်ကွေ့နဲ့အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ နိုင်ငံအများ အပြားအပေါ် အီရန်ရဲ့တိုက်ခိုက်မှုတွေကို ဆော်ဒီအာရေးဗျအစိုးရက ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။ ဆော်ဒီအာရေးဗျ နိုင်ငံခြားရေးဝန်ကြီးဌာနက “အီရန်ရဲ့ရန်လိုတဲ့လုပ်ရပ်တွေနဲ့ ယူအေအီး၊ ဘာရိန်း၊ ကာတာ၊ ကူဝိတ် နဲ့ ဂျော်ဒန်တို့ရဲ့အချုပ်အခြာအာဏာကို ချိုးဖောက်မှုတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချပါတယ်။ အီရန်က နိုင်ငံတကာဥပဒေကို ဆက်လက်ချိုးဖောက်နေမယ်ဆိုရင် ပြင်းထန်တဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” လို့ သတိပေးပြောဆိုခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုတွေကို စတင်လုပ်ဆောင်ခဲ့ပြီးနောက် အီရန်ရဲ့ ယခုလို တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဒါ့ပြင် အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယူအေအီးမှာ အနည်းဆုံးလူ(၁)ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ အီရန်ရဲ့တိုက်ခိုက်မှုတွေကြောင့် ယူအေအီး၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ် နဲ့ ဂျော်ဒန်တို့က မြို့အချို့မှာ ပေါက်ကွဲသံတွေကိုကြားခဲ့ရတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ယူေအအီး၊ ကာတာနဲ႔အျခားအိမ္နီးခ်င္းႏိုင္ငံေတြအေပၚ အီရန္ရဲ႕တိုက္ခိုက္မႈေတြကို ေဆာ္ဒီအာေရးဗ် ျပစ္တင္ရႈတ္ခ်
Pika (NP News) - မတ္ ၁
ယူေအအီး၊ကာတာနဲ႔ ဘာရိန္းႏိုင္ငံတို႔ အပါအဝင္ ပင္လယ္ေကြ႕နဲ႔အေရွ႕အလယ္ပိုင္းေဒသမွာရွိတဲ့ ႏိုင္ငံအမ်ား အျပားအေပၚ အီရန္ရဲ႕တိုက္ခိုက္မႈေတြကို ေဆာ္ဒီအာေရးဗ်အစိုးရက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ ေဆာ္ဒီအာေရးဗ် ႏိုင္ငံျခားေရးဝန္ႀကီးဌာနက “အီရန္ရဲ႕ရန္လိုတဲ့လုပ္ရပ္ေတြနဲ႔ ယူေအအီး၊ ဘာရိန္း၊ ကာတာ၊ ကူဝိတ္ နဲ႔ ေဂ်ာ္ဒန္တို႔ရဲ႕အခ်ဳပ္အျခာအာဏာကို ခ်ိဳးေဖာက္မႈေတြကို ကြၽန္ေတာ္တို႔ ျပင္းျပင္းထန္ထန္ ျပစ္တင္ ရႈတ္ခ်ပါတယ္။ အီရန္က ႏိုင္ငံတကာဥပေဒကို ဆက္လက္ခ်ိဳးေဖာက္ေနမယ္ဆိုရင္ ျပင္းထန္တဲ့အက်ိဳးဆက္ေတြနဲ႔ ရင္ဆိုင္ရပါလိမ့္မယ္” လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။
အေမရိကန္နဲ႔ အစၥေရးတို႔က အီရန္အေပၚ တိုက္ခိုက္မႈေတြကို စတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ အီရန္ရဲ႕ ယခုလို တိုက္ခိုက္မႈေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ဒါ့ျပင္ အီရန္က ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ယူေအအီးမွာ အနည္းဆုံးလူ(၁)ဦးေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။ အီရန္ရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ ယူေအအီး၊ ကာတာ၊ ဘာရိန္း၊ ကူဝိတ္ နဲ႔ ေဂ်ာ္ဒန္တို႔က ၿမိဳ႕အခ်ိဳ႕မွာ ေပါက္ကြဲသံေတြကိုၾကားခဲ့ရတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.