Shopkins အရုပ် (၂၆၅၆)ခုအထိ စုဆောင်းပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် ဩစတြေးလျအမျိုးသမီး

 135

Pika (NP News) - မတ် ၂

ကလေးဘဝတည်းက Shopkins အရုပ်များကို ကြိုက်နှစ်သက်ခဲ့‌သော ဩစတြေးလျအမျိုး သမီးတစ်ဦးသည် Shopkins အရုပ်ပစ္စည်းအမျိုး အစားပေါင်း(၂၆၅၆)ခုအထိ စုဆောင်းခဲ့ပြီးနောက် ကမ္ဘာဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ ကွင်းစ်လန်းပြည်နယ် ြမေနနဘေ မြို့တွင်နေထိုင် သည့် အလက်ဇာစတွတ်က အသက်(၇)နှစ်အရွယ် တွင် သူငယ်ချင်းတစ်ဦးက Mareeba အရုပ်များကို ကျောင်းသို့ယူလာခဲ့ပြီးနောက် ကြိုက်နှစ်သက်သွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။ အဆိုပါအချိန်မှစတင်ကာ Shopkins အရုပ်များကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပစ္စည်းစုစု ပေါင်း(၂၆၅၆)ခုအထိ စုဆောင်းနိုင်ခဲ့ပြီဖြစ်ကြောင်း အလက်ဇာစတွတ်က ပြောကြားခဲ့သည်။ အလက်ဇာစ တွတ်သည် (၂၀၁၉)ခုနှစ်တွင် Shopkins အရုပ်စုဆောင်းမှု(၂၂၇၁)ခုအထိ ရောက်ရှိခဲ့‌သော ဗြိတိန် အမျိုးသမီးရီဟားနာ ကော်နာ၏စံချိန်ကို တရားဝင် ချိုးဖျက်ခဲ့ပြီး Shopkins အရုပ်နှင့်ပတ်သက်သည့် အမှတ်တရပစ္စည်းအများဆုံးစု ဆောင်းမှု ဂင်းနစ်စံချိန် ကိုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အလက်ဇာစ တွတ်က “ Shopkins အရုပ်တွေကို ကျွန်မ တကယ်ကို ကြိုက်တာပါ။ ဒီအရုပ်တွေကို ကျွန်မအသက်(၇)နှစ်အရွယ် (၂၀၁၄)ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာပါ။ မတူညီတဲ့ Shopkins အရုပ်တွေကို စုဆောင်းရတာ တကယ်ကို ပျော်ဖို့ကောင်းပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version;
Shopkins အ႐ုပ္ (၂၆၅၆)ခုအထိ စုေဆာင္းၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့သည့္ ဩစေၾတးလ်အမ်ိဳးသမီး
Pika (NP News) - မတ္ ၂
ကေလးဘဝတည္းက Shopkins အ႐ုပ္မ်ားကို ႀကိဳက္ႏွစ္သက္ခဲ့‌ေသာ ဩစေၾတးလ်အမ်ိဳး သမီးတစ္ဦးသည္ Shopkins အ႐ုပ္ပစၥည္းအမ်ိဳး အစားေပါင္း(၂၆၅၆)ခုအထိ စုေဆာင္းခဲ့ၿပီးေနာက္ ကမာၻဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ ကြင္းစ္လန္းျပည္နယ္ ျေမနနေဘ ၿမိဳ႕တြင္ေနထိုင္ သည့္ အလက္ဇာစတြတ္က အသက္(၇)ႏွစ္အ႐ြယ္ တြင္ သူငယ္ခ်င္းတစ္ဦးက Mareeba အ႐ုပ္မ်ားကို ေက်ာင္းသို႔ယူလာခဲ့ၿပီးေနာက္ ႀကိဳက္ႏွစ္သက္သြားခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ေျပာၾကားခဲ့သည္။ အဆိုပါအခ်ိန္မွစတင္ကာ Shopkins အ႐ုပ္မ်ားကို ဝယ္ယူခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ ပစၥည္းစုစု ေပါင္း(၂၆၅၆)ခုအထိ စုေဆာင္းႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း အလက္ဇာစတြတ္က ေျပာၾကားခဲ့သည္။ အလက္ဇာစ တြတ္သည္ (၂၀၁၉)ခုႏွစ္တြင္ Shopkins အ႐ုပ္စုေဆာင္းမႈ(၂၂၇၁)ခုအထိ ေရာက္ရွိခဲ့‌ေသာ ၿဗိတိန္ အမ်ိဳးသမီးရီဟားနာ ေကာ္နာ၏စံခ်ိန္ကို တရားဝင္ ခ်ိဳးဖ်က္ခဲ့ၿပီး Shopkins အ႐ုပ္ႏွင့္ပတ္သက္သည့္ အမွတ္တရပစၥည္းအမ်ားဆုံးစု ေဆာင္းမႈ ဂင္းနစ္စံခ်ိန္ ကိုရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အလက္ဇာစ တြတ္က “ Shopkins အ႐ုပ္ေတြကို ကြၽန္မ တကယ္ကို ႀကိဳက္တာပါ။ ဒီအ႐ုပ္ေတြကို ကြၽန္မအသက္(၇)ႏွစ္အ႐ြယ္ (၂၀၁၄)ခုႏွစ္မွာ စတင္ထုတ္လုပ္ခဲ့တာပါ။ မတူညီတဲ့ Shopkins အ႐ုပ္ေတြကို စုေဆာင္းရတာ တကယ္ကို ေပ်ာ္ဖို႔ေကာင္းပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.