ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် နွေဦးတော်လှန်ရေး၏ သူရဲကောင်းများအားဂုဏ်ပြုသည့် သစ်ပင်စိုက်ကမ်ပိန်းပြုလုပ်မည်

 371

ရဲပြည့် (NP News ) - မေ ၂၉
ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် နွေဦးတော် လှန်ရေးတွင် ကျဆုံးသွားသည့်ရဲဘော်များနှင့် လက်ရှိတွန်းလှန်နေသည့် လူမျိုးဘာသာ အလွှာမျိုးစုံကို ဂုဏ်ပြု သည့်အနေဖြင့် သစ်ပင်စိုက်ပျိုးရေးကမ်ပိန်းလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကြိုက်နှစ်သက်ရာ သစ်ပင်၊ သီးပင်၊ စားပင်များ စိုက်ပျိုးပြီး စစ်အာဏာရှင်ကို တွန်းလှန်သည့် လူထုလှုပ်ရှားမှုကိုဆောင်ရွက်ရန် NUG၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မေလ ၂၉ ရက်တွင် တိုက်တွန်းနှိုးဆော်လိုက်သည်။

ဖေဖော်ဝါရီလ (၁)ရက်နေ့ အကြမ်းဖက်စစ်ကောင်စီ၏ အာဏာလုယူမှုကြောင့် နိုင်ငံသည် ဆင်းရဲဒုက္ခမျိုးစုံကို ကြုံတွေ့နေရပြီး ပျက်စီးယိုယွင်းနေသည့် ဂေဟစနစ်ကြီးအတွက်၊ ပျောက်ဆုံးသွားခဲ့သော ဒီမို ကရေစီအတွက် မိဘပြည်သူများ၏ တွဲလက်များဖြင့် ပြန်လည်ထုဆစ်ပုံဖော်မည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောသည်။

Related news

© 2021. All rights reserved.