မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထိုင်းနိုင်ငံရောက် မြန်မာများက ဘတ်ငွေ(၁)သန်းနှင့် သွပ်အချပ်ရေ(၁)သောင်းကျော်ကို လှူဒါန်း

 1412

ယွန်း (NP News) - မေ ၁၄
မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများက ထိုင်းဘတ်ငွေ(၁)သန်းနှင့် သွပ်အချပ်ရေ(၁)သောင်းကျော်ကို လှူဒါန်းထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ၊ မြန်မာသံရုံးက ယနေ့(မေလ ၁၄ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မုန်တိုင်းဒဏ်ခံရသော ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အိမ်မိုးသွပ်များ မဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ထားသည်။

ထို့‌ကြောင့် သံရုံးအနေဖြင့် ပြီးခဲ့သည့် မေလ(၁၂)ရက်နေ့မှ စ၍ ဗန်ကောက်မြို့ရှိ သွပ်စက်ရုံ၌ သွပ်အချပ်ရေ(၈၀၀၀)ကို ကြိုတင်မှာ ထားခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသားများကလည်း မြန်မာသံရုံးသို့ဆက်သွယ်ကာ မေလ(၁၃)ရက်နေ့ တစ်ရက်တည်းတွင် ထိုင်းဘတ်ငွေ(၁)သန်းနှင့် သွပ်တစ်ချပ်လျှင် ဘတ်(၂၀၀)နှုန်းဖြင့် သွပ်အချပ်ရေ (၈၆၅၀)ချပ်ကို လှူဒါန်းထားကြောင်း သိရသည်။

အလားတူ ချင်းမိုင်မြို့ရှိ ကောင်းစစ်ဝန်ရုံးသို့ သွပ်ချပ်ရေ(၁၉၈၀)အား ဆက်သွယ်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလှူရှင်များ၏ လှူဒါန်း‌ငွေများကိုလည်း သွပ်နှင့် သွပ်ရိုက်သံများကို ဦးစားပေးဝယ်ယူသွားမည်ဖြစ်ပြီး လေဘေးသင့်ဒေသသို့ ရောက်အောင် ပေးပို့သွားမည်ဖြစ်ကြောင်း ဗန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

Zawgyi Version

မုန္တိုင္းဒဏ္သင့္ ျပည္သူမ်ားအတြက္ ထိုင္းႏိုင္ငံေရာက္ ျမန္မာမ်ားက ဘတ္ေငြ(၁)သန္းႏွင့္ သြပ္အခ်ပ္ေရ(၁)ေသာင္းေက်ာ္ကို လႉဒါန္း

ယြန္း (NP News) - ေမ ၁၄
မုန္တိုင္းဒဏ္သင့္ ျပည္သူမ်ားအတြက္ ထိုင္းႏိုင္ငံရွိ ျမန္မာႏိုင္ငံသားမ်ားက ထိုင္းဘတ္ေငြ(၁)သန္းႏွင့္ သြပ္အခ်ပ္ေရ(၁)ေသာင္းေက်ာ္ကို လႉဒါန္းထားေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ၊ ဗန္ေကာက္ၿမိဳ႕ရွိ၊ ျမန္မာသံ႐ုံးက ယေန႔(ေမလ ၁၄ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

မုန္တိုင္းဒဏ္ခံရေသာ ျပည္သူမ်ားအတြက္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ အိမ္မိုးသြပ္မ်ား မျဖစ္မေနလိုအပ္မည္ျဖစ္ေၾကာင္း သံ႐ုံးက ထုတ္ျပန္ထားသည္။

ထို႔‌ေၾကာင့္ သံ႐ုံးအေနျဖင့္ ၿပီးခဲ့သည့္ ေမလ(၁၂)ရက္ေန႔မွ စ၍ ဗန္ေကာက္ၿမိဳ႕ရွိ သြပ္စက္႐ုံ၌ သြပ္အခ်ပ္ေရ(၈၀၀၀)ကို ႀကိဳတင္မွာ ထားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ထိုင္းႏိုင္ငံတြင္ေနထိုင္ေသာ ျမန္မာႏိုင္ငံသားမ်ားကလည္း ျမန္မာသံ႐ုံးသို႔ဆက္သြယ္ကာ ေမလ(၁၃)ရက္ေန႔ တစ္ရက္တည္းတြင္ ထိုင္းဘတ္ေငြ(၁)သန္းႏွင့္ သြပ္တစ္ခ်ပ္လွ်င္ ဘတ္(၂၀၀)ႏႈန္းျဖင့္ သြပ္အခ်ပ္ေရ (၈၆၅၀)ခ်ပ္ကို လႉဒါန္းထားေၾကာင္း သိရသည္။

အလားတူ ခ်င္းမိုင္ၿမိဳ႕ရွိ ေကာင္းစစ္ဝန္႐ုံးသို႔ သြပ္ခ်ပ္ေရ(၁၉၈၀)အား ဆက္သြယ္လႉဒါန္းခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အလႉရွင္မ်ား၏ လႉဒါန္း‌ေငြမ်ားကိုလည္း သြပ္ႏွင့္ သြပ္႐ိုက္သံမ်ားကို ဦးစားေပးဝယ္ယူသြားမည္ျဖစ္ၿပီး ေလေဘးသင့္ေဒသသို႔ ေရာက္ေအာင္ ေပးပို႔သြားမည္ျဖစ္ေၾကာင္း ဗန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားသည္။

Picture

eiei aye

14/05/2023 14:16

သာဓု ခေါ်ပါတယ်

Picture

Yu Yuu

17/05/2023 01:47

သာဓုသာဓုပါ

Related news

© 2021. All rights reserved.