ဘီလူးချောင်းအတွင်း အသက်(၁၅)နှစ်အရွယ်အမျိုးသားတစ်ဦး ရေနစ်သေဆုံး

 523

စော(NP News)-မတ် ၃၀
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အသက်(၁၅)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၉)ရက်နေ့ နေ့လည် (၂)နာရီဝန်းကျင်အချိန်တွင် လွိုင်ကော်မြို့ ဒေါနိုးကူးတံတားအနီး ဘီလူးချောင်းအတွင်းတွင် ဖြစ်ပွားခဲ့ကြောင်း ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ သိရသည်။

“ အလောင်းက တွေ့နေပါပြီ။ ဖြစ်စဥ်ကတော့ အတိအကျမသိရသေးဘူး စစ်နေတုန်းပဲ။ မီးသတ်နဲ့ပေါင်းရှာတာ အချိန်(၁၀)နာရီခွဲလောက် ရှာလိုက်ရပါတယ်။ ဘယ်မှာနေတာလဲဆိုတာတော့မသိသေးဘူး အဲ့တာလည်းစုံစမ်းနေတုန်းပဲ”ဟု ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။

အဆိုပါအမျိုးသားမှာ မောင်အောင်ဘုန်းမြင့်(၁၅)နှစ်ဖြစ်ကြောင်း သိရပြီး ၎င်း၏ရုပ်အလောင်းကို လွိုင်ကော်ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

မောင်အောင်ဘုန်းမြင့်၏ ရုပ်အလောင်းကို မီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် အခြားပရဟိတအသင်းများက အချိန်(၁၀)နာရီကျော်ကြာ ပူးပေါင်း၍ ကူညီရှာဖွေခဲ့ကြကြောင်း ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ သိရသည်။

Zawgyi Version

ဘီလူးေခ်ာင္းအတြင္း အသက္(၁၅)ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံး

ေစာ(NP News)-မတ္ ၃၀
ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕တြင္ အသက္(၁၅)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၂၉)ရက္ေန႔ ေန႔လည္ (၂)နာရီဝန္းက်င္အခ်ိန္တြင္ လြိဳင္ေကာ္ၿမိဳ႕ ေဒါႏိုးကူးတံတားအနီး ဘီလူးေခ်ာင္းအတြင္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊလြိဳင္ေကာ္(ကယား)ပရဟိတအသင္းမွ သိရသည္။

“ အေလာင္းက ေတြ႕ေနပါၿပီ။ ျဖစ္စဥ္ကေတာ့ အတိအက်မသိရေသးဘူး စစ္ေနတုန္းပဲ။ မီးသတ္နဲ႔ေပါင္းရွာတာ အခ်ိန္(၁၀)နာရီခြဲေလာက္ ရွာလိုက္ရပါတယ္။ ဘယ္မွာေနတာလဲဆိုတာေတာ့မသိေသးဘူး အဲ့တာလည္းစုံစမ္းေနတုန္းပဲ”ဟု ေ႐ႊလြိဳင္ေကာ္(ကယား)ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။

အဆိုပါအမ်ိဳးသားမွာ ေမာင္ေအာင္ဘုန္းျမင့္(၁၅)ႏွစ္ျဖစ္ေၾကာင္း သိရၿပီး ၎၏႐ုပ္အေလာင္းကို လြိဳင္ေကာ္ေဆး႐ုံႀကီးသို႔ ပိုေဆာင္ေပးခဲ့ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။

ေမာင္ေအာင္ဘုန္းျမင့္၏ ႐ုပ္အေလာင္းကို မီးသတ္တပ္ဖြဲ႕ဝင္မ်ား အပါအဝင္ အျခားပရဟိတအသင္းမ်ားက အခ်ိန္(၁၀)နာရီေက်ာ္ၾကာ ပူးေပါင္း၍ ကူညီရွာေဖြခဲ့ၾကေၾကာင္း ေ႐ႊလြိဳင္ေကာ္(ကယား)ပရဟိတအသင္းမွ သိရသည္။

Related news

© 2021. All rights reserved.