နာမည်ကြီး“ဒေါ်တောမုန့်တီဆိုင်”နှင့် ရွှေဆိုင်တို့အား ဓားပြတိုက်ကာ အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ (၄)ဦးကို ဖမ်းဆီးရမိပြီဟု နစကဆို

 2299

NP News - မတ် ၃၀
မန္တလေးတွင် အကြမ်းဖက်သတ်ဖြတ်မှုများနှင့် ဓားပြတိုက်လုယက်မှုများ ကျူးလွန်နေသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

နစကမှ မတ်လ(၂၉)ရက်နေ့ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ(၂၇)ရက်နေ့ ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်၊ (၈၅)လမ်းနှင့် (၃၂)လမ်းအနီးရှိ “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး”ဆိုင်ရှေ့တွင် ဆိုင်ဝန်ထမ်း(၂)ဦးက Hiject ကားပေါ်သို့ ငွေများတင်နေစဉ် ဓားပြတိုက်လုယက်မှုခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် အမျိုးသား(၃)ဦးမှ ကားတစ်စီးဖြင့် ရောက်လာပြီး ပစ္စတိုသေနတ်ဖြင့် နှစ်ချက်ပစ်‌ဖောက်ပြီး ကားပေါ်တင်နေသည့် ငွေများအနက်မှ ငွေကျပ်သိန်း(၁၂၀၀)ကို ဓားပြတိုက်လုယက်သွားခဲ့ခြင်းဖြစ်ကြောင်း နစကမှ ဆိုထားသည်။

ဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ်၊ (၅၁)လမ်း၊ (၁၃၅)x(၁၃၆)လမ်းကြားရှိ ခြံဝင်းအတွင်း ကိုတင်စိုးနှင့် ကိုကျော်တင်ဦးတို့(၂)ဦးကို ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် ကားနှင့်အတူ နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ မတ်လ(၂၈)ရက်နေ့ ညပိုင်းတွင် ဓားပြတိုက်မှု ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် ကိုဆန်းဝင်းအား ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ရွာလမ်း၊ အကွက်အမှတ်၊ (၈၂၆)တွင် ဖမ်းဆီးရမိခဲ့‌ကြောင်း နစကမှ ဆိုထားသည်။

ထို့နောက် အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ ဓနုံးကျေးရွာရှိ ဖမ်းဆီးရန်ကျန်ရှိသည့် ကိုကျော်နိုင်၏ နေအိမ်မှ Sigsauer ပစ္စတို(၁)လက်၊ Glock ပစ္စတို(၁)လက်၊ ‌ခြောက်လုံးပြူး(၁)လက်၊ (၉)မမကျည်(၄၃)တောင့် အပါအဝင် ဓားပြတိုက်လုယက်ထားသည့် ငွေကျပ်သိန်း(၆၀၀)၊ ဘိန်းဖြူဟု ယူဆရသည့် ဖြူဝါရောင်မှုန့်(၂၂၈၀)ဂရမ်နှင့် ပန်းရောင်စိတ်ကြွဆေးပြား (၁၈၀၀၀၀)တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ကိုဆန်းဝင်း၏ ထွက်ဆိုချက်အရ ပြည်ကြီးတံခွန်မြို့နယ်၊ (၁၄၂) လမ်း၊ (၆၁)x(၆၂)လမ်းကြားတွင် ကိုရခိုင်အား ဓားပြတိုက်လုယက်ထားသည့် ငွေကျပ်(၂၃၅)သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၂၅)ရက်နေ့တွင် အမရပူရမြို့နယ်၊ ညောင်ပင်ကုန်း ကျေးရွာရှိ ဒေါ်ခင်လတ်၏နေအိမ်အား ဓားပြတိုက်နေစဉ် ‌မောင်‌ဖြစ်သူ ဒုရဲမှူးဝင်းမင်းသန့် ရောက်ရှိလာပြီး လုံးထွေးမှုများဖြစ်ပွားခဲ့ရာ ကိုဆန်းဝင်းမှ ဒုရဲမှူးအား ပစ္စတိုဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်သတ်ဖြတ်ပြီးနောက် ဒေါ်ခင်လတ်၏ နေအိမ်အတွင်းမှ ရွှေထည်များ အပါအဝင် ငွေကျပ်သိန်း(၃၀၀)နှင့် ဒုရဲမှူး ကိုင်ဆောင်သည့် ‌ခြောက်လုံးပြူးသေနတ်တို့ကို ယူဆောင်သွားခဲ့ကြောင်း နစကမှ ဆိုထားသည်။

အလားတူ ထွက်ဆိုချက်များအရ ၎င်းတို့သည် “ဒေါ်တောမုန့်တီဆိုင်” အပါအဝင် ဓားပြတိုက်လုယက်မှု (၃)ကြိမ် ကျူးလွန်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဓားပြတိုက်လုယက်မှုမှ ရရှိခဲ့သည့် ရွှေထည်များကို ၎င်းတို့သည် “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး” တွင် သွားရောက်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုချက်များအရ သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သူများ ဥပဒေနှင့်အရ ထိရောက်စွာအရေးယူသွားမည်ဖြစ်သည့်အပြင် ဓားပြတိုက်လုယက်မှုမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများကို တရားမဝင်လက်ခံဝယ်ယူခဲ့သည့် “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး” ဆိုင်ကိုလည်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version

နာမည္ႀကီး“ေဒၚေတာမုန႔္တီဆိုင္”ႏွင့္ ေ႐ႊဆိုင္တို႔အား ဓားျပတိုက္ကာ အၾကမ္းဖက္သတ္ျဖတ္မႈ က်ဴးလြန္ခဲ့သူ (၄)ဦးကို ဖမ္းဆီးရမိၿပီဟု နစကဆို

NP News - မတ္ ၃၀
မႏၲေလးတြင္ အၾကမ္းဖက္သတ္ျဖတ္မႈမ်ားႏွင့္ ဓားျပတိုက္လုယက္မႈမ်ား က်ဴးလြန္ေနသူမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။

နစကမွ မတ္လ(၂၉)ရက္ေန႔ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ မတ္လ(၂၇)ရက္ေန႔ ညေနပိုင္းက ခ်မ္းေအးသာစံၿမိဳ႕နယ္၊ (၈၅)လမ္းႏွင့္ (၃၂)လမ္းအနီးရွိ “စိန္ေက်ာ္မိုး ေ႐ႊသန႔္စင္ႏွင့္ မီးလင္းေ႐ႊေရာင္းဝယ္ေရး”ဆိုင္ေရွ႕တြင္ ဆိုင္ဝန္ထမ္း(၂)ဦးက Hiject ကားေပၚသို႔ ေငြမ်ားတင္ေနစဥ္ ဓားျပတိုက္လုယက္မႈခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္တြင္ အမ်ိဳးသား(၃)ဦးမွ ကားတစ္စီးျဖင့္ ေရာက္လာၿပီး ပစၥတိုေသနတ္ျဖင့္ ႏွစ္ခ်က္ပစ္‌ေဖာက္ၿပီး ကားေပၚတင္ေနသည့္ ေငြမ်ားအနက္မွ ေငြက်ပ္သိန္း(၁၂၀၀)ကို ဓားျပတိုက္လုယက္သြားခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။

ျဖစ္စဥ္အား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းရွာေဖြခဲ့ရာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (၅၁)လမ္း၊ (၁၃၅)x(၁၃၆)လမ္းၾကားရွိ ၿခံဝင္းအတြင္း ကိုတင္စိုးႏွင့္ ကိုေက်ာ္တင္ဦးတို႔(၂)ဦးကို ဓားျပတိုက္ရာတြင္ အသုံးျပဳခဲ့သည့္ ကားႏွင့္အတူ နာရီပိုင္းအတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ မတ္လ(၂၈)ရက္ေန႔ ညပိုင္းတြင္ ဓားျပတိုက္မႈ က်ဴးလြန္ရာတြင္ ပါဝင္ခဲ့သည့္ ကိုဆန္းဝင္းအား ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ခ်မ္းျမသာစည္ေတာင္ရပ္ကြက္၊ ႐ြာလမ္း၊ အကြက္အမွတ္၊ (၈၂၆)တြင္ ဖမ္းဆီးရမိခဲ့‌ေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ေနာက္ အမရပူရၿမိဳ႕နယ္၊ ျမစ္ငယ္ၿမိဳ႕၊ ဓႏုံးေက်း႐ြာရွိ ဖမ္းဆီးရန္က်န္ရွိသည့္ ကိုေက်ာ္ႏိုင္၏ ေနအိမ္မွ Sigsauer ပစၥတို(၁)လက္၊ Glock ပစၥတို(၁)လက္၊ ‌ေျခာက္လုံးျပဴး(၁)လက္၊ (၉)မမက်ည္(၄၃)ေတာင့္ အပါအဝင္ ဓားျပတိုက္လုယက္ထားသည့္ ေငြက်ပ္သိန္း(၆၀၀)၊ ဘိန္းျဖဴဟု ယူဆရသည့္ ျဖဴဝါေရာင္မႈန႔္(၂၂၈၀)ဂရမ္ႏွင့္ ပန္းေရာင္စိတ္ႂကြေဆးျပား (၁၈၀၀၀၀)တို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အလားတူ ကိုဆန္းဝင္း၏ ထြက္ဆိုခ်က္အရ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (၁၄၂) လမ္း၊ (၆၁)x(၆၂)လမ္းၾကားတြင္ ကိုရခိုင္အား ဓားျပတိုက္လုယက္ထားသည့္ ေငြက်ပ္(၂၃၅)သိန္းႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုသည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ၎တို႔သည္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ(၂၅)ရက္ေန႔တြင္ အမရပူရၿမိဳ႕နယ္၊ ေညာင္ပင္ကုန္း ေက်း႐ြာရွိ ေဒၚခင္လတ္၏ေနအိမ္အား ဓားျပတိုက္ေနစဥ္ ‌ေမာင္‌ျဖစ္သူ ဒုရဲမႉးဝင္းမင္းသန႔္ ေရာက္ရွိလာၿပီး လုံးေထြးမႈမ်ားျဖစ္ပြားခဲ့ရာ ကိုဆန္းဝင္းမွ ဒုရဲမႉးအား ပစၥတိုျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္သတ္ျဖတ္ၿပီးေနာက္ ေဒၚခင္လတ္၏ ေနအိမ္အတြင္းမွ ေ႐ႊထည္မ်ား အပါအဝင္ ေငြက်ပ္သိန္း(၃၀၀)ႏွင့္ ဒုရဲမႉး ကိုင္ေဆာင္သည့္ ‌ေျခာက္လုံးျပဴးေသနတ္တို႔ကို ယူေဆာင္သြားခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

အလားတူ ထြက္ဆိုခ်က္မ်ားအရ ၎တို႔သည္ “ေဒၚေတာမုန႔္တီဆိုင္” အပါအဝင္ ဓားျပတိုက္လုယက္မႈ (၃)ႀကိမ္ က်ဴးလြန္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ဓားျပတိုက္လုယက္မႈမွ ရရွိခဲ့သည့္ ေ႐ႊထည္မ်ားကို ၎တို႔သည္ “စိန္ေက်ာ္မိုး ေ႐ႊသန႔္စင္ႏွင့္ မီးလင္းေ႐ႊေရာင္းဝယ္ေရး” တြင္ သြားေရာက္ေရာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုခ်က္မ်ားအရ သိရသည္။

ထို႔ေၾကာင့္ ဖမ္းဆီးရမိခဲ့သူမ်ား ဥပေဒႏွင့္အရ ထိေရာက္စြာအေရးယူသြားမည္ျဖစ္သည့္အျပင္ ဓားျပတိုက္လုယက္မႈမွ ရရွိခဲ့သည့္ ေ႐ႊထည္ပစၥည္းမ်ားကို တရားမဝင္လက္ခံဝယ္ယူခဲ့သည့္ “စိန္ေက်ာ္မိုး ေ႐ႊသန႔္စင္ႏွင့္ မီးလင္းေ႐ႊေရာင္းဝယ္ေရး” ဆိုင္ကိုလည္း ဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Picture

Bo Tho

30/03/2023 22:27

ရာဇဝတ်ဘေး ပြေးမလွတ်

Related news

© 2021. All rights reserved.