ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအပါအဝင် ပါတီပေါင်း (၄၀)ကို မနက်ဖြန်မှစ၍ ဖျက်သိမ်းကြောင်း နစက ကြေညာ

 2491

မျိုးကြီး (NP News) - မတ် ၂၈
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအပါအဝင် ပါတီပေါင်း (၄၀)ကို မနက်ဖြန်(မတ်လ ၂၉ ရက်)မှစ၍ နိုင်ငံ ရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း နစကမှ ကြေညာလိုက်သည်။

နစကမှ ယနေ့(မတ်လ ၂၈ ရက်) ညပိုင်းတွင် နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ အထက်ပါကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ အကျုံးဝင်သည့် တည်ဆဲနိုင်ငံရေးပါတီ (၉၀)အနက် သတ်မှတ်ကာ လ ရက်ပေါင်း (၆၀)ပြည့်မြောက်သည့် ယနေ့ မတ်လ ၂၈ ရက်နေ့အထိ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်ကို ပါတီပေါင်း (၅၀)မှ ပြန်လည်လျှောက်ထားခဲ့ကြောင်း နစကမှ ဆိုသည်။

နစကဝန်ကြီးဟောင်း ဦးခင်ရီ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒေါက်တာအေးမောင် ဦးဆောင် သော ရခိုင့်ဦးဆောင်ပါတီအပါအဝင် ပါတီပေါင်း (၅၀)မှ မှတ်ပုံတင်ပြန်လျှေက်ထားခဲ့ကြောင်း သိရသည်။

သို့သော် သတ်မှတ်ကာလ ရက်ပေါင်း(၆၀)အတွင်း နိုင်ငံရေးပါတီအဖြစ် ပြန်လည်လျှောက်ထားခြင်းမရှိသည့် ပါတီပေါင်း (၄၀)ကို မနက်ဖြန် မတ်လ ၂၉ ရက်မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ကာ ပါတီများအား ဖျက်သိမ်းလိုက်ကြောင်း နစကမှ ကြေညာခဲ့သည်။

ထိုသို့ ဖျက်သိမ်းခံရသည့် ပါတီပေါင်း (၄၀)တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီ(NLD)၊ ဦးစိုင်းညွန့်လွင် ဦးဆောင်သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)၊ လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ကယန်းအမျိုးသားပါတီတို့ ပါဝင်ကြောင်း သိရသည်။

ဥပဒေအရ နစကမှ ဖျက်သိမ်းလိုက်သည့် ပါတီများထဲတွင် ပြည်မပါတီများအပြင် တိုင်းရင်းသားပါတီအများအပြား ပါဝင်ကြောင်း တွေ့ရှိရသည်။

ထို့ပြင် နစကမှ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ ယနေ့(မတ်လ ၂၈ ရက်)အထိ ပါတီ တည်ထောင်ခွင့်လျှောက်ထားလာသည့် ပါတီမှာ (၁၃)ပါတီရှိကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။

နှင်းဆီပါတီဟု လူသိများသော ပြည်ထောင်စုဒီမိုကရေစီပါတီ(UDP)၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ် ရေးပါတီ၊ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ၊ ဒီမိုကရေစီပါတီ၊ ချင်းပြည်သူ့ ပါတီတို့သည် ဥပဒေပုဒ်မ ၃ အရ အသစ်လျှောက်ထားသည့်ပါတီများဖြစ်ကြောင်း သိရသည်။

သို့သော် နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်လိုသူများသည် ပါတီတည်ထောင်ခွင့်အား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပ ဒေ ပုဒ်မ ၃ အရ ဆက်လက်လျှောက်ထားနိုင်ကြောင်းလည်း နစကမှ ကြေညာထားသည်။

ယနေ့အချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားသည့် ပါတီစုစုပေါင်း မှာ (၆၃)ပါတီရှိကြောင်း နစကမှ ဆိုသည်။

အဆိုပါ (၆၃)ပါတီအနက်တွင် (၁၂)ပါတီသည် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် ပါတီများဖြစ်ပြီး ကျန်ရှိသော (၅၁)ပါ တီသည် တိုင်း သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီများဖြစ်ကြောင်း သိရသည်။

Zawgyi Version

ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေသာ NLD ပါတီအပါအဝင္ ပါတီေပါင္း (၄၀)ကို မနက္ျဖန္မွစ၍ ဖ်က္သိမ္းေၾကာင္း နစက ေၾကညာ

မ်ိဳးႀကီး (NP News) - မတ္ ၂၈
ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေသာ NLD ပါတီအပါအဝင္ ပါတီေပါင္း (၄၀)ကို မနက္ျဖန္(မတ္လ ၂၉ ရက္)မွစ၍ ႏိုင္ငံ ေရးပါတီအျဖစ္မွ ဖ်က္သိမ္းေၾကာင္း နစကမွ ေၾကညာလိုက္သည္။

နစကမွ ယေန႔(မတ္လ ၂၈ ရက္) ညပိုင္းတြင္ ႏိုင္ငံေရးပါတီမ်ားႏွင့္ပတ္သက္၍ အထက္ပါကဲ့သို႔ ေၾကညာလိုက္ျခင္းျဖစ္သည္။

ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ ၂၅ အရ အက်ဳံးဝင္သည့္ တည္ဆဲႏိုင္ငံေရးပါတီ (၉၀)အနက္ သတ္မွတ္ကာ လ ရက္ေပါင္း (၆၀)ျပည့္ေျမာက္သည့္ ယေန႔ မတ္လ ၂၈ ရက္ေန႔အထိ ပါတီဆက္လက္တည္ေထာင္မွတ္ပုံတင္ခြင့္ကို ပါတီေပါင္း (၅၀)မွ ျပန္လည္ေလွ်ာက္ထားခဲ့ေၾကာင္း နစကမွ ဆိုသည္။

နစကဝန္ႀကီးေဟာင္း ဦးခင္ရီ ဦးေဆာင္သည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ ေဒါက္တာေအးေမာင္ ဦးေဆာင္ ေသာ ရခိုင့္ဦးေဆာင္ပါတီအပါအဝင္ ပါတီေပါင္း (၅၀)မွ မွတ္ပုံတင္ျပန္ေလွ်က္ထားခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ သတ္မွတ္ကာလ ရက္ေပါင္း(၆၀)အတြင္း ႏိုင္ငံေရးပါတီအျဖစ္ ျပန္လည္ေလွ်ာက္ထားျခင္းမရွိသည့္ ပါတီေပါင္း (၄၀)ကို မနက္ျဖန္ မတ္လ ၂၉ ရက္မွစ၍ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ထားျခင္းမွ ပယ္ဖ်က္ကာ ပါတီမ်ားအား ဖ်က္သိမ္းလိုက္ေၾကာင္း နစကမွ ေၾကညာခဲ့သည္။

ထိုသို႔ ဖ်က္သိမ္းခံရသည့္ ပါတီေပါင္း (၄၀)တြင္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါ တီ(NLD)၊ ဦးစိုင္းၫြန႔္လြင္ ဦးေဆာင္ေသာ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(SNLD)၊ လားဟူအမ်ိဳးသားဖြံ႕ၿဖိဳး တိုးတက္ေရးပါတီ၊ ကယန္းအမ်ိဳးသားပါတီတို႔ ပါဝင္ေၾကာင္း သိရသည္။

ဥပေဒအရ နစကမွ ဖ်က္သိမ္းလိုက္သည့္ ပါတီမ်ားထဲတြင္ ျပည္မပါတီမ်ားအျပင္ တိုင္းရင္းသားပါတီအမ်ားအျပား ပါဝင္ေၾကာင္း ေတြ႕ရွိရသည္။

ထို႔ျပင္ နစကမွ ျပ႒ာန္းခဲ့သည့္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ ၃ အရ ယေန႔(မတ္လ ၂၈ ရက္)အထိ ပါတီ တည္ေထာင္ခြင့္ေလွ်ာက္ထားလာသည့္ ပါတီမွာ (၁၃)ပါတီရွိေၾကာင္း နစကမွ အသိေပးထုတ္ျပန္ထားသည္။

ႏွင္းဆီပါတီဟု လူသိမ်ားေသာ ျပည္ေထာင္စုဒီမိုကေရစီပါတီ(UDP)၊ ရွမ္းႏွင့္တိုင္းရင္းသားမ်ားဒီမိုကရက္ တစ္ပါတီ၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးႏွင့္ညီၫြတ္ ေရးပါတီ၊ အမ်ိဳးသားႏိုင္ငံေရးအားမာန္သစ္ပါတီ၊ ဒီမိုကေရစီပါတီ၊ ခ်င္းျပည္သူ႔ ပါတီတို႔သည္ ဥပေဒပုဒ္မ ၃ အရ အသစ္ေလွ်ာက္ထားသည့္ပါတီမ်ားျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္ ႏိုင္ငံေရးပါတီတစ္ရပ္ တည္ေထာင္လိုသူမ်ားသည္ ပါတီတည္ေထာင္ခြင့္အား ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပ ေဒ ပုဒ္မ ၃ အရ ဆက္လက္ေလွ်ာက္ထားႏိုင္ေၾကာင္းလည္း နစကမွ ေၾကညာထားသည္။

ယေန႔အခ်ိန္ထိ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ေလွ်ာက္ထားသည့္ ပါတီစုစုေပါင္း မွာ (၆၃)ပါတီရွိေၾကာင္း နစကမွ ဆိုသည္။

အဆိုပါ (၆၃)ပါတီအနက္တြင္ (၁၂)ပါတီသည္ ျပည္ေထာင္စုတစ္ဝန္းလုံးစည္း႐ုံးမည့္ ပါတီမ်ားျဖစ္ၿပီး က်န္ရွိေသာ (၅၁)ပါ တီသည္ တိုင္း သို႔မဟုတ္ ျပည္နယ္တစ္ခုအတြင္း၌သာ စည္း႐ုံးမည့္ပါတီမ်ားျဖစ္ေၾကာင္း သိရသည္။

Picture

09458044912

29/03/2023 10:22

အပြီးတိုင် ဖျက်သိမ်းတာမျိုး ဟုတ်ပါ့မလားဗျာ ကြားဖျက်တွေဘာတွေနဲ့ပြန်ပါလာဦးမယ်ထင်ပါတယ်

Picture

Ko Htike

29/03/2023 13:29

ဖျက်သိမ်းကြောင်း ဆိုတဲ့ စကားလုံးက မတိကျဘူး... အပြီးတိုင် (သို့) ယာယီ ဆိုတဲ့ ကြိယာဝိသေသန ထည့်သုံးသင့်တယ်.. မဟုတ်ရင်တော့ သိပ်မထူးဆန်းတဲ့ကြေညာချက်ပါပဲ..

Picture

U phoe cho

29/03/2023 13:31

အပြီးဖျက် နောက်မှအတက်ပေါက်မလာစေနဲ့

Picture

Min Maung Maung Win

29/03/2023 22:24

စိတ်ဆိုးတုန်းမလို့ ဂရောင်ဂတန်းလျှောက်ပြောတာကိုယုံနေကြတဲ့အုပ်စု

Related news

© 2021. All rights reserved.