မော်လမြိုင် - သံဖြူဇရပ်ကားလမ်းတွင် အမျိုးသမီး(၂)ဦး ပိုက်ဆံအိတ်လုယက်ခံခဲ့ရပြီး ထိခိုက်ဒဏ်များရရှိခဲ့

 657

Pearl (NP News) - မတ် ၃၀
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် ပိုက်ဆံအိတ် လုယက်မှုဖြစ်ပွားခဲ့ကြောင်း ဗြဟ္မာဝိဟာရလူမှုစောင့်ရှောက်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(မတ်လ ၃၀ရက်)၊ နံနက် (၁၀)နာရီအချိန်ခန့်တွင် မုဒုံမြို့နယ်၊ မော်လမြိုင်-သံဖြူဇရပ် အဝေးပြေးလမ်း၊ ရောင်ဒေါင်းကျေးရွာလမ်းပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရောင်ဒေါင်းကျေးရွာလမ်းပိုင်း၌ ကမာဝက်မြို့တွင် နေထိုင်သော အသက် (၂၂)နှစ်နှင့် (၃၀)နှစ်ဝန်းကျင်ခန့်ရှိ အမျိုးသမီး (၂)ဦးသည် ဆိုင်ကယ်မောင်းလာစဉ် ၎င်းတို့နောက်မှ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသား (၂)ဦးက ပိုက်ဆံအိတ်အား လုယက်ခဲ့ကြောင်း သိရသည်။

"သူတို့ပြောချက်အ‌ရ ဆိုင်ကယ်နဲ့ နောက်ကနေ ပိုက်ဆံအိတ်ကို ဖျက်ကနဲလုသွားတာ။ အဲ့တော့ ဆိုင်ကယ်က မှောက်သွားတာ၊ အနီးအနားဝန်းကျင်က ဆိုင်ကယ်ပြင်ဆိုင်က လူတွေ ထွက်လာလို့ ဆိုင်ကယ်က ပါမသွားတာ။ (၂)ယောက်လုံး ဆိုင်ကယ်ဦးထုပ်ပါတော့ မျက်ခုံးကွဲတာ၊ ပွန်းပဲ့တာပဲ ဖြစ်သွားတာ။ လုတဲ့လူက ဘယ်လိုပုံလဲ၊ ဘယ်အရွယ်လဲ ဆိုတာတော့ သေချာမသိလိုက်ဘူး" ဟု ဗြဟ္မာဝိဟာရလူမှုစောင့်ရှောက်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက NP Newsကို ပြောသည်။

ဖြစ်စဉ်ကြောင့် ဆိုင်ကယ်တိမ်းမှောက်သွားခဲ့ပြီး ၎င်းတို့(၂)ဦးတွင် မျက်ခုံးကွဲဒဏ်ရာနှင့် ခြေလက်ပွန်ပဲ့ဒဏ်ရာတို့ရရှိခဲ့၍ လက်ရှိတွင် ၎င်းတို့အား ကမာဝက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Zawgyi Version

ေမာ္လၿမိဳင္ - သံျဖဴဇရပ္ကားလမ္းတြင္ အမ်ိဳးသမီး(၂)ဦး ပိုက္ဆံအိတ္လုယက္ခံခဲ့ရၿပီး ထိခိုက္ဒဏ္မ်ားရရွိခဲ့

Pearl (NP News) - မတ္ ၃၀
မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္ရွိ ေမာ္လၿမိဳင္-သံျဖဴဇရပ္ကားလမ္းတြင္ ပိုက္ဆံအိတ္ လုယက္မႈျဖစ္ပြားခဲ့ေၾကာင္း ျဗဟၼာဝိဟာရလူမႈေစာင့္ေရွာက္ေရးအဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္လ ၃၀ရက္)၊ နံနက္ (၁၀)နာရီအခ်ိန္ခန႔္တြင္ မုဒုံၿမိဳ႕နယ္၊ ေမာ္လၿမိဳင္-သံျဖဴဇရပ္ အေဝးေျပးလမ္း၊ ေရာင္ေဒါင္းေက်း႐ြာလမ္းပိုင္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေရာင္ေဒါင္းေက်း႐ြာလမ္းပိုင္း၌ ကမာဝက္ၿမိဳ႕တြင္ ေနထိုင္ေသာ အသက္ (၂၂)ႏွစ္ႏွင့္ (၃၀)ႏွစ္ဝန္းက်င္ခန႔္ရွိ အမ်ိဳးသမီး (၂)ဦးသည္ ဆိုင္ကယ္ေမာင္းလာစဥ္ ၎တို႔ေနာက္မွ ဆိုင္ကယ္တစ္စီးျဖင့္ အမ်ိဳးသား (၂)ဦးက ပိုက္ဆံအိတ္အား လုယက္ခဲ့ေၾကာင္း သိရသည္။

"သူတို႔ေျပာခ်က္အ‌ရ ဆိုင္ကယ္နဲ႔ ေနာက္ကေန ပိုက္ဆံအိတ္ကို ဖ်က္ကနဲလုသြားတာ။ အဲ့ေတာ့ ဆိုင္ကယ္က ေမွာက္သြားတာ၊ အနီးအနားဝန္းက်င္က ဆိုင္ကယ္ျပင္ဆိုင္က လူေတြ ထြက္လာလို႔ ဆိုင္ကယ္က ပါမသြားတာ။ (၂)ေယာက္လုံး ဆိုင္ကယ္ဦးထုပ္ပါေတာ့ မ်က္ခုံးကြဲတာ၊ ပြန္းပဲ့တာပဲ ျဖစ္သြားတာ။ လုတဲ့လူက ဘယ္လိုပုံလဲ၊ ဘယ္အ႐ြယ္လဲ ဆိုတာေတာ့ ေသခ်ာမသိလိုက္ဘူး" ဟု ျဗဟၼာဝိဟာရလူမႈေစာင့္ေရွာက္ေရးအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးက NP Newsကို ေျပာသည္။

ျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္တိမ္းေမွာက္သြားခဲ့ၿပီး ၎တို႔(၂)ဦးတြင္ မ်က္ခုံးကြဲဒဏ္ရာႏွင့္ ေျခလက္ပြန္ပဲ့ဒဏ္ရာတို႔ရရွိခဲ့၍ လက္ရွိတြင္ ၎တို႔အား ကမာဝက္တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.