စစ်တွေမြို့ ဗျူးပွိုင့်ကမ်းခြေတွင်အသက်ကြီးပိုင်းအမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

 515

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဗျူးပွိုင့်ကမ်းခြေတွင် အသက်ကြီးပိုင်းအမျိုးသားတစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယမန်နေ့(ဒီဇင်ဘာလ ၁၉ ရက်)၊ နံနက် ၇နာရီအချိန်ခန့်တွင် စစ်တွေမြို့၊ ဗျူးပွိုင့်ကမ်းခြေရှိ ကျောက်ဆောင်များကြားတွင် အထက်ပါကဲ့သို့ ရေနစ်သေဆုံးနေခြင်းဖြစ် ကြောင်း သိရသည်။

“သူက (၁၈)ရက်နေ့ ညကတည်းက ပျောက်သွားတာ။ စိတ်ဝေဒနာသည်အမျိုးသားပေါ့။ ပျောက်သွားတော့ သူတို့မိသားစုက ကျွန်တော်တို့ကို အကူညီတောင်းလို့ လိုက်ရှာပေးခဲ့ပေမဲ့ ညပိုင်းကမတွေခဲ့ဘူး။ မနက်မှ အဲကျောက်ဆောင်တွေကြားမှာ ပိုက်ကွန်နဲ့ငြိပြီး ရေနစ်သေဆုံးနေတဲ့ပုံစံနဲ့ပြန်တွေ့တာပေါ့”ဟု ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါရေနစ်သေဆုံးသူအမျိုးသားသည် စစ်တွေမြို့၊ ကုန်းတန်းရပ်ကွက်တွင်နေထိုင်သည့် အသက်(၆၅)နှစ်အရွယ် ဦးကျော်သိန်းဖြစ်ပြီး စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ကာ အထက်ပါနေရာ၌ ရေနစ်သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသားအား ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းမှ စစ်တွေမြိုနယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
စစ္ေတြၿမိဳ႕ ဗ်ဴးပြိဳင့္ကမ္းေျခတြင္အသက္ႀကီးပိုင္းအမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံးမႈျဖစ္ပြား

သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၀

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ရွိ ဗ်ဴးပြိဳင့္ကမ္းေျခတြင္ အသက္ႀကီးပိုင္းအမ်ိဳးသားတစ္ဦးေရနစ္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊေရာင္ေမတၱာလူမႈကူညီေရးအသင္းထံမွ သိရသည္။

ယမန္ေန႔(ဒီဇင္ဘာလ ၁၉ ရက္)၊ နံနက္ ၇နာရီအခ်ိန္ခန႔္တြင္ စစ္ေတြၿမိဳ႕၊ ဗ်ဴးပြိဳင့္ကမ္းေျခရွိ ေက်ာက္ေဆာင္မ်ားၾကားတြင္ အထက္ပါကဲ့သို႔ ေရနစ္ေသဆုံးေနျခင္းျဖစ္ ေၾကာင္း သိရသည္။

“သူက (၁၈)ရက္ေန႔ ညကတည္းက ေပ်ာက္သြားတာ။ စိတ္ေဝဒနာသည္အမ်ိဳးသားေပါ့။ ေပ်ာက္သြားေတာ့ သူတို႔မိသားစုက ကြၽန္ေတာ္တို႔ကို အကူညီေတာင္းလို႔ လိုက္ရွာေပးခဲ့ေပမဲ့ ညပိုင္းကမေတြခဲ့ဘူး။ မနက္မွ အဲေက်ာက္ေဆာင္ေတြၾကားမွာ ပိုက္ကြန္နဲ႔ၿငိၿပီး ေရနစ္ေသဆုံးေနတဲ့ပုံစံနဲ႔ျပန္ေတြ႕တာေပါ့”ဟု ေ႐ႊေရာင္ေမတၱာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါေရနစ္ေသဆုံးသူအမ်ိဳးသားသည္ စစ္ေတြၿမိဳ႕၊ ကုန္းတန္းရပ္ကြက္တြင္ေနထိုင္သည့္ အသက္(၆၅)ႏွစ္အ႐ြယ္ ဦးေက်ာ္သိန္းျဖစ္ၿပီး စိတ္ေဝဒနာရွင္တစ္ဦးျဖစ္ကာ အထက္ပါေနရာ၌ ေရနစ္ေသဆုံးသြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားအား ေ႐ႊေရာင္ေမတၱာလူမႈကူညီေရးအသင္းမွ စစ္ေတြၿမိဳနယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.