ရင်သားကို တိပ်ကပ်ကာ ဖျော်ဖြေခဲ့သည့် Bar ကို (၆)လပိတ်ပြီး ဖျော်ဖြေသူနှင့် ပွဲစီစဉ်သူတို့ကို ဖမ်းဆီးထား

 3406

NP News မတ်လ ၁၁
နေပြည်တော်တွင် ရင်သားကို တိပ်ဖြင့်ကပ်ပြီး ကပြဖျော်ဖြေမှုများပြုလုပ်ခဲ့သည့် Ordinary Bar ကို ၆လပိတ်လိုက်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံက သိရသည်။

မတ်လ ၁ရက်နေ့က နေပြည်တော်၊ ဧရာဝတီလမ်းရှိ Ordinary Bar and Restaurant တွင် ရင်သားကို တိပ်နှင့်ကပ်ပြီး ဗလာကျင်းပုံစံဖြင့် Sexy Dane ကပြဖျော်ဖြေခဲ့ခြင်းဖြစ်သည်။

အဆိုပါကပြဖျော်ဖြေခဲ့သည့် Ordinary Bar ကို ၆လပိတ်သိမ်းလိုက်ပြီး ကပြဖျော်ဖြေသူ Ada Wong နှင့် ပွဲစီစဉ်သူကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဟု သိရသည်။

ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းရာမှာ ကပြဖျော်ဖြေသူနှင့်ပွဲစီစဉ်သူတို့သာ ပါဝင်ပြီး ဆိုင်ပိုင်ရှင်ဖြစ်သူအား အရေးယူမှုမရှိကြောင်း ဝေဖန်ပြောဆို မှုများထွက်ပေါ်နေသည်။

Ordinary Bar အနေဖြင့် ယခုကဲ့သို့ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီစွာ မသင့်မလျော် ကပြခဲ့သည့်အတွက် နေပြည်တော်ရှိ ပြည်သူလူထုနှင့် ဧည့်သည်များကို တောင်းပန်ထားသည်။

ထို့ပြင် တာဝန်ယူမှု၊ တာဝန်ခံမှုအနေဖြင့် ဆိုင်အပေါ်ထပ်ရှိ DJ ခန်းကို မတ်လ ၃ရက်နေ့ကစပြီး တစ်လတိတိ ခေတ္တပိတ်သိမ်းရပ်နားသွားမယ်လို့ အသိပေးကြေညာခဲ့ပြီး လက်ရှိတွင် သက်ဆိုင်ရာက ဆိုင်ကို (၆)လ ပိတ်ခဲ့ခြင်းဖြစ်သည်။

Zawgyi Version

ရင္သားကို တိပ္ကပ္ကာ ေဖ်ာ္ေျဖခဲ့သည့္ Bar ကို (၆)လပိတ္ၿပီး ေဖ်ာ္ေျဖသူႏွင့္ ပြဲစီစဥ္သူတို႔ကို ဖမ္းဆီးထား

NP News မတ္လ ၁၁
ေနျပည္ေတာ္တြင္ ရင္သားကို တိပ္ျဖင့္ကပ္ၿပီး ကျပေဖ်ာ္ေျဖမႈမ်ားျပဳလုပ္ခဲ့သည့္ Ordinary Bar ကို ၆လပိတ္လိုက္ေၾကာင္း ရဲတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံက သိရသည္။

မတ္လ ၁ရက္ေန႔က ေနျပည္ေတာ္၊ ဧရာဝတီလမ္းရွိ Ordinary Bar and Restaurant တြင္ ရင္သားကို တိပ္ႏွင့္ကပ္ၿပီး ဗလာက်င္းပုံစံျဖင့္ Sexy Dane ကျပေဖ်ာ္ေျဖခဲ့ျခင္းျဖစ္သည္။

အဆိုပါကျပေဖ်ာ္ေျဖခဲ့သည့္ Ordinary Bar ကို ၆လပိတ္သိမ္းလိုက္ၿပီး ကျပေဖ်ာ္ေျဖသူ Ada Wong ႏွင့္ ပြဲစီစဥ္သူကို သက္ဆိုင္ရာက ဖမ္းဆီးထိန္းသိမ္းလိုက္ၿပီဟု သိရသည္။

ယခုကဲ့သို႔ ဖမ္းဆီးထိန္းသိမ္းရာမွာ ကျပေဖ်ာ္ေျဖသူႏွင့္ပြဲစီစဥ္သူတို႔သာ ပါဝင္ၿပီး ဆိုင္ပိုင္ရွင္ျဖစ္သူအား အေရးယူမႈမရွိေၾကာင္း ေဝဖန္ေျပာဆို မႈမ်ားထြက္ေပၚေနသည္။

Ordinary Bar အေနျဖင့္ ယခုကဲ့သို႔ ျမန္မာ့ယဥ္ေက်းမႈနဲ႔ မေလ်ာ္ညီစြာ မသင့္မေလ်ာ္ ကျပခဲ့သည့္အတြက္ ေနျပည္ေတာ္ရွိ ျပည္သူလူထုႏွင့္ ဧည့္သည္မ်ားကို ေတာင္းပန္ထားသည္။

ထို႔ျပင္ တာဝန္ယူမႈ၊ တာဝန္ခံမႈအေနျဖင့္ ဆိုင္အေပၚထပ္ရွိ DJ ခန္းကို မတ္လ ၃ရက္ေန႔ကစၿပီး တစ္လတိတိ ေခတၱပိတ္သိမ္းရပ္နားသြားမယ္လို႔ အသိေပးေၾကညာခဲ့ၿပီး လက္ရွိတြင္ သက္ဆိုင္ရာက ဆိုင္ကို (၆)လ ပိတ္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.