ဧရာဝတီတွင် ရဲအုပ်နှင့် ရဲဒုတပ်ကြပ် အချင်းချင်းသေနတ်နှင့်ပစ် ရဲဒုတပ်ကြပ် သေဆုံး

 622

ဇွဲပြည့် (NPNews) မေ ၃၀

ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူရုံးက ရဲအုပ်နှင့် ဒုတပ်ကြပ်တို့သည် မေလ ၂၉ ရက် ညပိုင်းက အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒုတပ်ကြပ် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းရဲတပ်ဖွဲ့မှူးအိမ်နားတွင် စကားများရာမှ အချင်းချင်း အပြန်လှန် ၈ ချက်ခန့် ပစ်ခတ်ခဲ့ရာ ရဲဒုတပ်ကြပ် လည်ပင်း ကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့ကာ ရဲအုပ် လက်မောင်းကျည်ထိခဲ့သည်ဟု သိရသည်။

အချင်းချင်းအပြန်လှန်ပစ်ခတ်ခဲ့သူ ၂ ဦးသည် ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံး ဦးစီး ၁ ဌာနစိတ်ကဖြစ်ပြီး လုံခြုံရေးအတွက် ထုတ်ပေးထားသည့် သေနတ်များဖြင့် အပြန်လှန် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

Related news

© 2021. All rights reserved.