မီတာခများပေးသွင်းမှသာလျှင် ပြည်သူများလိုအပ်နေသော လျှပ်စစ်ဓာတ်အားများကို ဝယ်ယူနိုင်မည်ဟုဆို

 783

ဖူးပြည့် (NP News) - မေ ၃၁
ပြည်သူများမှ ပေးသွင်းနေသော မီတာခများသည် နိုင်ငံပိုင်စက်ရုံများမှထုတ်လုပ်သော လျှပ်စစ် ဓာတ်အားများအပြင် ပုဂ္ဂလိကပိုင်စက်ရုံများမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို တစ်ဆင့်ဝယ်ယူပြီး ဖြန့်ဖြူးပေးနေရသဖြင့် မီးသုံးစွဲခဲ့သော မီတာခများကို သတ်မှတ်ရက်များအတိုင်းပေးသွင်းမှသာလျှင် ပြည်သူများလိုအပ်နေသော လျှပ်စစ်ဓာတ်အားများကို ဝယ်ယူနိုင်မည်ဖြစ်သဖြင့် အချိန်မီပေးသွင်းကြရန်လိုအပ်ကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မေလ ၃၁ ရက်တွင်ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မီးသုံးစွဲသူပြည်သူများ Covid-19 ကာလအတွင်း ဖြေလျှော့မှု ဖြစ်စေရန်အတွက် မီတာခပေးသွင်းရမည့်ရက်များကို သတ်မှတ်ရက်များအတိုင်း မဟုတ်ဘဲရွှေ့ဆိုင်းပေးသွင်းစေကာ ၂ဝ၂ဝခုနှစ် ဒီဇင်ဘာလ၊ ၂ဝ၂၁ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီ လ၊ မတ်လ၊ ဧပြီလများအတွက်လည်း နောက်ကျဒဏ်ကြေးပေးသွင်းမှုများကို ကင်းလွတ်ခွင့်ပေးခဲ့သည်။

“၂ဝ၂ဝ ဒီဇင်ဘာလအတွက် နဲ့ ၂ဝ၂၁ ခုနှစ်ဇန်နဝါရီလတွေအတွက် သတ်မှတ်ရက်များအတိုင်းပေး သွင်းခြင်းမရှိတဲ့ မီးသုံးစွဲသူတွေကို လျှပ်စစ်ဥပဒေအရ လျှပ်စစ်မီးဖြတ်တောက်ခြင်းပြုလုပ်လျက်ရှိပါတယ်”ဟု ၎င်းကပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ အာဏာသိမ်းမှုကိုမလိုလားခြင်းကြောင့် မီတာခများကိုပေးဆောင်ခြင်းမရှိဘဲ အာဏာရှင်စနစ်ကို ဆန့်ကျင့်နေကြခြင်းဖြစ်သည်။

Related news

© 2021. All rights reserved.