ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာသစ် ၃၉၆၃၇ ဦးရှိပြီး သေဆုံးသူ ၈၇၃ ဦး ထပ်တိုး
438
ရောင်နီ ( NP News ) - ဇွန် ၇
ဘရာဇီးတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာသစ် ၃၉၆၃၇ ဦး၊ သေဆုံးသူ ၈၇၃ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၆ ရက်က ပြောသည်။ ပိုးကူးစက်လူနာ အရေအ တွက်နှင့် သေဆုံးသူအရေအတွက်သည် အဆိုပါနေ့က မှတ်တမ်းတင် ထပ်တိုးခဲ့သည့် အရေအတွက်ဖြစ်ကြောင်း သိရသည်။
ဘရာဇီးသည် ပျှမ်းမျှအားဖြင့် ၇ ရက်ကို ပိုးကူးစက်လူနာ ၁၈ဝဝ ကျော် သေဆုံးနေပြီး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် နိုင်ငံအတွင်းကိုဗစ်စတင်ချိန်မှစ၍ယနေ့ထိ အတွင်းကူးစက်လူနာ ၁၆၉၄၇ဝ၆၂ ဦး၊ သေဆုံးသူ ၄၇၃၄ဝ၄ ဦးထိ ရှိခဲ့ကြောင်းသိရသည်။ အမေရိကန်နှင့် အိန္ဒိယနိုင်ငံပြီးပါက ဘရာဇီးသည် ကမ္ဘာ့အဆိုးရွားဆုံး ဗိုင်းရပ်စ်ကူးစက်မှုအများဆုံးနှင့် သေဆုံးသူ ဒုတိယအများဆုံး နိုင်ငံဖြစ်နေကြောင်း သိရသည်။
ဇူလိုင်လတွင် ဘရာဇီး၏ ဗိုင်းရပ်စ်ကူးစက်သေဆုံးမှုပေါင်း ၅ဝဝဝဝဝ ကျော်ခန့်ရှိမည်ဟု ဝါရှင်တန် တက္ကသိုလ်က ခန့်မှန်းထားသည်။ ဒေသဆိုင်ရာခေါင်းဆောင်များက သတင်းအချက်အလက်ရောနှောခြင်းနှင့် လော့ဒေါင်းချထားခြင်းမရှိသည့် ဒေသများကြောင့် အမှန်တကယ် ကူးစက်လူနာအရေအတွက်သည် စာရင်းရှိထက်များနေနိုင်ကြောင်းပြောသည်။ နိုင်ငံတစ်ဝန်းပြည်နယ်များရှိ ဆေးရုံများ၏ အထူးကြပ်မတ်ကုသမှုကုတင်များသည် လူနာများနှင့်ပြည့်နှက်နေကြောင်း သိရသည်။
#NPNews