အမေရိကန်အစိုးရက ရှေးဟောင်းပစ္စည်း ၂၇ခုကို ကမ္ဘောဒီးယားလက်ထဲ ပြန်လည်လွှဲပြောင်းပေးအပ်

 1117

ဝတီ(NP News) - ဇွန် ၁၂

ရှေးဟောင်းပစ္စည်း ၂၇ ခုကို အမေရိကန်အစိုးရက ကမ္ဘောဒီးယားအစိုးရလက်ထဲ ပြန်လည်လွှဲပြောင်းပေး အပ်လိုက်ပြီဖြစ်ကြောင်း ဇွန် ၁၁ ရက် ရိုက်တာစ်သတင်းတွင် ဖော်ပြထားသည်။

တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းခန့်ရှိသည့် အဆိုပါ ရှေးဟောင်းပစ္စည်းများထဲတွင် အန် ကောခေတ်မှ ဗုဒ္ဗဆင်းတုတော်များနှင့် ဟိန္ဒူရုပ်တုများလည်း ပါဝင်ကြောင်းသိရသည်။ မှောင်ခိုကူးခံရကာ ရောက်ရှိလာသည့် ယင်းရှေးဟောင်းပစ္စည်းများကို ပြန်လည်ရရှိနိုင်ရန် နယူးယောက်စုံစမ်း စစ်ဆေးရေးမှူး များက နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရကြောင်းသိရသည်။

အန်ကောခေတ်နှင့် လက်ရှိခေတ်ထုံတမ်းဓလေ့များ၊ ယုံကြည်မှုတို့ကိုအကြား အရေးပါလှသည့်ဆက်စပ်မှု ကို အထက်ပါရှေးဟောင်းပစ္စည်းများက ဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ရှေးဟောင်းပစ္စည်း မှောင်ခို သမားများကြောင့် အဆိုပါဆက်စပ်မှုသည် ပျောက်ဆုံးသွားရသည်မှာ ကာလကြာရှည်လှပြီဖြစ်ကြောင်း မန် ဟက်တန်ခရိုင်မှ ရှေ့နေဖြစ်သူက ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ယင်းရှေးဟောင်းပစ္စည်းများသည် ကမ္ဘောဒီးယားဘိုးဘွားဘီဘင်များ၏ ပျောက်ဆုံးနေသည့် စိတ်ဝိဉာဉ်များ ဖြစ်ကြောင်း ကမ္ဘောဒီးယား ယဉ်ကျေးမှုဝန်ကြီးက ပြောသည်။

မန်ဟက်တန်မှ မှောင်ခိုရှေးဟောင်းပစ္စည်း များ ရှာဖွေဖော်ထုတ်ရေးအဖွဲ့နှင့် အမိမြေလုံခြုံရေးတို့မှ စုံစမ်းစစ်ဆေးရေးမှူးတို့က နှစ်ပေါင်းများစွာ စုံစမ်း စစ်ဆေးအပြီးတွင် ရှေးဟောင်းပစ္စည်းပေါင်း ၄ဝဝ နီးပါးကို နိုင်ငံပေါင်း ၁ဝ နိုင်ငံအား ပြန်လည်လွှဲပေးခဲ့ရာ ၄ဝဝနီးပါးထဲတွင် အဆိုပါကမ္ဘောဒီးယားရှေးဟောင်းပစ္စည်းများလည်း ပါဝင်နေခြင်းဖြစ်ကြောင်းသိရသည်။

#NPNews

Related news

© 2021. All rights reserved.