မလေးရှားက အင်ဒိုနီးရှားနိုင်ငံမှတရားမဝင်ရွှေ့ပြောင်းအလုပ်သမားများစွာကို အမိနိုင်ငံဆီပြန်လွှတ်မည်

 669

ရောင်နီ (NP News) - ဇွန် ၁၂
အင်ဒိုနီးရှားနိုင်ငံသည် မလေးရှားမှပြန်လွှတ်လိုက်မည့် ၎င်းတို့၏တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို လက်ခံကြိုဆိုရန် ပြင်ဆင်နေကြောင်း အစိုးရအရာရှိများက ဇွန်လ ၁၁ ရက်ကပြောသည်။ မလေးရှားနိုင်ငံသည်မ များပြားလှသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည့် တရားမဝင်ရွှေ့ ပြောင်းအလုပ်သမားများကို ၎င်းတို့၏အမိနိုင်ငံဆီ ပြန်လွှတ်သွားမည်ကြောင်းသိရသည်။

မလေးရှားသည် ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် ကိုဗစ်ကူးစက်နိုင်ခြေအများဆုံးလူပေါင်း ၇၂ဝဝကို အင်ဒိုနီးရှားသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း အင်ဒိုနီး ရှားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာညှိနှိုင်းရေးဝန်ကြီး Femmy Eka Kartika Putri က ပြောသည်။

အင်ဒိုနီးရှား၊ မြန်မာ၊ နီပေါ နှင့် ဘင်္ဂလားဒေ့ရ်ှမှ သန်းပေါင်းများစွာသော အထောက်အထားမဲ့ တရားမဝင်ရွှေ့ ပြောင်းအလုပ်သမားများသည် မလေးရှားတွင် စိုက်ခင်း၊ ဆောက်လုပ်ရေး နှင့် ကုန်ထုတ်လုပ်ရေး ကဏ္ဍများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ကြကြောင်းသိရသည်။ သို့သော် မလေးရှားနိုင်ငံသည် ကိုဗစ်ကူးစက်မှုများမြင့်မားစွာ တွေ့ရှိလာရခြင်းကြောင့် ၎င်း၏စည်းမျည်းစည်းကမ်းများကို ပိုမိုတင်းကြပ်ကာအထောက်အထားမဲ့ရွှေ့ပြောင်းအ လုပ်သမား ထောင်ပေါင်းများစွာကို ဖမ်းဆီးခြင်း၊ အမိနိုင်ငံကို ပြန်လွှတ်ခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရ သည်။

COVID-19 ဖြစ်ပွားမှုနှင့်သေဆုံးမှုသည် မလေးရှားတွင် ပြီးခဲ့သည့်လက စံချိန်တင်မြင့်တက်ခဲ့ပြီး အရှေ့တောင်အာရှတွင် တစ်ဦးချင်းစီဖြစ်ပွားမှု အများဆုံးဖြစ်နေကြောင်းသိရသည်။ ရွှေ့ပြောင်းအလုပ်သမားများကို နေရပ်ပြန်ပို့ရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးဌာနကို ညွှန်ကြားခဲ့ရာ ၎င်းတို့ကမှတ်ချက်ပြုရန် ငြင်း ဆန်ခဲ့သော်လည်း တစ်နိုင်ငံလုံး လော့ဒေါင်းကန့်သတ်ချက်အတွင်း ယင်းအစီအစဉ်ကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.