လူမှုရေးပညာတက္ကသိုလ်များ နေပြည်တော်နှင့်ရန်ကုန်တွင် ဖွင့်လှစ်မည်
518
NP News - ဇွန် ၁၄
လူမှုရေးပညာတက္ကသိုလ်များကို နေပြည်တော်(Main Campus)နှင့် ရန်ကုန် (Yangon Campus)တို့တွင် ဖွင့်လှစ်နိုင်ရန်စီစဉ်နေကြောင်း စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၄ရက်တွင်ပြောသည်။
အဆိုပါတက္ကသိုလ်များအား ၂ဝ၂၁-၂၂ ဘဏာရေးနှစ်တွင် စတင်ဆောက်လုပ်လျက်ရှိပြီး ၂ဝ၂၅ -၂ဝ၂၆ ဘဏ္ဍာ ရေးနှစ်အထိ အဆင့်လိုက်တည်ဆောက်ရန်လျာထားကြောင်း သိရသည်။ ၂ဝ၂၂ - ၂ဝ၂၃ ဘဏ္ဍာရေးနှစ်တွင် စတင်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
“တတ်ရောက်မယ့် ကျောင်းသားဦးရေကိုတော့ ဆုံးဖြတ်ထားတာမရှိသေးဘူး။ ဘွဲ့ကြိုသင်တန်းတွေအတွက် တက္ကသိုလ်ဝင်စားမေးပွဲရလဒ်ကို အခြေခံပြီးဆုံးဖြတ်မှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
ဘွဲ့လွန်သင်တန်းများအတွက် ဘွဲ့ကြိုတက်ရောက်ခဲ့သော ကျောင်းသားများအားလက်ခံရာတွင် ဘွဲ့ကြိုတန်းစာ မေးပွဲရလဒ်ပေါ်အခြေခံ၍ ဆုံးဖြတ်မည်ဖြစ်ပြီး ဘွဲ့ကြိုတက်ရောက်ခဲ့ခြင်းမရှိသောပြင်ပမှ တက်ရောက်လိုသူများကို ဘွဲ့လွန်တန်းဝင်ခွင့်စာမေးပွဲဖြင့် လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
#NPNews