ထိုင်းနယ်စပ်ကို တရားမဝင် ဖြတ်သန်းဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁၇ ဦးအဖမ်းခံရ

771
ရောင်နီ (NP News) - ဇွန် ၁၄
ထိုင်းနိုင်ငံ မဲဆောက်ခရိုင်ရှိ Moei မြစ်ကမ်းပါးမှတစ်ဆင့် ထိုင်းနိုင်ငံတွင်း တရားမဝင်ဖြတ်သန်းဝင်ရောက်လာသည့် ကလေး ၁ ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၇ ဦးကို ဇွန်လ ၁၃ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဖော်ပြချက်အရသိရသည်။
မြန်မာနယ်စပ် တာချီလိတ်၊ Ban Wang Takhian Tai အနီးရှိ Moei မြစ်ကမ်းမှကမ်းခြေကို တက်လာကြသည့် တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသားများကို ကင်းလှည့်စစ်သားများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ၎င်းတို့အားလုံးသည် ထိုင်းနိုင်ငံဘက်ခြမ်း မိုးရွာသွန်းနေသည့်အချိန်တွင် မြစ်ကိုလှေဖြင့်ဖြတ်ကာ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖမ်းဆီးရမိထားသည့် တရားမဝင် ဝင်ရောက်လာသူများထဲတွင် အမျိုးသား ၁၂ ယောက်၊ အမျိုးသမီး ၄ ယောက်နှင့် ကလေး ၁ယောက်ပါဝင်ပြီး ၎င်းတို့သည် ခရီးသွားခွင့်ပြုချက် အထောက်အထားလည်း မပါရှိကြောင်းသိရသည်။ ၎င်းတို့ကို ကနဦးကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးဖြစ်ကာ တရားစွဲရန်အတွက် မဲဆောက်လူဝင်မှုကြီး ကြပ်ရေးရုံးကို လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။
#NPNews