မလေးရှား၏ သန္တာကျောက်တန်းများတွင်ရှိသည့် တောင်ပံဖြူငါးမန်းများတွင် အရေပြားရောဂါများတွေ့ ရှိလာ

612

ရောင်နီ (NP News) - ဇွန် ၁၅
အဏ္ဏဝါဇီဝဗေဒပညာရှင်များသည် မလေးရှားနိုင်ငံရှိ သန္တာကျောက်တန်းများတွင် နေထိုင်ကျက်စားနေ သည့် တောင်ပံဖြူငါးမန်းများ၏ ဦးခေါင်းတွင်တွေ့ရှိလာရသည့် အရေပြားရောဂါကို စုံစမ်းစစ်ဆေးနေ ကြောင်းသိရသည်။
အဖြူရောင် ရေယက်တောင်များဖြင့် သန္တာကျောက်တန်းများတွင် နေ့အခါအနားယူကာညအခါမှ အခြား ငါးများနှင့် တိရိစ္ဆာန်များကို အစာရှာတတ်သည့် ငါးမန်းများသည် ရေငုပ်သမားများအကြား ရေပန်းစား လျက်ရှိကြောင်းသိရသည်။
ဧပြီလက Sabah ပြည်နယ်၊ Borneo ကျွန်းတွင် ရေအောက် ဓာတ်ပုံဆရာတစ်ဦး ရိုက်ကူးထားသည့် ဦးခေါင်းတွင် အစက်အပျောက်အနာများနှင့် ငါးမန်းတစ်ကောင်၏ ပုံတစ်ပုံသည် ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့လာခဲ့ကာ လူအများ၏ စိတ်ဝင်စားမှု ရရှိခဲ့ကြောင်း ၊ မကြာမီတွင် Sipadam ကျွန်းအနီးအနားရှိ ရေငုပ်သမားများ၊ ပြည်နယ်တက္ကသိုလ်၊ အစိုရနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များမှ ကျွမ်းကျင်သူ များအဖွဲ့သည် ယင်းဒေသရှိ ငါးမန်းအုပ်စုတိုင်းတွင် အရေပြားရောဂါများ ခံစားနေရကြောင်းစတင်တွေ့ ရှိလာကြောင်းသိရသည်။
ယင်းရောဂါဖြစ်ပွားစေနိုင်သည့် အဓိကအရာကို ရှာဖွေဖော်ထုတ်ရန် ကြိုးပမ်းရာတွင် Sipadan ကျွန်း၏ ပင်လယ်မျက်နှာပြင် အပူချိန်သည် မေလတွင် ၂၉.၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့ပြီး ၁၉၈၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအပူချိန် ဖြစ်နေခဲ့ကြောင်းသိရသည်။
“ပူနွေးတဲ့ သမုဒ္ဒရာဟာ Sipadan ရှိ မကျန်းမာတဲ့ ငါးမန်းတွေနဲ့ သေချာပေါက် ဆက်စပ်မှုရှိနိုင်တယ်” ဟု အကျိုးအမြတ်မယူသည့် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ Reef Guardian မှ အကြီးတန်းအဏ္ဏဝါ ဇီဝဗေဒပညာရှင် Davies Austin Spiji က ပြောသည်။ ယင်းနေရာသည် ငါးဖမ်းခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည့် အဏ္ဏဝါကာကွယ်စောင့်ရှောက်ရေးဧရိယာဖြစ်ပြီး အနီးအနားတွင် အခြေချနေထိုင် သူများနှင့် စက်မှုလုပ်ငန်းများလည်း မရှိကြောင်းသိရသည်။
Universiti Putra Malaysia ၏ ရေနေတိရစ္ဆာန်ဆေးကုသရေးဆိုင်ရာပါမောက္ခ Mohamed Shariff Mohamed Din က တွေရှိချက်များအရ တိုက်တိုက်ဆိုင်ဆိုင် ယင်းဒေသတွင် သန္တာကျောက်ချွတ်မှုများ လည်း ရှိနေကြောင်းပြောသည်။
ပြီးခဲ့သည့် မေလကသုတေသနအဖွဲ့သည် စမ်းသပ်မှုများအတွက် ငါးမန်းအချို့ကို ဖမ်းဆီးရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သေးကြောင်း၊ ဇူလိုင်လတွင် ထပ်မံကြိုး ပမ်းရန်စီစဉ်နေကြောင်း မလေးရှားတက္ကသိုလ် Sabie ရှိ Borneo အဏ္ဏဝါသုတေသနဌာနမှ အကြီးတန်းကထိက Mabel Manjaji-Matsumoto က ပြောသည်။
#NPNews