လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြိုပွဲကို နော်ဝေးနိုင်ငံတွင်ကျင်းပမည်

 550

NP News - ဇွန် ၁၅
ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၆ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ပွဲကို နော်ဝေးနိုင်ငံ၏ Forland မြို့တော်ရှိ Aung San Suu Kyi Park Committee က လေလှိုင်းပေါ်မှတဆင့်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပွဲအခမ်းအနားကို နော်ဝေးနိုင်ငံရှိ တာဝန်ရှိပုဂ္ဂိုလ်များမှ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့မတိုင်မီ သုံးရက်အလို ဇွန်လ ၁၆ ရက်၊ ည ၇ နာရီ မိနစ် ၃ဝ (မြန်မာစံတော်ချိန်) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဖမ်း ဆီးခံထားရသူများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို တစ်ကမ္ဘာလုံးမှ စာနာထောက်ထားမှုဖြင့် အလေးအ နက်ပြင်းထန်စွာတောင်းဆိုမှုကို ရရှိရန်ရည်ရွယ်ကာ မွေးနေ့ပွဲအကြိုပြုလုပ်ရခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါပွဲအခမ်းအနားကို Dr.SaSa ၊ မြန်မာ UN သံတမန် ဦးကျော်မိုးထွန်းစသည့် ပုဂ္ဂိုလ်များတက်ရောက်၍ အမှာစကားပြောကြားသွားမည်ဖြစ်ပြီး ဆရာမလေးချမ်းမြမြသော်ကလည်း နော်ဝေးနိုင်ငံရှိ တာဝန်ရှိဆရာတော်အရှင်ထာဝရ၏ ဖိတ်ကြားမှုဖြင့် လူငယ်များအတွက် အမှာစကားပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူအားလုံးကြည့်ရှုနိုင်စေရန် သက်ဆိုင်ရာလူမှုကွန်ရက်များမှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး မြန်မာပြည်သူများအနေဖြင့် ပွဲစဉ်အစအဆုံး ကြည့်ရှုကြရန် ဖိတ်ခေါ်ထားသည်။
#NPNews

Related news

© 2021. All rights reserved.