ထိုင်း-မြန်မာနယ်စပ်ဒေသ ဘုရားသုံးဆူစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းခွင့်ပိတ်

 629

ဂျန်ဇက် (NP News) - ဇွန် ၁၅
ထိုင်းနိုင်ငံအစိုးရက ထိုင်း-မြန်မာနယ်စပ်ဒေသ ဘုရားသုံးဆူနယ်စပ်ဒေသဖြတ်သန်းသွားလာခွင့်ကို ဇွန်လ ၁၄ ရက်မှစတင်ပြီး ဇွန်လ ၂၇ရက်အထိ သီတင်းပတ်နှစ်ပတ်ကြာပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းဖော်ပြချက်အရသိရသည်။

ထိုင်း-မြန်မာနယ်စပ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမြင့်တက်လာခဲ့ပြီးနောက် ထိုင်းအစိုးရက ဘုရားသုံးဆူနယ်စပ်ဒေသကို ဖြတ်သန်းခွင့်ပိတ်ထားရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆမ်ခလာဘူရီဒေသ အုပ်ချုပ်ရေးမှူး jirakiat Phumsawad က ပြောသည်။

အဆိုပါဒေသတွင်ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်မှ ဇွန်လ ၁၂ ရက်အထိ ကိုဗစ်ကူးစက်ခံရသူ အသစ်သုံးဦး ထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။ နယ်စပ်ဖြတ်သန်းခွင့်ကို ယာယီပိတ်ထားသော်လည်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရသည် နိုင်ငံအတွင်းကိုဗစ်ကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်နိုင်ရန် ထိုင်းနိုင်ငံဘက်ခြမ်းကို ဖြတ်သန်းသွား လာမှုများကို တင်းကြပ်ထားသော်လည်း ပြီးခဲ့သည့်လက ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သူအများအပြားရှိခဲ့ကြောင်းသိရသည်။

#NPNews

Related news

© 2021. All rights reserved.