Novavax ကိုဗစ်ကာကွယ်ဆေးက Covid – 19 ကို ၉ဝ ရာခိုင်နှုန်းကျော်ထိ ကာကွယ်ပေးနိုင်ဟုဆို

 427

ရောင်နီ (NP News) - ဇွန် ၁၅
အမေရိကန်အခြေစိုက် လက်တွေ့စမ်းသပ်မှုမှ ဇွန်လ ၁၄ ရက်က ထွက်ရှိလာသည့် နောက်ဆုံးပေါ်အချက်အလက်များအရ Novavax ကိုဗစ်ကာကွယ်ဆေးသည် အခြားကာကွယ်ဆေးများထက်ကျော် လွန်ပြီး Covid – 19 ကို ၉ဝ ရာခိုင်နှုန်းကျော်ကာကွယ်နိုင်စွမ်းရှိကြောင်း သိရသည်။

အမေရိကန်နှင့်မက္ကဆီကိုရှိ စေတနာ့ဝန်ထမ်း ၃ဝဝဝ နီးပါးကို လေ့လာခဲ့ရာတွင် Novavax ကာကွယ်ဆေးသည် အမေရိကန်နှင့် အခြားနေရာများ၏ အရေးပေါ်အခွင့်အလမ်းများအတွက် လမ်းကြောင်းမှန် ပေါ်ကိုရောက်ရှိစေခဲ့ကြောင်း ကုမ္ပဏီကပြောသည်။

Protein-based ကာကွယ်ဆေးများသည် ပုံမှန်အားဖြင့် ကိုယ်ခံအားတုံ့ပြန်မှုကို လှုံ့ဆော်ရန်အတွက် သန့်စင်ထားသည့် ဗိုင်းရပ်စ်ပိုးကို အသုံးချထားကြောင်း၊ စမ်းသပ်ကာလအတွင်း ဗြိတိန်မှပထမဆုံး တွေ့ရှိခဲ့သည့် B117 မူကွဲသည် အမေရိကန်တွင် အတွေ့အများဆုံးဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။

ကာကွယ်ဆေးသည် ကူးစက်မှုအန္တရာယ်မြင့်မားသည့် စေတနာ့ဝန်ထမ်းများအကြား ၉၁ ရာခိုင်နှုန်း ထိရောက်မှုရှိပြီး အလယ်အလတ်အန္တရာယ်ရှိသူများနှင့် ပြင်းထန်သည့် ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေများကို ၁ဝဝ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်ကြောင်းသိရသည်။ Novavax ၏ Side effects များသည် ခေါင်းကိုက်ခြင်း၊ အလွန်မောပန်းခြင်း၊ ကြွက်သားများ နာကျင်ခြင်းစသည့် အားပျော့သော effect များ ဖြစ်ပြီး ၂ဝ၂၁ ခုနှစ်၊ တတိယသုံးလပတ်အ ကုန်တွင် တစ်လလျှင် ဆေးမာဏသန်း ၁ဝဝ ထုတ်လုပ်ရန် နှင့် ၂ဝ၂၁ ခုနှစ်၏ စတုတ္ထသုံးလပတ်တွင် တစ်လလျှင် ဆေးမာဏသန်း ၁၅ဝ ထုတ်လုပ်ရန် စီစဉ်ထားကြောင်းသိရသည်။

#NPNews

Related news

© 2021. All rights reserved.