ကရင်လက်နက်ကိုင်များအကြား ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သတ်ပြီး ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့

 765

(NPNews) ဇွန် ၁၅

ကရင်လက်နက်ကိုင်များအကြား ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုများ ချုပ်ငြိမ်းပပျောက် စေရေးဆိုင်ရာ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီက ကမကထပြု၍ ယနေ့ (ဇွန်လ ၁၄) ရက် နံနက်ပိုင်းမှ စတင်ကာ ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ ဘားအံခရိုင်တွင် ပြုလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ကရင်နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့်ကိုယ်စားလှယ်များ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဒုတိယစစ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ကရင်ငြိမ်းချမ်းရေးကောင်စီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဥက္ကဌကြီးဖြစ်သည့် ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုးနှင့် ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းတို့လည်း တက်ရောက်ခဲ့သည်။

ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အကြား လတ်တလောဖြစ်နေတဲ့ ပဋိပက္ခဖြစ်စဉ်များသည် ကရင်အမျိုးသားများအတွက် ဆိုးကျိုးများကိုသာ ဆက်လက်ဦးတည်စေသောသည့်အတွက် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်သည်ဟု ကရင်လက်နက်ကိုင်များ ညီညွတ်ရေးကော်မတီ၏ အတွင်းရေးမှူးဖြစ်သော ပဒိုစောအောင်မော်ဧ ကပြောဆိုခဲ့သည် ဟုလည်း သတင်းရရှိသည်။

ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ

Related news

© 2021. All rights reserved.